Thanos ထက်များစွာရှေးကြပြီး စကြဝဠာထဲမှာရှိနေခဲ့တဲ့ Marvel ရဲ့ဇာတ်ကောင်များ

Marvel ရဲ့ဇာတ်ကောင်တွေထဲက စူပါဗီလိန်တစ်ကောင်ဖြစ်တဲ့ သာနို့စ် (Thanos) ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ သူက တိုက်တန်မျိုးနွယ်ကဆင်းသက်လာတာဖြစ်ပြီး Avengers တွေရင်ဆိုင်ဖူးသမျှထဲမှာ စွမ်းအားအကြီးဆုံးဖြစ်ပါတယ်။ shwekhitonlinetv.com

သာနို့စ့်ရဲ့ သက်တမ်းကနှစ် (၂,၀၀၀) ကျော်ရှိပြီ ဖြစ်ပြီး ဒါဟာသာမန်လူသားတွေအတွက်ဆိုရင်တော့ အလွန်များတဲ့ ပမာဏလို့ဆိုနိုင်ပေမယ့် MCU (Marvel Cinematic Universe) ရဲ့ဇာတ်ကောင်တွေထဲမှာတော့ သူ့ထက်သက်များစွာကြီးတဲ့သူတွေရှိနေပါသေးတယ်။ ဒါဆိုရင် MCU ရဲ့အသက်အကြီးဆုံနဲ့ရှေးအကျဆုံးဇာတ်ကောင်တွေက ဘယ်သူတွေဖြစ်မလဲ ? ကြည့်လိုက်ရအောင် ….. shwekhitonlinetv.com

၁၀။ Thor – (၁,၅၀၀) နှစ်

မိုးကြိုးနတ်ဘုရား Thor ကတော့ ဒီစာရင်းမှာပါဝင်တဲ့တစ်ဦးတည်းသော Avenger အဖွဲ့ဝင်ဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းက နှစ် (၁,၅၀၀) ရှိပြီဖြစ်ပြီး သူ့ရဲ့ညီဖြစ်သူ Loki ကတော့ (၁,၀၅၃) နှစ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Thanos – နှစ် (၂,၀၀၀) ကျော်

Thanos ကတော့ DC ရဲ့စူပါဗီလိန်ဇာတ်ကောင်ဖြစ်တဲ့ Darkseid နဲ့ အပြိုင်ဖြစ်အောင် Marvel ကဖန်တီးခဲ့တဲ့ စူပါဗီလိန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့သက်တမ်းကတော့ အတော်လေးကိုကွာခြားပါတယ်။ Thanos ရဲ့သက်တမ်းက နှစ် (၂,၀၀၀) ဝန်းကျင်သာသာပဲရှိပြီး Darkseid ကတော့ နှစ်ပေါင်း (၄.၈) ဘီလီယံရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Hela – နှစ် (၆,၀၀၀) ကျော်

Hela ကတော့ Thor နဲ့ Loki တို့ရဲ့ အစ်မကြီးဖြစ်ပြီး Thor: Ragnarok ဇာတ်ကားမှာ အဓိကဗီလိန်တစ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့အသက်ကတော့ နှစ်ပေါင်း (၆,၀၀၀) ကျော်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Surtur – နှစ် (၅၀၀,၀၀၀) ကျော်

Surtur ကတော့ Muspelheim က နတ်ဆိုးကြီးဖြစ်ပြီး သူ့ရဲ့သက်တမ်းကတော့ နှစ်ပေါင်း (၅၀၀,၀၀၀) ကျော်ပြီဖြစ်ပါတယ်။ သူက အရာအားလုံးကိုလောင်ကျွမ်းပစ်နိုင်စွမ်းရှိလို့ ဒဏ္ဍာရီ တွေမှာတော့ အလွန်အန္တရာယ်များတဲ့သူအဖြစ် ဖော်ပြထားပါတယ်။ shwekhitonlinetv.com

