လုပ်ဇာတ်မဟုတ်ဘဲတစ်ကယ်ရှိတဲ့ ထူးထူးခြားခြား အဖြစ်အပျက်များ

ရွှေခေတ်ပရိသတ်တွေကို ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ နာမည်ကျော်ကြားလှတဲ့ ကမ်ဘာပေါ်ကနေရာလေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒါတွေက လုပ်ဇာတ်မဟုတ်ဘဲ တစ်ကယ့်ဖြစ်ရပ်မှန်တွေလဲ ဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

(၁) Arizona Lost Dutchmans Gold Mine

(၁၈၀၀) ခုနှစ်တွေလောက်တုန်းက တစ်ကယ်ရှိခဲ့ပြီး အခုအချိန်မှာတော့ ပျောက်ဆုံးသွားပြီလို့ ယူဆထားတဲ့ Jacob Waltz ရွှေမိုင်းတွင်းကြီးကို ရှာဖို့ လာရောက်ကြတဲ့လူတော်တော်များများဟာ သေဆုံးခြင်းကိုပဲ ရရှိခဲ့ကြပါတယ်။ အဲဒီ့လိုသွားရှာကြတဲ့လူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့လိုက်ရချိန်မှာတော့ သူတို့ဟာ ဦးခေါင်းတွေမရှိတော့ပါဘူး။ ဘယ်လိုအရာမျိုးက သူတို့ကိုတိုက်ခိုက်သွားတာလဲ။ အဲဒီ့မိုင်းတွင်းဆိုတာကကော တစ်ကယ်ရှိရဲ့လားဆိုတာကတော့ ယနေ့အထိ ဖြေရှင်းရခက်တဲ့ ပုစ္ဆာ တစ်ခုဖြစ်နေပါသေးတယ်။ shwekhitonlinetv.com

(၂) California Alien Blood Poisons Entire Hospital

၁၉၈၄ ခုနှစ်တုန်းက မီဒီယာတွေအကြားမှာ အတော်လေးကိုရေပန်းစားသွားခဲ့တဲ့ ဂြိုဟ်သားအကြောင်းအရာ တစ်ခုရှိခဲ့ပါတယ်။ ဖြစ်စဉ်က ဆေးရုံတစ်ခုရဲ့အရေးပေါ်အခန်းထဲက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း အယောက်နှစ်ဆယ်ကျော်ဟာ Gloria Ramirez ဆိုတဲ့အမျိုးသမီးကို ကယ်ဆယ်ဖို့လုပ်ရင်းကနေ သတိမေ့လဲကျခဲ့ကြပါတယ်။ သူ့ရဲ့သွေးတွေကို ဖောက်ယူလိုက်တဲ့အချိန်မှာ ထူးဆန်းတဲ့အနံ့တစ်မျိုးက လေထဲပြန့်လွင့်လာခဲ့ပါတယ်။ ရုတ်တရက်ပဲ အရေးပေါ်အခန်းထဲက ကျန်းမာရေးဝန်ထမ်းတွေဟာ သတိမေ့တဲ့သူကမေ့၊ ခြေလက်တွေတုန်တဲ့သူကတုန်လာကြပါတော့တယ်။ ဆရာဝန်တွေကတော့ ဟိုအမျိုးသမီးကိုကယ်တင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပေမယ့် မိနစ်လေးဆယ်အကြာမှာတော့ သေဆုံးသွားခဲ့ပါတယ်။ အချို့ကတော့ အဲဒီ့ Ramirez ဆိုတဲ့အမျိုးသမီးက လူသားမဟုတ်ကြောင်း ကောက်ချက်ချကြပါတယ်။ သို့သော်လည်း အဲဒီ့ Riverside General Hospital မြာ 1984 ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဒီထူးခြားဆန်းကျယ်တဲ့ဖြစ်ရပ်ကို အစိုးရဘကေ္ကတာ့ ဘယ်လိုတရားဝင်ထုတ်ပြန်ချက်မှ မထုတ်ပြန်ခဲ့ပါဘူး။ shwekhitonlinetv.com

