လူ့အသက်များစွာကို ဇီဝိန်ခြွေခဲ့တဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး ရေကန်ကြီးများ

ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ အန္တရာယ် အရှိဆုံးရေကန် အချို့ကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ။ ကန် တစ်ကန် ချင်းစီတိုင်းဟာ သူ့ရဲ့ မကောင်းတဲ့ အချက်တွေကို လူတွေကို အန္တရာယ်ပေးနိုင်လို့ ဘယ်လိုမျိုးတွေ လဲဆိုတာ ဖတ်ကြည့်လိုက်ပါအုန်းနော်…shwekhitonlinetv.com

  • Rio Tinto

စပိန်နိုင်ငံမှာရှိတဲ့ ရေကန်တစ်ကန်ဟာ အခြားရေကန်တွေနဲ့ လုံးဝမတူပဲ ကွဲပြားနေပါတယ်။ ဘယ်လို မတူတာလဲဆိုရ် ကန်ထဲမှာရှိတဲ့ ရေတွေက အနီရောင်သန်းနေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေအရောင်က သဘောကျလို့ ကန်ထဲဆင်းဖို့တော့ စိတ်မကူးပါနဲ့..အကြောင်းကတော့ ဒီရေကန်ထဲက ရေတွေထဲမှာ Iron၊ copperနဲ့ အခြားသော သတ္ထုဓာတ်တွေ များစွာ ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေကန်ကိုနီစေတဲ့ မကောင်းသော ဘက်တီးရီးယားပိုးမွှားတွေ အများကြီးရှိနေတာမို့ ဒီရေကန်ကိုတွေ့ရင် ဝေးဝေးက ရှောင်သွားလိုက်တာ အကောင်းဆုံးပါပဲ။ shwekhitonlinetv.com

  • Lake Champlain

Champlain ရေကန်ဟာ သွေးစုပ်တတ်တဲ့ အကောင်တွေ အများကြီးရှင်သန် နေထိုင်ကြတဲ့ ကန်ဆိုပြီး နာမည်ကြီးပါတယ်။ ဒီကန်ထဲမှာ လုံးဝကို မျိုးစိတ်ကွဲပြားလှတဲ့ သတ္တဝါအထူးဆန်းတွေလည်း အများကြီးရှိပါတယ်။ ဒီအကောင်တွေဟာ များသောအားဖြင့် သူတို့အချင်းချင်း သိပ် ရန်မှုလေ့မရှိပဲ လူသားတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်တတ်ကြပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာက လူတွေက ဒီကန်ထဲမှာ ရေလုံး၀ မငုပ်ဖို့တားမြစ်ထားသော်လည်း တစ်ချို့သူတွေကတော့ အကြောက်တရားကို ဘေးချိတ်ပြီး ရေငုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း အသက်ရှင်နိုင်ခြေက ၅၀\၅၀ ပဲ ရှိပါတယ်တဲ့…. shwekhitonlinetv.com

  • Lake Michigan

အမေရိကန်နိုင်ငံမှာ တည်ရှိတဲ့ Michigan ဆိုတဲ့ ရေကန်ကလည်း အန္တရာယ်အများဆုံး ရေကန်တစ်ခုအဖြစ် သတ်မှတ်ခံထား ရပါတယ်။ ဘယ်လို အန္တရာယ်များလဲဆိုတော့ ဒီရေကန်ဟာ နာမည်ကြီး ဘာမြူဒါ တြိဂံနဲ့ အတော်လေးကို နီးနီးစပ်စပ် ကပ်နေလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီရေကန်အနီးမှာ လေယာဉ်ပျက်ကျမှုတွေလည်း ဖြစ်ခဲ့လို့ ဝေးဝေးရှောင်သင့်တဲ့ ရေကန်ထဲမှာ ပါဝင်ပါတယ်။ shwekhitonlinetv.com

  • Drake Passage

နောက်ထပ်ရေကန်တစ်ခုကတော့ အဆိုးချည်းပဲ မဟုတ်ပဲ ကောင်းကျိုးလည်း ပေးတဲ့ ရေကန်လို့တောင် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီကန်ဟာ အန္တာတိကနဲ့ အခြားသောကျွန်းငယ်တွေကို ချိတ်ဆက်ပေးထားတာကြောင့်ပါ။ ဆိုးကျိုးကတော့ သင်္ဘောတွေအတွက် သွားရတဲ့ လမ်းကြောင်းက ကျဉ်းတဲ့အပြင် ပင်လယ်ထဲက မျောလာတဲ့ ရေခဲစိုင်ကြီး ကလည်း နေရာမရွေး ပေါ်လာနိုင်ပါသေးတယ်။ လေတိုက်နှုန်းလည်းကလည်း တအားပြင်းလွန်းတာကြောင့် မာလိန်မှူးတွေအနေနဲ့ ဒီကန်ကို ဖြတ်ရင် အတော်လေး သတိထားပြီး ဖြတ်ရတယ်လို့ သိရပါတယ်။ မဟုတ်လို့ကတော့ ရေခဲစိုင်တွေနဲ့ တိုက်မိပြီး သင်္ဘောပါ မှောက်သွားနိုင်ပါတယ်တဲ့… shwekhitonlinetv.com

  • Blue Hole

ဒိုင်ဗင်ပစ်ရတာ ဝါသနာပါလှသော သူတွေရဲ့ အိမ်မက်ဟာ သူတို့ရောက်သမျှ ကန်တိုင်းမှာ ဒိုင်ဗင်ပစ်ရတာပါပဲ။ ဒီလို ခံစားမှုမျိုးဟာ တစ်ကယ့်ကို ထူးခြားတဲ့ အောင်မြင်မှု တစ်ခုလို့လည်း ခံယူထားကြပါတယ်။ ဒါပေမယ့်လည်း အခုပြောပြမယ့် ကန်ကတော့ ရှုခင်းလည်း အရမ်းလှသလောက် လူ့အသက်ကို သေစေနိုင်တဲ့ အထိ အန္တရာယ်ရှိပါတယ်။ ကန်ရဲ့ အနက်ဟာ ပေ ၄၀၀ ကျော်အထိရှိပြီး nitrogen narcosis ပါဝင်နှုန်းကလည်း တအား များလွန်းပါတယ်။ ဒီလို အန္တရာယ်တွေကြောင့်ပဲ ကန်ထဲ ဒိုင်ဗင်ထိုးတဲ့သူအတော်များများဟာ ပြန်မပေါ်လာပဲ ကန်ထဲ နစ်သွားကြပါတော့တယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ ဒိုင်ဗင်သမားတွေအတွက် အန္တရာယ်အပေးနိုင်ဆုံးသော ကန်အဖြစ် အများက သတ်မှတ်ထားပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ကန်တွေထဲက အချို့ကို ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်ဗျ။ နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးအုန်းမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးဖို့ မမေ့ပါနဲ့နော်… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply