ထူးထူးခြားခြား နည်းလမ်းတွေနဲ့ ဖန်တီးထားကြတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဘီယာများ

Shwe Khit ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာ ပြောပြပေးချင်တာလေးကတော့ ဘီယာကို ကြိုက်တဲ့သူတွေ စိတ်ဝင်စားစေမယ့် အကြောင်းလေးပါ။ ဒါကတော့ ကမ္ဘာ့ ဈေးအကြီးဆုံး ဘီယာ ၁၀ မျိုး အကြောင်းပဲ ဖြစ်ပါတယ်ဗျ။ ဘယ်လိုမျိုးတွေ ထူးခြားလို့ ဒီလောက်ဈေးကြီးနေရလဲဆိုတာကို လေ့လာကြည့်လိုက် ရအောင်လားဗျာ…. shwekhitonlinetv.com

၉။ Sapporo’s Space Barley
Price: $110/six-pack
ABV: 5.5%

၂၀၀၆ ခုနှစ်တုန်းက ဂျပန်နဲ့ ရုရှားက ပညာရှင်တွေ ပူးပေါင်းပြီး မုယောစပါးပင်တွေဟာ အာကာသထဲမှာ ကြီးထွားနိုင်လားဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။ သူတို့ဟာ မုယောစပါးမျိုးစေ့တွေကို နိုင်ငံတကာ အာကာသ စခန်းထဲမှာ စိုက်ပျိုးထားခဲ့ပါတယ်။ ၅လလောက် စိုက်ပျိုးပြီးတဲ့ အခါမှာတော့ Fourth Generation ဖြစ်တဲ့ မုယောပင်ကို ကမ္ဘာမြေသို့ ပြန်လည် ယူဆောင်လာပါတယ်။ ဒီအပင်ကိုတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Sapporo ဆိုတဲ့ ကုမ္ပဏီဟာ ဘီယာအဖြစ် ချက်ပြီး ကမ္ဘာ့ပထမဆုံး အာကာသ ဘီယာ အဖြစ်ထုတ်လုပ်ခဲ့ပါတယ်။ ဘီယာ ၆လုံးပါ တစ်ခုကို ဒေါ်လာ ၁၁၀ ကျသင့်မှာ ဖြစ်ပြီး အာကာသထဲမှာ ဘီယာသောက်နေရသလိုမျိုး ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ shwekhitonlinetv.com

၈။ Crown Ambassador Reserve
Price: $90/750ml
ABV: 10.2%

နောက်ထပ်ဈေးကြီးတဲ့ ဘီယာတစ်ခုကတော့ သြစတေးလျနိုင်ငံက Crown Ambassador Reserve ဆိုတဲ့ ဘီယာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထုတ်လုပ်ပုံကတော့ သက်တမ်းရင့်နေပြီဖြစ်တဲ့ ပြင်သစ် ဝက်သစ်ချ စည်ပိုင်းကြီးတွေထဲမှာ ၁၂လ လောက်ထားပြီး ရှန်ပိန်ပုလင်းပုံစံမျိုးနဲ့ ထုတ်လုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ သြစတလေးလျက ဘီယာ ထုတ်လုပ်သူတွေဟာ ဒီဘီယာကို ၂၀၀၈ခုနှစ်တည်းက ထပ်ခါထပ်ခါ ထုတ်လုပ်ခဲ့ပေမယ့်လည်း တစ်ခါထုတ်ရင် ပုလင်း ၈၀၀၀လောက်ပဲ ထုတ်လုပ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ တစ်ပုလင်းကို ဒေါ်လာ ၉၀ တန်ကြေးရှိပါတယ်။ shwekhitonlinetv.com

