သမုဒ္ဒရာရဲ့ အနက်ပိုင်းမှာသာ ရှင်သန်ကျက်စားကြတဲ့ ထူးဆန်းသောအကောင်များ

ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ သက်ရှိတွေ သန်းပေါင်းများစွာ ရှင်သန်ကျက်စားကြတဲ့ ဂြိုဟ်တစ်လုံးပဲ ဖြစ်ပါတယ်။ သက်ရှိတွေ ဘယ်လောင်တောင် များလဲဆိုရင် အခုလို နည်းပညာတွေ ထွန်းကားနေတဲ့ ခေတ်မှာတောင် ပညာရှင်တွေဟာ မျိုးစိတ် အကုန်လုံးကို မှတ်တမ်း မတင်နိုင်လောက်တဲ့ အထိပါပဲ။ ဒါ့ကြောင့် အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ ရေနေ သတ္တဝါတွေထဲကမှ ကျွန်တော်တို့ ပုံမှန် မြင်တွေ့ဖူးခြင်း မရှိတဲ့ အကောင်တွေ အကြောင်းကို ပြောပြပေးသွားပါမယ်ဗျ… shwekhitonlinetv.com

  • ၁၀။ Wolffish

နာမည်ကလည်း ထူးဆန်းသလို ပုံစံအသွင်အပြင်ကလည်း ရုတ်တရက်ကြည့်ရင်တောင် လန့်သွားစေနိုင်တဲ့ ငါးမျိုးပါ။ Wolffish တွေဟာ အတ္တလန္တိတ် သမုဒ္ဒရာ မြောက်ပိုင်းမှာ ကျက်စား နေထိုင်ကြပြီး သူ့တို့ရဲ့ သွားတွေက အတော်လေးကို ရက်စက်မယ့် ပုံစံ ပေါက်နေပါတယ်။ ဒါ့အပြင် အစာစားတဲ့အခါ ဒီသွားတွေနဲ့ ကိုက်ဖြတ်ပြီး ကြီးမားတဲ့ မေးရိုးတွေနဲ့ အတုံးလိုက် ဝါးစားတာမျိုးကို သဘောကျကြပါတယ်။ shwekhitonlinetv.com

  • ၉။ Frilled Shark

Frilled Shark တွေဆိုတာ တစ်ခြား ငါးမန်းမျိုးနွယ်တွေနဲ့ ပုံစံမတူပဲ ကွဲထွက်နေတဲ့ မျိုးစိတ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သွားလေးတွေ ဟာ အပ်အရွယ်အစားလောက်ရှိပြီး သေချာလေ့လာ ကြည့်လိုက်တဲ့ အခါမှာတော့ သွားပေါင်း ၃၀၀ ကျော် ရှိတာကို တွေ့ရပါတယ်။ နောက်ထပ်ထူးခြားတာက ဒီငါးမှာ ပါးဟပ်လိုမျိုး အရာကြီးတွေ ၆ ခုတောင် ပါဝင်ပါသေးတယ်။ အစာအတွက် အမဲလိုက်တဲ့အခါ မြွေလိုမျိုး ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်ကာ တရှိန်ထိုး တိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ်။ အတ္တလန္တိတ် ၊ ပစိဖိတ် နဲ့ အိန္ဒိယ သမုဒ္ဒရာတွေ မှာ နေထိုင်ကြပြီး သမုဒ္ဒရာရဲ့ ဟိုးအောက်ဆုံး အနက်ပိုင်းမှာသာ နေထိုင်တတ်တာကြောင့် အတွေ့ရနည်းလှပါတယ်။ သူ့ရဲ့ အရွယ်အစားကတော့ ၆.၆ပေအထက်မှာ ရှိတတ်ကြပါတယ်။ shwekhitonlinetv.com