၆။ Odin – နှစ် (၇၀၀,၀၀၀) ကျော်

Thor , Loki တို့ရဲ့အဖေ ဖြစ်တဲ့ Odin ကတော့ Asgard မှာအသက်အကြီးဆုံးသူဖြစ်ပါတယ်။ သူ့ရဲ့အသက်က နှစ်ပေါင်း (၇၀၀,၀၀၀) ကျော်ပြီဖြစ်ပြီး လူသားတစ်ဦးအနေနဲ့ဆိုရင်တော့ Odin ကိုအသက် (၈၀) အရွယ် လူတစ်ယောက်အဖြစ်ဖော်ပြကြပါတယ်။ shwekhitonlinetv.com

၅။ Malekith – နှစ် (၇၀၀,၀၀၀) ကျော်

Malekit ကတော့ Norse Comology တွေအရဆိုရင် Svartálfar က Dark Elf တစ်ကောင်ဖြစ်ပါတယ်။ သူ့အနေနဲ့ Dark Elves တွေကိုခေါင်းဆောင်လာတာဟာ နှစ်ပေါင်း (၁၀၀) ကျော်ပြီဖြစ်ပြီး သူ့ရဲ့အသက်ကတော့ နှစ် (၇၀၀,၀၀၀) ကျော်ဖြစ်ပါတယ်။ Thor: Dark World မှာသူ့ကိုမြင်တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၄။ Ego – နှစ် (၁,၀၀၀,၀၀၀)

Ego ကိုတော့ စကြဝဠာကြီးအဖြစ် အလွယ်ရှုမြင်နိုင်ပြီး ထူးခြားတဲ့သဘာဝလွန် စွမ်းအားတွေရှိနေသလို လူသားအသွင်ဖန်တီးလို့ရတဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ သက်တမ်းက နှစ် (၁,၀၀၀,၀၀၀) ရှိပြီဖြစ်ပြီး Guardians of the Galaxy II ဇာတ်ကားမှာတွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com

၃။ Eson the Searcher – နှစ် (၈၀,၀၀၀,၀၀၀)

Eson the Searcher ကတော့ စကြဝဠာဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေကို ထိန်းချုပ်နိုင်တဲ့ Space God လို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဖြစ်ပါတယ်။ သူ့ရဲ့ အသက်ကတော့ နှစ် (၈၀,၀၀၀,၀၀၀) ရှိပြီပဲဖြစ်ပါတယ်။ သူ့ပုံပန်းသဏ္ဍာန်ကိုတော့ MCU ရဲ့ Eternals ဇာတ်ကားမှာမြင်တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၂။ Collector – နှစ် (၁,၃၇၇,၀၀၀,၀၀၀)

MCU ရဲ့အစောဆုံးဖန်တီးခဲ့တဲ့ဇာတ်ကောင်တွေထဲမှာ Collector လည်းပါဝင်ပါတယ်။ Collector ဟာ စကြဝဠာထဲမှာ ရှေးအကျဆုံးလို့ဆိုနိုင်တဲ့ Elders of the Universe ကဖြစ်ပါတယ်။ သူက စကြဝဠာကြီးထဲက အရာတွေကိုစုဆောင်းရတာကို နှစ်ခြိုက်သူဖြစ်ပြီး သက်တမ်းကတော့ (၁,၃၇၇,၀၀၀,၀၀၀) ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Grandmaster – နှစ် (၁,၃၇၇,၀၀၀,၀၀၀)

Grandmaster ကလည်း Collector လိုပဲမဟာပေါက်ကွဲမှုကြီး (Big Bang) ဖြစ်ပေါ်ပြီးနောက် ပေါ်ပေါက်လာတဲ့ Elders of the Universe ကဖြစ်ပါတယ်။ သူ့ရဲ့ ဝါသနာကတော့ စကြဝဠာထဲက သူရဲကောင်းတွေ ယှဉ်ပြိုင်ကြတာကိုကြည့်ရှုတာဖြစ်ပါတယ်။ အသက်ကတော့ Collector နဲ့ အတူတူပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။