ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရပ်တည်ထားတဲ့ နိုင်ငံများ

နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကို တိုင်းတာတဲ့အခါမှာ ပညာရှင်တွေက စံအမျိုးမျိုးနဲ့ တိုင်းတာကြပါတယ်။ ဒါပေမယ့် အခြေခံ စံထားပြီး တိုင်းတာကြတာကတော့ နိုင်ငံရဲ့ GDPနဲ့ပဲ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် ကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေဟာဆိုရင် သူတို့ရဲ့ GDPကိုကြည့်ပြီး တိုင်းတာ ဖြစ်လို့ ဘယ်နိုင်ငံတွေက သူကြွယ်စာရင်းမှာ ထိပ်ဆုံးရောက်နေလဲဆိုတာ လေ့လာ ကြည့်လိုက်ပါအုန်းနော်။ shwekhitonlinetv.com

  • ၁၅ ။ Germany

GDP Per Capita: 52,559

စက်မှုအင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ ဂျာမနီနိုင်ငံကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ နံပါတ် ၁၅ နေရာကို ရရှိထားပါတယ်။ စက်မှုလုပ်ငန်းကို အဓိကထားတဲ့ နိုင်ငံဖြစ်တာကြောင့် တိုင်းပြည်ရဲ့ GDPကလည်း ကောင်းမွန်တဲ့ အခြေအနေတစ်ခုရှိပါတယ်။ ဂျာမနီနိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီကို လက်ညိုးထိုးပြပါဆိုရင် Volkswagen ၊ BMW ၊ Siemense နဲ့ Adidas တို့ကို ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၁၄။ Iceland

GDP Per Capita: 55,917

ကမ္ဘာပေါ်နေချင်စဖွယ် အကောင်းဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အိုက်စလန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက လာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေ အလွန်များပြားလာခဲ့ပြီး ကမ္ဘာလည့်လှည့်ခရီးသွားတွေကို လည်ပတ်စရာ မကုန်နိုင်အောင် ဆွဲဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ခုနှစ်တုန်းက ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ပင် ငါးလုပ်ငန်းနဲ့ အလှုမီနီယမ်တင်ပို့မှုတွေ တိုးတက်ခဲ့တာကြောင့် သိပ်ပြီးတော့ အထိမနာခဲ့ပါဘူး။ အခုအခါမှာတော့ ခရီးသွားလုပ်ငန်းတွေကပါ တိုးတက်လာခဲ့တာကြောင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ နံပါတ် ၁၄ နေရာကို ရောက်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၁၃။ Saudi Arabia

GDP Per Capita: 55,944

တော်ဝင်မိသားစုတွေ အများအပြားရှိတဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာဆိုရင် ကမ္ဘာ့အချမ်းအသာဆုံး နိုင်ငံစာရင်းရဲ့ နံပါတ် ၁၃ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။
ဒါမယ့် ထူးခြားတာ တစ်ခုက ဒီနိုင်ငံမှာ ချမ်းသာကြွယ်ဝတဲ့သူတွေဟာ တော်ဝင်မျိုးနွယ်တွေတင် မဟုတ်ပဲ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံအတွက် ဝင်ငွေတော်တော်များများဟာ ရေနံတွေကနေ ရရှိတာ ဖြစ်ပြီး ပျမ်းမျှ GDPဟာဆိုရင် 55,944 ရှိပါတယ်။ shwekhitonlinetv.com