(၃) Georgia Baby Bridge

ဆင်းရဲတဲ့မိသားစုတစ်ခုမှာ နောက်ထပ်ငါးယောက်မြောက်ကလေး မွေးဖွားလာခါနီးအချိန်ကနေ ဒီဇာတ်လမ်းက စတင်ခဲ့ပါတယ်။ လင်ယောက်ျားဖြစ်သူက သူ့မှာလည်း ငွေကြေးလုံလုံလောက်လောက်မရှိတာကြောင့် ဒီကလေးကိုပြုစုစောင့်ရှောက်ဖို့ မလွယ်ကူပါဘူးဆိုပြီးတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးမွေးဖွားပြီးချိန်မှာ သူ့မိန်းမမသိအောင် ကလေးကိုယူသွားပြီး သတ်ပစ်ဖို့ ကြံစည်ခဲ့ပါတယ်။ အဲဒီ့လိုနဲ့ မွေးကင်းစကလေးလေးကို ဆရာဝန္က သူသဘောတူထားတဲ့အတိုင်း အနီးအနားက တံတားတစ္ခုဆီကို ယူသွားခဲ့ပြီး ချောင်းထဲပစ်ချခဲ့ပါတယ်။ အခုအချိန်ထိ လပြည့်ညတွေမှာ အဲဒီ့တံတားကို ကားနဲ့သွားပြီး ကားဘေးနားမှာ ကလေးပေါင်ဒါလေးတွေ ဖြူးထားပေးမယ်ဆိုရင်တော့ ကလေးခြေရာလေးတွေကို တွေ့ရမှာဖြစ်ပြီး ကလေးငိုသံသဲ့သဲ့လေးကိုလည်း ကြားရနိုင်မှာဖြစ်ကြောင်း သတင်းတွေရှိပါတယ်။ တစ်ကယ့်ကိုဝမ်းနည်းစရာပါပဲ။ shwekhitonlinetv.com

(၄) Louisiana Ellerbe Road Demon School

ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးကြီးဖြစ်တဲ့ Ellerbe Road School တစ်ချိန်တုန်းကတော့ ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးဝါးလွန်းတဲ့အရာတွေ အမြောက်အမြားရှိခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။

သူ့နဲ့ပတ်သတ်ပြီးကျော်ကြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကတော့ ပျောက်ဆုံးသွားတဲ့ ကလေးသူငယ်တွေနဲ့ သူတို့ကိုဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကျောင်းစောင့်ကြီး အကြောင်း ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ 1972 ခုနှစ်မှာ ကျောင်းကိုပိတ်လိုက်တာတောင်မှ ကောလဟာလတွေကမပျောက်သွားတဲ့အပြင် စေတန်(နတ္ဆိုး) ကိုးကွယ်သူတွေက မကောင်းဆိုးဝါးအစီအရင်တွေကို အဲဒီ့ကျောင်းပျက်ကြီးမှာလုပ်နေကြတယ်လို့ သတင်းတွေထွက်ပေါ်လာပါသေးတယ်။ ဒေသခံ သမိုင်းပညာရှင်ကတော့ ဒါဟာ ကောလဟာလမဟုတ်ဘဲ တစ်ကယ်လို့ဆိုပြီးတော့ အဲဒီ့ကျောင်းပျက်ထဲမှာ ယဇ်ကောင်အနေနဲ့ သတ်ဖြတ်ခံထားရတဲ့ ဝက်ဝံ တစ်ကောင်ကို တွေ့ခဲ့ပါတယ်ဟု ဆိုပါတယ်။ အခုလက်ရှိမှာတော့ အဲဒီ့အဆောက်အဦးကို ဖျက်သိမ်းမယ့်စာရင်းထဲ ထည့်ထားတယ်လို့သိပါတယ်။ shwekhitonlinetv.com

(၅) Florida The Devils Chair

ဒေသခံတွေရဲ့ ပုံပြင်တွေအရတော့ Cassadaga မြို့လေးမှာရှိတဲ့ သင်္ချိုင်းကို သွားရောက်လေ့လာကြည့်မယ်ဆိုရင်တော့ စေတန်ကိုယ်တိုင် လာရောက်ထိုင်တတ်တယ်လို့ နာမည်ကြီးတဲ့ ကုလားထိုင်ပုံစံ အုတ်ခုံကြီးကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအေရတာ့ ဘီယာပုလင်းကိုဖွင့်ထားပြီး အဲဒီ့ခုံပေါ်တင်ပေးထားမယ်ဆိုရင်တော့ မနက်မိုးလင်းလာတဲ့အချိန်ကျရင် အဲဒီ့ဘီယာပုလင်းက ဟောင်းလောင်းဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်တယိလု့ိသိရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးတဲ့ အကြောင်းအရာလေးကို ဖတ်ရှုပြီး အားလုံးလည်းကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်မိပါတယ်။ နောက်ထပ်လည်း ဒီလိုစိတ်ဝင်စားဖို့ကောင်းမယ့် အကြောင်းအရာလေးတွေကို တင်ဆက်ပေးသွားဦးမှာမို့လို့ ဆက်လက်စောင့်စား အားပေးကြပါဦးနော် .. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မြ ရေးသားတင်ဆက်ပါသည်။