၇။ Tutankhamun Ale
Price: $75/500ml
ABV: 6%

၁၉၉၀ ခုနှစ်တုန်းက Cambridge တက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးဖြစ်တဲ့ Dr. Barry Kempဟာ ဘုရင်မ Nefertiti ရဲ့ တော်ဝင်ဘီယာချက်တဲ့ နေရာကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒေါက်တာဟာ အီဂျစ်ကသဲတွေနဲ့ ဖုံးအုပ်နေတဲ့ ဘီယာချက်တဲ့ အခန်း ၁၀ခန်း ကို တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး ရှေးဟောင်းဘီယာရဲ့ အကြွင်းအကျန်အနည်းငယ်ကိုလည်း တွေ့ခဲ့ပြီး electron microscopeနဲ့ ကြည့်လိုက်တဲ့အခါမှာတော့ ဒီဘီယာအကြွင်းအကျန်လေးဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၂၅၀ သက်တမ်းရှိနေပြီဆိုတာ တွေ့လိုက်ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီဘီယာကိုတွေ့ရှိခဲ့တဲ့ ပညာရှင်တွေနဲ့ စကော့တလန်နိုင်ငံက နာမည်ကြီး ဘီယာကုမ္ပဏီဖြစ်တဲ့ Jim Merrington တို့ ပူးပေါင်းပြီး Queen ဆိုတဲ့ ဘီယာကို အလုံး ၁၀၀၀ ထုတ်လုပ်ခဲ့ပါတယ်။ ပထမဆုံးရောင်းတဲ့ ဈေးနှုန်းကတော့ ၇၆၈၆ ဒေါ်လာဖြစ်ပြီး နောက်ပိုင်းမှာတော့ တစ်လုံးကို ၇၅ဒေါ်လာပဲ ရှိတဲ့အထိ ဈေးကျသွားခဲ့ပါတယ်။ shwekhitonlinetv.com

၆။ Brewdog’s Sink the Bismarck
Price: $80/375ml
ABV: 41%

ဒီဘီယာရဲ့ နာမည်ကို နာဇီဂျာမနီတို့ရဲ့ အကြီးဆုံး စစ်သင်္ဘောကြီးရဲ့ နာမည်ကို ယူပြီး ပေးခဲ့တာပါ။ အကြောင်းကတော့ ဒုတိယ ကမ္ဘာစစ်တုန်းက Bismarck ဆိုတဲ့ စစ်သင်္ဘောဟာ Brewdog ဆိုတဲ့ နာဇီဂျာမနီစစ်သင်္ဘောလက်ချက်နဲ့ နစ်မြုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဂျာမနီက ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုက ကမ္ဘာ့အပြင်းဆုံးဘီယာဆိုပြီး Brewdog လို့နာမည်ပေးခဲ့တာပါ။ Brewdog ဘီယာရဲ့ ထူးခြားချက်ကတော့ အအေးခံထားတဲ့ ဘီယာတွေကို တစ်စက်ချင်းအရည်ပျော်ကျတဲ့ အထိ စစ်ယူလို့ပဲ ဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ ဘီယာ၊ အရက်တွေကို ခါးအောင် ခတ်တဲ့ တစေးသီး အဖူးအမှည့်ခြောက်ကို ၄ကြိမ်လောက် ဘီယာထဲရောနှောပေးလိုက်ပါတယ်။ ဒီလိုနဲ့ အရသာထူးခြားပြီး ဈေးကြီးတဲ့ ဘီယာ ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ တစ်ပုလင်းကို ဒေါ်လာ ၈၀ ကျသင့်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Samuel Adams’ Utopias
Price: $150/700ml
ABV: 27%

ထူးခြားတဲ့ ပုလင်းပုံစံလေးနဲ့ ဆွဲဆောင်ထားတဲ့ ဒီ Samuel Adams’ Utopias ကတော့ အမေရိကမှာ ဈေးအကြီးဆုံး ဘီယာဖြစ်ပါတယ်။ ၂နှစ်နေမှ တစ်ခါထုတ်လုပ်တာဖြစ်ပြီး ထုတ်လုပ်တဲ့အခါမှာလည်း သက်တမ်းရင့် အပင်တွေရဲ့ အရင်းအမြစ်ကိုယူပြီး ထုတ်ပိုးထားတာကြောင့် AVB LAW အရ Utopias ဟာ ပြည်နယ် ၁၃ခုမှာ Ban ခံခဲ့ရပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ တစ်ပုလင်းကို ဒေါ်လာ ၁၅၀ တန်ဖိုးရှိပါတယ်။ shwekhitonlinetv.com

၄။ Schorschbräu’s Schorschbock 57
Price: $275/330ml
ABV: 57.5%

၂၀၁၁ ခုနှစ်တုန်းက Schorschbock 57 ဆိုတဲ့ဘီယာဟာ ကမ္ဘာ့အပြင်းဆုံး ဘီယာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Schorschbräu ဘီယာဟာ ၃၆ပုလင်းသား ထုတ်လုပ်ထားပြီး တစ်ပုလင်းကို ပေါင် ၂၀၀ တန်ကြေးရှိပါတယ်။ ဒီဘီယာကို အရသာခံခဲ့သူတွေ ပြောတာကတော့ သူ့အရသာဟာ စပျစ်သီးခြောက်နဲ့ အရက်ကို ပေါင်းစပ်ထားသလိုဖြစ်ပြီး ဘီယာအရသာလည်း မပျက်ဘူးလို့ ချီးကျူးထားကြပါတယ်။ shwekhitonlinetv.com