  • ၁၂။ Netherland

GDP Per Capita: 56,383

နယ်သာလန်နိုင်ငံသားတွေ ဖြစ်တဲ့ ဒတ်ချ်တွေဟာ လွန်ခဲ့တဲ့ ၁၆၀၀ခုနှစ်တွေတည်းက ကမ္ဘာအနှံ့ ရွှက်လွှင့်ပြီး ရောင်းဝယ်ဖောက်ကား နေကြသူတွေလည်း ဖြစ်ပါတယ်။ ယနေ့ခေတ်အရောက်မှာတော့ သူတို့ရဲ့ စီးပွားရေးဟာ ပြည်ပကို တင်ပို့နိုင်တဲ့ အရည်အသွေးရှိ စားသောက်ကုန်တွေကို ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ဥပမာဆိုရင် ဥရောပတိုက်မှာ ရောင်းတဲ့ ဟင်းသီးဟင်းရွက် အတော်များများဟာ နယ်သာလန်နိုင်ငံက ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အောင်မြင်လှတဲ့ တစ်ခြားလုပ်ငန်းတွေကတော့ ရေနံ သန့်စင်တဲ့စက်ရုံ၊ ဓာတုဗေဒ ဆိုင်ရာ လုပ်ငန်းတွေ နဲ့ စက် ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။ shwekhitonlinetv.com

  • ၁၁။ San Marino

GDP Per Capita: 60,313

ဆန်မာရီနိုဆိုတာ နေချင်စဖွယ်ကောင်းလှတဲ့ နိုင်ငံတွေထဲမှာ ပါဝင်သလို ကမ္ဘာ့အသေးဆုံးနိုင်ငံတွေထဲကလည်း တစ်ခုဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ အဓိကစီးပွားရေးတွေကတော့ ဘဏ်လုပ်ငန်းတွေ ဖြစ်ပြီး နိုင်ငံအတွင်း ပျှမ်းမျှနေထိုင်သူ အတော်များများဟာ ချမ်းသာကြွယ်ဝတဲ့ သူတွေချည်းပါပဲ ။ ဒါ့ကြောင့်လည်း နိုင်ငံရဲ့ GDPဟာ အမြဲတိုးတက်လျက်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁၁နေရာကို ရောက်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၁၀။ USA

GDP Per Capita: 62,606

ကမ္ဘာ့အင်အားအကြီးဆုံးနဲ့ အာဏာအရှိဆုံးအဖြစ် တည်ရှိနေတဲ့ အမေရိကန်နိုင်ငံကတော့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းရဲ့ နံပါတ် ၁၀မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သင့်ကို အံ့အားသင့်စေမယ့်အချက်က ဘာလို့ အမေရိကန်နိုင်ငံက အချမ်းသာဆုံးမဖြစ်တာလဲလို့ မေးရင် အဖြေက တစ်ဦးချင်းဝင်ငွေကို စံထားပြီး တွက်ချက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဝင်ငွေရရှိပေါက်ဟာ များစွာရှိပြီး ဒီကနေ အခြေခံလစာရရှိမှုနှုန်းဟာ ကွဲပြားသွားကြတာပဲ ဖြစ်ပါတယ်။ တစ်ခါက ဘဏ္ဍာရေး ရိုက်ခတ်မှုနဲ့ အခက်အခဲတွေ ရှိခဲ့ပေမယ့်လည်း အစိုးရဟာ ကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာဟာ ယနေ့အချိန်အထိ အခိုင်အမာ ရပ်တည်နေနိုင်တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၉။ Switzerland

GDP Per Capita: 64,649

ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ နံပါတ်၉နေရာမှာ တည်ရှိနေတာကတော့ ဆွစ်ဇာလန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ နေချင်စဖွယ်အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါသေးတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းကတော့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေပါ။ ဘဏ်လုပ်ငန်းအပြင် တခြားသော အာမခံလုပ်ငန်းတွေလည်း ရှိတာကြောင့် နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကို ထောက်ပံ့ပေးနိုင်တဲ့ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုအဖြစ် ရှိလို့နေပါတယ်။ ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံမှာ ထုတ်ကုန်လုပ်ငန်းတွေအပြင် ခရီးသွားလာရေးလုပ်ငန်းတွေလည်း ရှိပါသေးတယ်။ shwekhitonlinetv.com

