ခြင်္သေ့နဲ့ ကျား ၂မျိုးပေါင်းပြီး မျိုးစပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး Liger

Advertisements

ဆေးပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ မျိုးစပ်ထားတဲ့ အကောင်လေးတွေများလာတာ သိပ်အထူးဆန်း ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ကယ့်ကို ကြမ်းပေ့ ရမ်းပေ့ ဆိုတဲ့ ခြင်္သေ့နဲ့ ကျားကို ပေါင်းပြီး မျိုးစပ်ထားတဲ့ Ligerကတော့ တော်တော်လေးကို စိတ်ဝင်စားချင်စရာပါ။ အရိုင်းစိတ်ဆန်တဲ့ မျိုး၂ခုပေါင်စပ်ထားတာ ဖြစ်လို့ ဒီ Ligerဟာ ၂ ဆပိုပြီးများ အရိုင်းဆန်လား ..သူ့အရွယ်အစားကရော ဘယ်လောက်တောင် ကြီးလဲဆိုတာ သိချင်သူတွေ ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ရပါတယ်ဗျ။ shwekhitonlinetv.com

လက်ရှိမှာတော့ ကမ္ဘာကျော်ဂရင်းနစ် စာအုပ်ထဲမှာ ကမ္ဘာ့အကြီးဆုံး Liger အဖြစ် စံချိန်တင်ထားနိုင်သူကတော့ ဟာကျူလီ လို့ခေါ်ကြတဲ့ Ligerပဲ ဖြစ်ပါတယ်။ ဟာကျူလီကိုတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Safari တစ်ခုမှာ မွေးမြူထားတာပဲ ဖြစ်ပါတယ်။ ဒီ Safariရဲ့ ပိုင်ရှင်နဲ့ သူ့ရဲ့သားဖြစ်သူတို့ဟာ Liger ၂ကောင်ကို မျိုးစပ်ကာ မွေးမြူခဲ့ပြီး ဟာကျူလီနဲ့ အပိုလို ဆိုပြီး နာမည်ပေးထားပါတယ်။ အပိုလိုကတော့ အဖြူရောင် ကိုယ်ထည်ရှိပြီး အလေးချိန်ကတော့ ၇၀၅ ပေါင်ရှိပါတယ်။ ဟာကျူလီကတော့ ၉၂၂ ပေါင်အထိ ရှိတာကြောင့် ကမ္ဘာ့အကြီးဆုံး Liger အဖြစ် ဂရင်းနစ် စံချိန်တင်နိုင်ထားပါတယ်။ shwekhitonlinetv.com

ဟာကျူလီဟာ အစားအသောက်စားရတာကို အလွန်ကြိုက်ပြီး တစ်ခါစားပြီဆိုရင် အမဲသား မဟုတ်ရင် ကြက်သားကို ပေါင် ၂၀ လောက်အထိ စားပါတယ်တဲ့။ ဒါပေမယ့်လည်း လေ့ကျင့်ခန်း အမြဲလုပ်ပြီး ရေကူးတာကို ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။ အများထင်သလို အပိုလို နဲ့ ဟာကျူရီတို့ဟာ အရမ်းကြီး အရိုင်းမဆန်ပဲ ယဉ်ပါးသင့်သလောက် ယဉ်ပါးကြပါတယ်။ ဒါပေမယ့်လည်း Liger တွေကို မျိုးစပ်ပြီး မွေးမြူတဲ့ကိစ္စတွေဟာ ပညာရှင်တွေကြားမှာတော့ အငြင်းပွားနေဆဲ ကိစ္စတစ်ခုအဖြစ် ရှိလို့နေပါတယ်။ အကြောင်းကတော့ တစ်ကယ့်လက်တွေ့ တောတွင်းထဲမှာ ခြင်္သေနဲ့ ကျားတို့ရဲ့ relation ဟာ ဆက်နွှယ်မှု ရှိမနေကြပါဘူး။ ဒါ့ကြောင့် Ligerတွေ အနေနဲ့ တောတွင်းထဲရောက်ရင် ရှင်သန်နေထိုင်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့လည်း ပညာရှင်တစ်ချို့က ထောက်ပြထားကြပါတယ်။ shwekhitonlinetv.com

ဘယ်လိုပဲ ဖြစ်ပါစေ Liger တွေဟာ လူသားတွေရဲ့ အံ့မခန်းလှတဲ့ လက်ရာတွေထဲက တစ်ခုဖြစ်ပြီး မျိုးစိတ် အသစ်တစ်ခုအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် Shwe Khit ပရိသတ်ကြီး ဗဟုသုတ ရစေရန်အတွက် Liger အကြောင်းကို အခုလိုပဲ ဖော်ပြပေးလိုက်ရတာပါဗျ…နောက်တစ်ခေါက်တွေမှာလည်း အခုလို စိတ်ဝင်စားစရာတွေ တင်ဆက်ပေးအုန်းမှာမို့လို့ အမြဲစောင့်ကြည့်နေဖို့တော့ လိုလိမ့်မယ်နော် shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

View this post on Instagram

My brother Chai

A post shared by Kody Antle (@kodyantle) on

Be the first to comment