ကမ္ဘာကြီးပေါ်မှာ ရှားပါးပြီး တွေ့ရခဲလှတဲ့ အနက်ရောင် မျိုးစိတ် သတ္တဝါများ

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ပုံမှန်မျိုးစိတ်တူ သတ္တဝါတွေထဲမှာမှ ထူးထူးဆန်းဆန်း အနက်ရောင်ပိုင်ဆိုင်ထားတဲ့ အကောင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလို အနက်ရောင်သတ္တဝါတွေဟာ ပုံမှန်ကနေခွဲထွက်လာပြီး အလွန်ရှားပါးတာကြောင့် ဗဟုသုတရစေရန် ဖတ်ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com

၁။ အနက်ရောင်ကျားသစ်

တစ်ကယ်လို့ သင်ဟာ ရှားရှားပါးပါးအမဲရောင် သတ္တဝါတွေကို စိတ်ဝင်စားတယ်ဆိုရင် အနက်ရောင် ကျားသစ်က တစ်ကယ့်ကို စိတ်ဝင်စားစရာပါ ။ အနက်ရောင် ကျားသစ်တွေတွေဟာဆိုရင် ကမ္ဘာပေါ်က တိုက်ကြီးတွေ မှာ ရှင်သန်ကျက်စားကြပြီး မျိုးစိတ်တွေကလည်း ကွဲပြားကြပါသေးတယ်။ ဥပမာ ပြောရမယ်ဆိုရင်တော့ အာရှတိုက်မှာ သစ်နက်( Panther ) ၊ အာဖရိကတိုက်မှာဆိုရင် ကျားသစ် ( Leopard ) နဲ့ အမေရိကတိုက်မှာဆိုရင် ဂျာဂွာ ကျားသစ် ( Jaguar ) ဆိုပြီးတော့ ရှိကြပါတယ်။ shwekhitonlinetv.com

၂။ အနက်ရောင် ဒရယ်

ပုံမှန် ဒရယ်တွေကို ကြည့်လိုက်မယ်ဆိုရင် အညိုရင့်ရောင် ( ဒါမှမဟုတ် ) အညိုနုရောင်ပ ရှိတယ်လို့ ထင်ကြမှာပါ။ တစ်ကယ်တမ်းမှာတော့ ဒရယ်မျိုးစိတ်တွေထဲမှာလည်း အနက်ရောင် ဒရယ်ဆိုတာ ရှိပါသေးတယ် ။ ထူးခြားချက်တစ်ခုက ဒီဒရယ်တွေဟာ တစ်ကိုယ်လုံး အမဲရောင် ရှိပေမယ့် အမြီးရဲ့ ထိပ်ဖျားမှာတော့ အဖြူရောင်လေး ဖြစ်နေပါတယ်။ shwekhitonlinetv.com

၃။ အနက်ရောင် မြွေ

မြွေတွေရဲ့ မျိုးစိတ်ကို လေ့လာကြည့်မယ်ဆိုရင် မျိုးကွဲ အများကြီးရှိတာကို တွေ့ရမှာ ဖြစ်ပြီး ဒီအထဲမှာ အနက်ရောင် မြွေ မျိုးစိတ်ဟာဆိုရင် ရှားပါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအနက်ရောင် မြွေတွေဟာဆိုရင် လက်တင်အမေရိက မြွေအမျိုးစားထဲမှာ ပါဝင်ပြီး အဆိပ်မပြင်းတဲ့ မြွေမျိုးစိတ်ပဲ ဖြစ်ပါတယ်။ လူတွေ အတွက် အန္တရာယ်မရှိနိုင်ပေမယ့်လည်း သူ့ကို ရန်မူမယ်ဆိုရင်တော့ သားကောင်ကို ဒေါသတကြီး လိုက်ကိုက်တတ်ပါတယ်။ shwekhitonlinetv.com

၄။ အနက်ရောင် ပင်ဂွင်း

အခုမြင်နေရတဲ့ အနက်ရောင် ပင်ဂွင်းငှက်လေးကတော့ ၂၀၁၀ ခုနှစ်တုန်းက ဂျော်ဂျီယာတောင်ပိုင်းက အန္တာတိက ကျွန်းဆွယ်မှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပုံကိုတော့ National Geographic Channel က မှတ်တမ်းတင် ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အနက်ရောင် အိမ်မြှောင်

ရုတ်တရက် ကြည့်လိုက်ရင် အရုပ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းကတော့ အနက်ရောင် အိမ်မြှောင် မျိုးစိတ်တွေပဲ ဖြစ်ပါတယ်။ ဒီအနက်ရောင် အိမ်မြှောင် မျိုးစိတ်တွေဟာဆိုရင် သာမန် အိမ်မြှောင်တစ်ကောင်ရဲ့ အရွယ်အစားလောက်သာ ရှိပြီး သူတို့ရဲ့ ခန္တာကိုယ် အရောင်ဟာ နေရောင်ခြည်ရဲ့ အပူပမာဏကို လုံလုံလောက် စုပ်ယူနိုင်ဖို့အတွက် အကူအညီ ဖြစ်စေပါတယ်။ shwekhitonlinetv.com

၆။ အနက်ရောင် ခြင်္သေ့

ဒါကိုတော့ လူအတော်များများက အထင်မှားပြီး သိနေကြတာပါ။ တစ်ကယ်ကတော့ အနက်ရောင် ခြင်္သေ့ဆိုတာ မရှိပါဘူး ။ Online မှာ များသောအားဖြင့် တွေ့နေရတဲ့ အနက်ရောင် ခြင်္သေ့တွေဟာဆိုရင် Photoshop နဲ့ အရောင်ပြောင်းပြီး ပြုပြင်ဖန်တီးထားကြတာတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်မှာ အလွန်တွေ့ရခဲပြီး ရှားပါးလှတဲ့ အနက်ရောင် မျိုးစိတ် သတ္တဝါတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတရစရာ အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာ မို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။