  • ၈။ Tigerfish

သူ့ရဲ့ နာမည်အပြည်အစုံကတော့ ဧရာမ ကျားငါး ပဲ ဖြစ်ပါတယ်။ ဒီလိုခေါ်ရတဲ့ အကြောင်းကတော့ အရွယ်အစား ကြီးလွန်းတဲ့ ကိုယ်ခန္ဓာရှိတဲ့အပြင် အလေးချိန်ကလည်း ပေါင်ကို ရာနဲ့ ကျော်ပြီး လေးပါတယ်တဲ့။ ဒါပေမယ့် သူ့ရဲ့ ကြောက်စရာ အကောင်းဆုံး အားသာချက်ကတော့ ချွန်ထက်ပြီး ရှည်လွန်းတဲ့ သွားတွေ ကြောင့်ပါပဲ။ Tigerfish တွေဟာ အဖွဲ့လိုက် အမဲလိုက်တာမျိုး မဟုတ်ပဲ တစ်ကောင်တည်း သာ သားကောင်ကို ရှာဖွေတတ်ကြပါတယ်။ တစ်ကယ်လို့များ သူရဲ့ ပါးစပ်စာ မိသွားမယ့် သားကောင်ဆိုရင် တော်တော်လေးကို ကြေမွ စုတ်ပြတ်သွားမှာပါ။ shwekhitonlinetv.com

  • ၇။ Vampire Fish

Vampire Fish ဆိုတဲ့ နာမည်လေးအတိုင်း ဒီငါးရဲ့ အောက်သွား ၂ ချောင်းဟာ အပေါ်သွားတွေထက် ရှည်ပြီး ချွန်ထွက်နေပါတယ်။ တစ်ကယ်လည်း အမဲလိုက်တဲ့အခါ ထို သွား ၂ ချောင်းနဲ့ သားကောင်ကို အမဲလိုက်ပြီး ရက်ရက်စက်စက် စားပစ်တာပဲ ဖြစ်ပါတယ်။ Vampire Fish တွေဟာ တောင်အမေရိက မှာရှိတဲ့ အမေဇုန် မြစ်ဝှမ်း တစ်လျှောက်မှာ ရှင်သန် ကျက်စားကြပါတယ်။ shwekhitonlinetv.com

  • ၆။ Marine Hatchetfish

သင်ဟာ ရေကူးနေရင်း မျက်စိရှေ့မှာ ပုဆိန်လိုမျိုးကြီး တစ်ခုခု ရွေ့လာနေတယ်ဆို လန့်သွားမလား ? တစ်ကယ်တော့ ဒါဟာ Marine Hatchetfish ရဲ့ ပုံံစံပဲ ဖြစ်ပါတယ်။ ဒီငါးတွေဟာ firefliesလိုမျိုး အလင်းရောင် ထွက်တဲ့ ထူးခြားသော အစိတ်အပိုင်းတွေ ရှိပါတယ်။ ဒီအလင်းရောင်တွေကပဲ သူတို့ကို ရန်သူတွေလက်ကလွတ်အောင် ကူညီပေးနိုင်ပါတယ်တဲ့…အရွယ်အစားတွေကတော့ ၁၂ လက်မ ကျော်ကျော် လောက်ပဲ ရှိပါတယ်။ shwekhitonlinetv.com

  • ၅။ Saber-Toothed Viperfish

ဒီငါးတွေရဲ့ အထူးခြားဆုံး အချက်ကတော့ အကောင်သေးပေမယ့် ကြီးမားတဲ့ အစွယ်တွေကို ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါတယ်။ သမုဒ္ဒရာရဲ့ အနက်ဆုံးက ကြောက်ဖို့ အကောင်းဆုံး မျိုးစိတ်မှာ ပါဝင်ပြီး မြင်လိုက်တာနဲ့ အလွယ်တူ မှတ်မိနေမယ့် ပုံစံမျိုးလည်း ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်တွေကတော့ ကြီးမားတဲ့ သွားတွေ အပြင် သူ့ရဲ့ ပါးစပ်ကလည်း ကြီးလွန်းလို့ မျက်လုံးကိုတောင် အုပ်နိုင်ပါတယ်တဲ့…shwekhitonlinetv.com

