ဆောက်လုပ်ရေး သမိုင်းမှာ အသက်အန္တရာယ် အများဆုံး ဖြစ်ခဲ့ရတဲ့ Project များ

ပရိသတ်ကြီးကို အခုတစ်ခါမှာတော့ ဗဟုသုတရစရာ အကြောင်းအရာလေးတစ်ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ဆောက်လုပ်ရေး သမိုင်းမှာ အသက်အန္တရာယ်အများဆုံးဖြစ်ခဲ့ရတဲ့ Project တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗဟုသုတရစေရန် အလို့ငှာ တစ်ခုချင်းစီကို ဖတ်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ မြန်မာ – ထိုင်း မီးရထားလမ်း ( ၁၉၄၂ – ၁၉၄၃ ခုနှစ် )

ပထမဦးဆုံး ဖော်ပြပေးချင်တာကတော့ သေမင်းတမန် မီးရထားလမ်းလို့ လူသိများကြတဲ့ မြန်မာ – ထိုင်း မီးရထား လမ်းပဲ ဖြစ်ပါတယ် ။ ဒီ မီးရထားလမ်းကို ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျပန် စစ်တပ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး လက်နက်နဲ့ ရိက္ခာတွေကို မြန်မာနိုင်ငံက တပ်ဖွဲ့တွေဆီ ထောက်ပံ့ဖို့အတွက် တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ထို မီးရထားလမ်းတည်ဆောက်မှုမှာ ပါဝင်ခဲ့တဲ့ ပြည်သူပေါင်း ၉သောင်းနဲ့ စစ်သုံ့ပန်း မဟာမိတ် တပ်သား အယောက် ၁၂၄၀၀ ကျော် သေဆုံးခဲ့ပါတယ် ။ shwekhitonlinetv.com

၂။ ပနားမား တူးမြောင်း ( ၁၈၈၀ – ၁၉၁၄ ခုနှစ် )

နှစ်ပေါင်းများစွာ ကြာအောင် တည်ဆောက်ခဲ့ရတဲ့ ပနားမား တူးမြောင်းဟာဆိုရင် ယနေ့အချိန်အထိ ရေကြောင်း ကုန်သယ်ယူ ပို့ဆောင်ရေး နေရာမှာ အချက်ချာ ကျလျက် ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီ တူးမြောင်းကို တည်ဆောက်ခဲ့စဉ်တုန်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် လုပ်သားပေါင်း ( ၂၇၅၀၀ ) ကျော် သေဆုံးခဲ့ပါတယ် ။ shwekhitonlinetv.com

၃။ ဘောလ်တစ် ပင်လယ် တူးမြောင်း ( ၁၉၃၁ – ၁၉၃၃ ခုနှစ် )

ဘောလ်တစ် ပင်လယ် တူးမြောင်း ဟာဆိုရင် ( ၂၂၇ ) ကီလိုမီတာ အရှည် ရှိပြီး ပင်လယ်ဖြူနဲ့ ရုရှားနိုင်ငံကြား တည်ဆောက်ထားတဲ့ တူးမြောင်းပဲ ဖြစ်ပါတယ်။ ဒီတူးမြောင်းကို တည်ဆောက်ခဲ့စဉ် အချိန်တုန်းကလည်း ပုလိပ်ရောဂါဒဏ် ၊ အာဟာရချို့တဲ့မှုတွေ အပြင် နှိပ်စက်ညှင်းပန်း ခံရမှုတွေကြောင့် လုပ်သားပေါင်း ( ၁၂၀၀၀ ကနေ ၂၅၀၀၀ ) အထိ သေဆုံးခဲ့ရပါတယ် ။ shwekhitonlinetv.com

၄။ အမေရိကန် နိုင်ငံရဲ့ တိုက်ကြီးတွေကို ဖြတ်ကျော်တဲ့ မီးရထားလမ်း ( ၁၈၆၀ ခုနှစ် )

ဒီ မီးရထားလမ်းကို စတင်တည်ဆောက်ခဲ့စဉ်တုန်းက ၁၈၆၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ကျွန်လုပ်သားတွေကို ခိုင်းစေခဲ့တာပဲ ဖြစ်ပါတယ်။ အခု project မှာဆိုရင် တရားဝင်ဖော်ပြချက်အရ လုပ်သားပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြောကြပေမယ့်လည်း နောက်ကွယ် တစ်ကယ့် အဖြစ်မှန်မှာတော့ ဒီထက်ပိုများတယ်လို့ ပြောကြပါတယ်။ shwekhitonlinetv.com

၅။ Hawks Nest ဥမင်လှိုဏ်ခေါင်း ( ၁၉၂၇ ခုနှစ် )

အမေရိကန်နိုင်ငံ ဗာဂျီးနီးယား အနောက်ပိုင်း ပြည်နယ်မှာ တည်ဆောက်ခဲ့တဲ့ ဒီ Project ဟာလည်း ဆောက်လုပ်ရေး အလုပ်သမားပေါင်း ( ၅၀၀ ကနေ ၁၀၀၀ ကျော် အထိ ) သေဆုံး ခဲ့ရပါတယ် ။ အကြောင်းကတော့ မိုင်းတွင်းလုပ်ငန်းခွင် တစ်ခုဖြစ်တာကြောင့် ဆီလီကာ ဒြပ်ပေါင်း အမှုန်ကို ရူရှိုက်မိပြီး အဆုတ်ထိခိုက်ကာ သေဆုံးခဲ့ကြရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ Karakoram အဝေးပြေးလမ်း ( ၁၉၅၉ – ၁၉၇၈ ခုနှစ် )

Karakoram အဝေးပြေးလမ်း ဟာဆိုရင် ပါကစ္စတန်နိုင်ငံ အစ္စလာမ်ဘတ် မြို့ကနေ တရုတ်နိုင်ငံ Kashgar မြို့ကို ဆယ်သွယ်တည်ဆောက်ထားတဲ့ အဝေးပြေးလမ်းပဲ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အရှည်ဆုံး အဝေးပြေးလမ်း ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း မြေပြိုတာတွေ နဲ့ တစ်ခြား သော လုပ်ငန်းခွင် မတော်တဆမှုတွေ ကြောင့် လုပ်သား ၉၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ Aswan ရေကာတာ

Aswan ရေကာတာဆိုတာ အီဂျစ်နိုငံမှာ တည်ရှိပြီး နိုင်းမြစ်နေရာမှာ ဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ရေကာတာ ရဲ့ အရှည်ဟာ ( ၃၈၃၀ မီတာ ) ရှိပြီး အကျယ်ကတော့ ၃၅ ကီလိုမီတာ ကျယ်ပါတယ်။ ဒီ Project ကို တည်ဆောက်တုန်းက ဆောက်လုပ်ရေး အလုပ်သမား ၅၀၀ ကျော် သေဆုံးခဲ့ပြီး ဘူမိဗေဒ ပညာရှင် တစ်ချို့ ပျောက်ဆုံး ခဲ့ရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ဆောက်လုပ်ရေးသမိုင်းမှာ အသက်အန္တရာယ် အများဆုံး ဖြစ်ခဲ့တဲ့ Project တွေ အကြောင်းကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေ မှာလည်း အခုလို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှု ပေးပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။