Fast and Furious 9 မှာ ပါဝင်လာမယ့် ပြိုင်ကား အမိုက်စားများနဲ့ ဇာတ်ကားရဲ့ ထူးခြားသောအချက်များ

ကမ္ဘာ့ရုပ်ရှင်လောကမှာ ၁၀စုနှစ်တစ်ခုကျော် အောင်မြင်နေတဲ့ ရုပ်ရှင်ကားတွေဟာ လက်ချိုးရေလို့တောင် ရပါတယ်။ ဒီအထဲမှာမှ Fast and Furious ဇာတ်ကားဟာလည်း အောင်မြင်မှုတွေအပြင် အမှတ်တရ များစွာနဲ့ ပရိသတ် ရင်ထဲမှာ နေရာယူထားတာလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီး အတွက် Fast and Furious 9 ဇာတ်ကားထဲမှာ ပါဝင်လာမယ့် အမိုက်စားကားတွေ ကို Rumor သတင်း အချက်အလက်တွေကို ကြည့်ပြီး ပြောပြပေးချင်ပါတယ်နော်… shwekhitonlinetv.com

  • ၁။ 1968 DODGE CHARGER 500

ထွက်ရှိလာတဲ့ trailer ထဲမှာ Dom Torettoကို Dooge Charger 500 ကြီးနဲ့ အတူတွေ့ရမှာပါ။ American Muscle ကားတွေကို ကြိုက်တဲ့ Dom ကတော့ အခု ထွက်ရှိမယ့် ဇာတ်ကားထဲမှာလည်း ဘယ်လို အက်ရှင်အလန်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေအုန်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါပြီ ။ shwekhitonlinetv.com

  • ၂။ YAMAHA YZ450F

ဇာတ်ကားထဲမှာ Dom ရဲ့ မိန်းမဖြစ်တဲ့ Latty ကတော့ မိန်ကလေး ဖြစ်ပေမယ့်လည်း အက်ရှင် အကြမ်းစားတွေလည်း ပိုင်နိုင်တယ်ဆိုတာကို Furious 7 မှာ Ronda Rousey နဲ့ အပြန်အလှန် သတ်ပုတ်ပြီး သက်သေပြခဲ့ပြီးပါပြီ။ ဒါ့ကြောင့် အခုထွက်ရှိလာမယ့် ff9မှာလည်း YAMAHA YZ450F နဲ့ Latty ရဲ့ ဇာတ်ရုပ်ကတော့ အတော်လေးကို လိုက်ဖက်မှာပါ။ shwekhitonlinetv.com

  • ၃။ 2018 ACURA NSX

Taj ကတော့ Domရဲ့ အဖွဲ့ထဲမှာ နည်းပညာပိုင်းနဲ့ ပတ်သတ်လာရင် ဉာဏ်ပြေးတဲ့သူတစ်ယောက် ဖြစ်လို့ အခုထွက်ရှိလာတော့မယ့် Furious 9 မှာလည်း နည်းပညာပိုင်းနဲ့ ရန်သူတွေကို ဘယ်လို အနိုင်ယူမလဲ ဆိုတာ စောင့်ကြည့် ချင်စရာပါ။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက Tajဟာ အခု poster မှာ တွေ့ရတဲ့ 2018 ACURA NSX လိုမျိုး အမျိုးအစားတူကားကို 2 fast and 2 furious မှာ မောင်းခဲ့ပါသေးတယ်။ အာ့ကားကတော့ 1991 Acura NSX NA1 ပါပဲ။ shwekhitonlinetv.com

  • ၄။ 2020 JEEP GLADIATOR

Furious 8 မှာတုန်းက Roman တစ်ယောက် ကားအရွေးမှားသွားလို့ Lambo တစ်စီးနဲ့ ရေခဲပြင်မှာ တိုင်ပတ်သွားတာကို ပရိသတ်တွေ မှတ်မိကြအုန်းမှာပါ။ အခုတစ်ခေါက်မှာတော့ Roman က ပုံမှန် သူ မောင်းနေကြ ကားတွေနဲ့မတူပဲ 2020 Jeep Gladiatorနဲ့ အတူ Poster မှာပါလာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် Roman တစ်ယောက် ကြိုးတံတားတွေပေါ်မှာ အသည်းအသန် မောင်းလာနိုင်တယ်လို့ Rumor သတင်းတွေက ခန့်မှန်း ထားကြပါတယ်။ shwekhitonlinetv.com

