လူသူအရောက်အပေါက်နည်းလှတဲ့ အန္တာတိကတိုက်ရဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ

ကမ္ဘာပေါ်မှာရှိတဲ့တိုက်ကြီး (၇) တိုက်ထဲမှာတော့ အန္တာတိကတိုက်ဟာ အထူးခြားဆုံးလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ကြီးဟာအမြဲတမ်းရေခဲတွေနဲ့ဖုံးလွှမ်းနေတဲ့ ကန္တာရကြီးဖြစ်သလို အခြားတိုက်ကြီး (၆) တိုက်လိုမျိုး လူဦးရေတွေအများကြီးနေထိုင်တဲ့ နိုင်ငံတွေလည်းမရှိလို့ဖြစ်ပါတယ်။ ဒီလိုမျိုးလူသူအရောက်အပေါက်နည်းလှတဲ့ အန္တာတိကတိုက်ကြီးရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကို လေ့လာကြည့်ရာမှာတော့ ….. shwekhitonlinetv.com

၁။ အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်မှာရှိတဲ့တိုက်ကြီး (၇) တိုက်အနက် (၅) ခုမြောက်အကြီးဆုံးတိုက်ဖြစ်ပါတယ်။ အန္တာတိကတိုက်ကို ပထမဆုံးမြင်ဖူးခဲ့တာကတော့ ၁၈၂၀ ခုနှစ်ကဖြစ်တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပြီး တိုက်ပေါ်ကိုခြေချခဲ့ခြင်းတော့မရှိပါဘူး။ shwekhitonlinetv.com

၂။ ၁၈၉၅ ခုနှစ်မှာတော့ နော်ဝေး ဝေလငါးဖမ်းလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Henrik Johan Bull နဲ့ အဖွဲ့သားတွေက အန္တာတိကတိုက်ပေါ်ကိုပထမဆုံးခြေချခဲ့ကြဖူးတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကမ္ဘာပေါ်မှာမှတ်တမ်းတင်ခဲ့ဖူးသမျှ အအေးဆုံးအပူချိန်ဟာ အန္တာတိကတိုက်မှာဖြစ်ပြီး အနုတ် ၁၂၈ ဒီဂရီဖာရင်ဟိုက် (အနုတ် ၈၉.၂ ဒီဂရီစင်တီဂရိတ်) အထိရှိခဲ့ဖူးတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်မှာလေတိုက်နှုန်းအကြမ်းဆုံးနေရာဒေသတစ်ခုဖြစ်ပြီးတော့ တစ်ချို့နေရာတွေမှာဆိုရင်လေတိုက်နှုန်းက တစ်နာရီကို မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) အထိတောင်ရှိပါတယ်။ shwekhitonlinetv.com

၅။ အန္တာတိကတိုက်ရဲ့ ၉၉.၉ ရာခိုင်နှုန်းဟာ ရေခဲတွေဖုံးလွှမ်းနေတာဖြစ်ပြီး အနောက်အန္တာတိကမှာရှိတဲ့ ရေခဲပြင်တွေပဲ အရေပျော်သွားရင်တောင်မှကမ္ဘာကြီးတစ်ခုလုံးရဲ့ပျမ်းမျှပင်လယ်ရေမျက်နှာပြင်ဟာ ၁၆ ပေ (၅ မီတာ) လောက်မြင့်တက်လာမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သန့်ရှင်းတဲ့ရေချို (၇၀) ခိုင်နှုန်းလောက်ကို ရေခဲတွေအဖြစ်နဲ့ထိန်းသိမ်းထားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အန္တာတိကတိုက်မှာ Gamburtsev လို့ခေါ်တဲ့တောင်တန်းတွေရှိပါတယ်။ ဒီတောင်တန်းတွေရဲ့ အမြင့်ဆုံးနေရာက ပေ (၉၀၀၀) လောက်ရှိတယ်လို့သိရပြီး ရေခဲထုတွေအောက်မှာ မြုပ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အန္တာတိကတိုက်ရဲ့ အစွန်အဖျားလေးမှာတော့ တစ်ခုတည်းသောမြို့ငယ်ကလေးရှိပါတယ်။ ဒီမြို့ငယ်ကလေးရဲ့အမည်က Villa Las Estrellas လို့ခေါ်ပြီး ကျောင်း၊ ဆေးခန်း၊ ဟိုတယ်၊ အင်တာနက်စတာတွေရှိပါတယ်။ နွေရာသီဆို လူဦးရေ (၁၅၀) လောက်ရှိတက်ပြီး ဆောင်းရာသီဆိုရင်တော့ လူဦးရေ (၈၀) လောက်သာနေထိုင်တဲ့မြို့ကလေးဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အန္တာတိကတိုက်မှာရှိတဲ့သတ္တဝါတွေကတော့ ဝေလငါး၊ ပင်ဂွင်း၊ ဖျံ နဲ့ ငါး တွေပဲဖြစ်ပါတယ်။ တစ်ချို့ကပိုလာဝက်ဝံတွေရှိတယ်လို့ထင်ကြပေမယ့် အမှန်တစ်ကယ်တော့ ပိုလာဝက်ဝံတွေက အာတိတ်ဒေသမှာပဲရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ အန္တာတိကတိုက်ဟာ အေးလွန်းလို့ရေခဲတွေဖုံးလွှမ်းနေတယ်ဆိုပေမယ့် မီးတောင်ပေါင်း (၁၃၈) ခုတောင်ရှိပါတယ်။ ဒီအထဲမှာအထင်ရှားဆုံးက လှုပ်ရှားနေတဲ့ Erebus မီးတောင်ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။