၃။ Brewdog’s The End of History
Price: $765/330ml
ABV: 55%

ဒီဘီယာကတော့ ကမ္ဘာ့တတိယ အပြင်းဆုံးနဲ့ ဈေးအကြီးဆုံးဘီယာပါ။ ပြုလုပ်ပုံကတော့ စကော့တလန်က အေးခဲနေတဲ့ ဘယ်ရီသီးတွေကို အရည်ညှစ်ပြီး တစ်စက်ချင်းကျအောင် စစ်ထုတ်ပြီး ချက်ထားတာပဲ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာက သူ့ရဲ့ ပုလင်းပုံစံကြောင့်ပါ။ ဒီဘီယာကို ၁၂ ပုလင်းသာ ထုတ်လုပ်ထားပြီး အကောင်ငယ်လေးတွေကို ရုပ်လုံးသွင်းကာ ပုလင်းအဖြစ်နဲ့ ဒီဇိုင်းဖော်ပေးထားတာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ တစ်ပုလင်းကို ၇၆၅ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Pabst Blue Ribbon 1844
Price: $44.00/720ml
ABV: 6%

အမေရိကန်နိုင်ငံမှာတော့ Pabst Blue Ribbon ဆိုတာ ဈေးအသက်သာဆုံး ဘီယာဖြစ်ပေမယ့်လည်း တရုတ်မှာတော့ ဒီလိုမဟုတ်ပါဘူး။ တရုတ်မှာဆိုရင် ဒီဘီယာဟာ Mercedes Benz of Beers ဖြစ်ပြီး တစ်ပုလင်းကို ၄၄ ဒေါ်လာ တန်ဖိုးရှိပါတယ်။ ဘာ့ကြောင့် ဈေးကြီးရလဲဆိုတော့ ပုလင်းမှာပါတဲ့ အပြာရောင် swill ကြောင့်ပဲ ဖြစ်ပါတယ်။ PBR 1844 ဟာ ဂျာမနီက မုယောစပါးနဲ့ ချက်ထားတဲ့အပြင် သက်တမ်းရင့် အမေရိကန်ဝီစကီစည်ထဲမှာ သိုလှောင်ထားတာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက Customer တွေအတွက်သာ ရောင်းတာဖြစ်လို့ တစ်ခြားနိုင်ငံတွေမှာ ရောင်းမှာ မဟုတ်ပါဘူး။ shwekhitonlinetv.com

၁။ Nail Brewing‘s Antarctic Nail Ale

သြတေးလျနိုင်ငံ Perth မြို့မှာရှိတဲ့ Nail Brewing ဆိုတဲ့ ဘီယာကုမ္ပဏီဟာ Sea Shepherd Conservation Society နဲ့ ပူးပေါင်းပြီး ဘီယာတစ်မျိုး ထုတ်လုပ်ပေးခဲ့ပါတယ်။ Sea Shepherd Conservationဟာ ဟယ်လီကော်ပတာနဲ့ အန္တာတိကတိုက်က ရေခဲတုံးကြီးတွေပေါ်မှာ ဆင်းသက်ပြီး ရေခဲတွေကို ခြစ်ယူပါတယ်။ ရလာတဲ့ ရေခဲတွေကို ပြန်အရည်ဖျော်ပြီး ဘီယာအဖြစ် ချက်ထားတာပဲ ဖြစ်ပါတယ်။ ပုလင်း ၃၀ သာ Limited အနေနဲ့ ထုတ်လုပ်ထားပြီး တစ်ပုလင်းကို ဒေါ်လာ ၈၀၀ နီးပါး တန်ကြေးရှိပါတယ်။ shwekhitonlinetv.com

အခုဆိုရင်တော့ Shwe Khit ပရိသတ်ကြီးအတွက် ဗဟုသုတရစေဖို့ ကမ္ဘာ့ဈေးအကြီးဆုံး ဘီယာတွေ အကြောင်းကို ပြောပြပေးသွားတာပဲ ဖြစ်ပါတယ်ဗျ။ နောက်ပိုင်းမှာလည်း အခုလို ဗဟုသုတရစရာတွေကို ဆက်လက်ဖော်ပြ ဦးမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုံးနော် shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။