  • ၅။ 2018 NOBLE M600

Furious 7 ထဲက ပါဝင်လာခဲ့ပြီး အခုဆိုရင် Dom ရဲ့ အဖွဲ့ဝင် ဖြစ်လာပြီဖြစ်တဲ့ Ramsey ကတော့ ထွက်ရှိလာတဲ့ Posterမှာ 2018 Noble M600 နဲ့ အတူတွဲပြီး တွေ့ရပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဇာတ်ကားထဲမှာ Ramseyဟာ ကိုယ်တိုင် ကားမမောင်းပဲ အဖွဲ့ဝင်တွေကို ဘေးကနေသာ အကူအညီပေးနေပေမယ့် အခုထွက်ရှိထားတဲ့ Poster အရ ဒီတစ်ခါတော့ Ramsey ကိုယ်တိုင် ကားမောင်းပြီး တိုက်ပွဲဝင်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ shwekhitonlinetv.com

  • ၆။ 1974 CHEVROLET NOVA SS

Bryan မပါတော့တဲ့နောက် Furious 8 မှာပါ Mia ကို မတွေ့တဲ့အခါမှာတော့ ပရိသတ်တွေက Mia ရဲ့ Characterကို ဇာတ်လမ်းထဲက ထုတ်လိုက်ပြီလားဆိုပြီး စိုးရိမ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း Furious 9မှာ 1974 CHEVROLET NOVA SS နဲ့အတူ Poster ထွက်ရှိလာခဲ့တာကြောင့် ပရိသတ်တွေလည်း ကျေနပ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

  • ၇။ FORD MUSTANG GT350

နောက်ထပ် ပါဝင်လာတဲ့ Character ကတော့ Dom ရဲ့ အကိုဖြစ်တဲ့ Jakovနေရာကနေ John Cena က ပါဝင်သရုပ်ထားပြီး Posterမှာတော့ Ford Mustangကြီးနဲ့ အတူတွဲပြီးတွေ့ရပါတယ်။ Trailer ထဲမှာလည်း Jakovဟာ ကားမောင်းတဲ့နေရာမှာ Specialist ဖြစ်တယ်လို့ ပြောထားတဲ့အပြင် Dom နဲ့ တိုက်ခိုက်တဲ့ အခန်းတွေလည်း အများကြီး ပါဝင်ထားလို့ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် လုပ်ထားမှာအမှန်ပါပဲ။ shwekhitonlinetv.com

  • ၈။ 2020 TOYOTA SUPRA

ပရိသတ်တွေကို Trailer ထဲမှာတင် လုံး၀ Surprise ဖြစ်သွားစေခဲ့တဲ့အချက်ကတော့ Han တစ်ယောက် ပြန်ပေါ်လာတဲ့အခန်းပါပဲ။ Ff 6မှာ Deckard Shaw ရဲ့ လက်ချက်နဲ့ Han သေဆုံးသွားပြီလို့ ထင်ခဲ့ကြပေမယ့် အခုထွက်ရှိလာတဲ့ Ff9 မှာ ပြန်ပေါ်လာလို့ ဘယ်လိုတွေ ဇာတ်လမ်းလှည့်ထားလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။ Poster ထဲမှာ မပါလာခဲ့ပေမယ့်လည်း Trailer ထဲမှာတော့ Han မောင်းတဲ့ ကားဟာ 2020 Toyota Supra ဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

  • ၉။ PONTIAC FIERO

Modify လုပ်ထားတဲ့ ကားတွေကို ဇာတ်ကားတိုင်း အမြဲထုတ်ပြနေကျဖြစ်တဲ့ Fast and Furious Movie ဟာ အခု ထွက်ရှိမယ့် Ff9မှာလည်း Pontiac Fieroဆိုတဲ့ ကားအမျိုးအစားကို Rocket Engineနဲ့ Modify လုပ်ထားတာကိုတွေ့ရမှာပါ။ Roman တစ်ယောက် ဒီကားကို အစမ်းစီးပြီး ဘယ်လို အလွဲအချော် ထပ်ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထွက်လာမှပဲ အတူတူကြည့်ကြရတာပေါ့ဗျာ… shwekhitonlinetv.com

Shwe Khit ပရိသတ်တွေအတွက် အခုလို စိတ်ဝင်စားဇွယ်အကြောင်းအရာတွေကို နောက်လည်း တင်ဆက် ဖော်ပြပေးအုန်းမှာ မို့လို့ စောင့်မျှော် ဖတ်ရှုပေးဖို့ မမေ့ပါနဲ့နော် shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။