  • ၄။ Ninja Lantern Shark

Ninja Shark တွေ ဟာ ငါးမန်းမျိုးစိတ်ထဲမှာ အသေးဆုံးမျိုးစိတ်ဖြစ်ပြီး အရွယ်အစားကတော့ လက်မ ၂၀ လောက်သာ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်တဲ့ ပုံစံကတော့ သားကောင်ကို ရုတ်တရက် အလစ်ဝင်တိုက်တာမျိုး ဖြစ်ပါတယ်။ နောက်ပြီး Ninja Shark တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ မီးရောင်လိုမျိုးတွေ ထုတ်ပြီး လှည့်စားကာ တိုက်ခိုက် တတ်ပါသေးတယ်။ shwekhitonlinetv.com

  • ၃။ Electric Eel

ငါးရှဉ့်တွေထဲမှာတော့ ဒီငါးရှဉ့်ကတော့ အတော်လေးကို ထူးဆန်းတဲ့ မျိုးစိတ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ကနေ လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်နိုင်လို့ ဖြစ်ပါတယ်။ ဗို့အား ၆၅၀ တောင် ထုတ်နိုင်တာကြောင့် လူတစ်ယောက်ကိုတောင် အသက်အန္တရာယ်ရှိ စေနိုင်ပါတယ်။ ဒီငါးရှဉ့်တွေကိုတော့ တောင်အမေရိကမှာ အတွေ့ရများပြီး အရွယ်အစားကတော့ ၈ပေ ကျော်ရှိပါတယ်။ shwekhitonlinetv.com

  • ၂။ Angler Fish

Angler Fish ဆိုတဲ့ အမည်ရခဲ့တာကတော့ သူတို့ရဲ့ ခေါင်းပေါ်မှာ ငါးမျှားချိတ်လိုမျိုးဟာလေး တစ်ခုပါပြီး မီးလင်းနေလို့ပဲ ဖြစ်ပါတယ်။ ဒီချိတ်တွေကို သားကောင် အမဲလိုက်တဲ့အခါမှာရော မိတ်လိုက်ဖို့ ဆွဲဆောင်တဲ့အခါမှာပါ အသုံးပြုတတ်ကြပါတယ်။ ငါးရဲ့ အလေးချိန်ကတော့ ၃ပကျော်သာရှိပြီး အလေးချိန်ကတော့ ပေါင် ၉၀ ကျော်ရှိပါတယ်။ shwekhitonlinetv.com

  • ၁။ Moray Eel

ငါးရှဉ့်မျိုးစိတ် ၂၀၀ ကျော် ရှိတဲ့ အထဲမှာမှ ဒီ Moray ငါးရှဉ့်တွေကလည်း ထူးဆန်းတဲ့ ငါးရှဉ့် မျိုးစိတ်ပဲ ဖြစ်ပါတယ်။ လိုဏ်ဂူနဲ့ ပင်လယ်ရေအောက်က သန္တာကျောက်တန်းတွေထဲမှာ ပုန်းခိုနေထိုင်တတ်ပြီး ချောင်းမြောင်း တိုက်ခိုက်ကာ အမဲ လိုက်ကြပါတယ်။ သူ့ရဲ့ အရေပြားဟာ အကြေးခွံမရှိပဲ ပြောင်ချောချော ဖြစ်နေပြီး အဆိပ်လည်း ရှိပါတယ်။ ခန္ဓာကိုယ်ပုံစံက မြွေလိုမျိုး ဖြစ်ပြီး ချွန်ထက်တဲ့ သွားတွေလည်း ရှိတာကြောင့် အန္တရာယ်အများဆုံး ငါးအဖြစ် သတ်မှတ်ထားပါတယ်။ shwekhitonlinetv.com

အခုဆိုရင်တော့ သမုဒ္ဒရာ အနက်ပိုင်းမှာ ကျက်စားနေကြတဲ့ ထူးထူးဆန်းဆန်းငါးတွေ အကြောင်းကို ဗဟုသုတအနေနဲ့ သိသွားပြီလို့ ထင်ပါတယ်ဗျ။ နောက်လည်း အခုလိုမျိုး ဗဟုသုတရစရာတွေကို ဆက်လက် တင်ဆက်ပေးအုန်းမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုဖို့ မမေ့ပါနဲ့ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။