  • ၈။ Kuwait

GDP Per Capita: 67,000

ကူဝိတ်နိုင်ငံဟာဆိုရင် ရေနံအများအပြားကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ အဓိကထုတ်ကုန်အဖြစ် ရှိနေတာပါ။သူတို့နိုင်ငံရဲ့ အားနည်းချက်ကတော့ သောက်သုံးရေ အပြင် အခြားသော စားသောက်ကုန် တွေကို ပြည်ပကနေ မှာယူတင်သွင်းနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီပြသနာဟာ သိပ်ပြီးတော့ ကြီးကြီးမားမား မဟုတ်လှပါဘူး။ ကူဝိတ်နိုင်ငံဟာ ရေနံကနေ အမြတ်အစွန်းများစွာ ရရှိနေတာကြောင့် နိုင်ငံမှာနေထိုင်တဲ့သူ အတော်များများဟာ ချမ်းသာကြွယ်ဝတဲ့ သူတွေချည်းပါပဲ။ shwekhitonlinetv.com

  • ၇။ United Arab Emirates

GDP Per Capita: 69,382

အာရပ်စော်ဘွားများပြည်ထောင်စုလို့ ကျွန်တော်တို့တွေ သိထားကြတဲ့ ယူအေအီးနိုင်ငံကတော့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၇ ကို ရရှိထားပါတယ်။ ဒီနိုင်ငံထဲမှာဆိုရင် အံ့သြမှင်သက်လောက်စရာ မိုးမြင့်တိုက် အဆောက်အဦးတွေလည်း ရှိလို့နေပါတယ်။ နိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းကတော့ ရေနံကနေ ရရှိနေတာ ဖြစ်ပြီး မကြာသေးမီနှစ်များကတော့ ငွေကြေးပိုင်ဆိုင်ရာ စင်တာတစ်ခုကို ထပ်မံဖွင့်လှစ်ခဲ့ကာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့ လူတွေကို ဝန်ဆောင်မှုပေးပြီး ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

  • ၆။ Norway

GDP Per Capita: 74,356

နော်ဝေးလူမျိုးတွေကို အဓိက ချမ်းသာကြွယ်ဝလာစေတဲ့ အကြောင်းအရင်းကတော့ ရေနံနဲ့ ငါးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ နော်ဝေးဟာ ဂျပန်လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ ဆူရှီရဲ့ အဓိက menuဖြစ်တဲ့ ဆယ်လ်မွန်ငါးတွေကို ဂျပန်နိုင်ငံဆီ တင်ပို့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနံပမာဏကိုလည်း အတော်များများတင်ပို့နိုင်တာကြောင့် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေဟာ အမေရိကန်ဒေါ်လာ ၁၀၇၆ ဘီလီယံတောင် ပိုင်ဆိုင်ထားနိုင်ပါပြီ။shwekhitonlinetv.com

  • ၅။ Ireland

GDP Per Capita: 78,785

တစ်ကယ်လို့ သင်ဟာ Google နဲ့ Facebook မှာ ရိုက်ပြီး ရိုက်ကြည့်လိုက်မယ်ဆိုရင် ဥရောပတိုက်က စီးပွားရေး ရုံးခန်းတွေ အိုင်ယာလန်နိုင်ငံမှာ ဘယ်နှစ်ခု ဖွင့်ထားလဲဆိုတာကို သိပါသလား ? အခွန်ငွေကြေးပိုင်းဆိုင်ရာမှာ များစွာသက်သာမှုရှိလို့ အိုင်ယာလန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီရုံးခန်းတွေ အခြေစိုက်ချင်စရာ ဖြစ်လာအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ဒီလို ဆွဲဆောင်ထားနိုင်လို့လည်း နိုင်ငံရဲ့ ဝင်ငွေဟာ တစ်နေ့တစ်ခြား များပြားလာပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၅ အထိ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၄။ Brunei

GDP Per Capita: 79,530

ဘရူနိုင်းနိုင်ငံကတော့ အာဆီယံဒေသတွင်းမှာ ဒုတိယ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာ့အချမ်းသားဆုံးစာရင်းမှာလည်း နံပါတ် ၃ ကို ချိတ်ဆွဲထားနိုင်ပါတယ်။ နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းကနေ ရရှိနေတာလည်း ဖြစ်ပါတယ်။ ထူးဆန်းတဲ့အချက်ကတော့ ဘရူနိုင်းနိုင်ငံမှာ tax ကော VAT ကော လုံးဝမရှိပါဘူးတဲ့။ shwekhitonlinetv.com

  • ၃။ Singapore

GDP Per Capita: 100,345

ကမ္ဘာ့ထိပ်သီး ငွေကြေးပိုင်းဆိုင်ရာ စင်တာကို ပိုင်ဆိုင်ထားတဲ့ စင်ကာပူနိုင်ငံဟာ အာဆီယံဒေသတွင်းမှာတော့ အချမ်းသာဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အဆင့်မှာတော့ အဆင့် ၃အထိ ရရှိထားပါတယ်။ ပညာရှင်များရဲ့ လေ့လာချက်အရ စင်ကာပူနိုင်ငံသားအတော်များများဟာ အရွယ်ရောက်လာကတည်းက ချမ်းသာတဲ့သူဖြစ်လာဖို့ ရည်မှန်းပြီး အလုပ်ကြိုးစားကြသလို ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတွေဖြစ်တယ်လို့လည်း တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် သွင်းကုန်နဲ့ ထုတ်ကုန် ၂ခုကြားမှာ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တာကြောင့် လည်း အခုလို ကမ္ဘာ့အချမ်းသာဆုံး Top 3 စာရင်းထဲကို ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၂။ Luxembourg

GDP Per Capita: 106,705

ကမ္ဘာ့အသေးဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ လူဇင်ဘတ်နိုင်ငံဟာဆိုရင် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးပိုင်ဆိုင်ရာလုပ်ငန်းတွေမှာ ကျွမ်းကျင်ပညာရှင်တွေ ပေါများလွန်းတာကြောင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းမှာ အဆင့်၂ နေရာအထိ ရောက်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံမှာ အခြားသောခိုင်မာလှတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ စတီးလ် ၊ ရော်ဘာ နဲ့ ဓာတုဗေဒ လုပ်ငန်းတွေလည်း ရှိလို့နေပါတယ်။ shwekhitonlinetv.com

  • ၁။ Qatar

GDP Per Capita: 130,475

ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁ အဖြစ် ထိပ်ဆုံးမှာ ရှိနေတာကတော့ ကာတာနိုင်ငံပဲ ဖြစ်ပါတယ်။ ဘာလို့ ဒီလို ချမ်းသာကြွယ်ဝနေရလဲဆိုတဲ့ အကြောင်းရင်းကို အဖြေရှာကြည့်တဲ့အခါမှာတော့ ရေနံနဲ့ သဘာဓာတ်ငွေ့တို့ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း ဖြစ်တဲ့ ကာတာ လေကြောင်းလိုင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် နိုင်ငံရဲ့ GDP ဟာနှစ်စဉ်တိုးတက်နေလျက်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ ထိပ်ဆုံးကို ရယူထားနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

(စာကြွင်း…ဟောင်ကောင် ၊ ထိုင်ဝမ် နဲ့ မကာအိုတို့ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာ ပါဝင်နိုင်ခဲ့ပေမယ့်လည်း independent မဖြစ်သေးတဲ့ နိုင်ငံတွေ ဖြစ်လို့ ထည့်သွင်းဖော်ပြလို့ မရခဲ့ပါဘူး။ ဒါ့အပြင် မိုနာကို နဲ့ လက်ချင်စတိန်း နိုင်ငံတို့ဟာဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ IMF အဖွဲ့ထဲ မပါတာကြောင့် စာရင်းကနေ ထည့်သွင်းမဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ) shwekhitonlinetv.com

Ref : Swedish Nomad

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply