ကမ္ဘာ့အကြမ်းဆုံးနဲ့ အသန်မာဆုံးသော ခွေးကြီးများ

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်သတ်ကြီးကို ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ အကြမ်းဆုံးနဲ့ အသန်မာဆုံးလို့ သတ်မှတ်ခံထားရတဲ့ ခွေးကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ကြမ်းလို့လဲဆိုရင် တချို့ခွေးကြီးတွေဟာ နိုင်ငံတော်တော်များများမှာ အန္တရာယ်ရှိလို့ မွေးခွင့်မရှိပဲ တားမြစ်ခံထားရတဲ့ အထိပါပဲ…ကဲ ဒါဆိုရင်တော့ ဘယ်အမျိုးအစားတွေ ပါလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်လားဗျာ…. shwekhitonlinetv.com

  • ၁၀။ GREAT DANE

Great Dane တွေဟာ လွန်ခဲ့တဲ့ ခေတ်တွေတုန်းကဆိုရင် သေချာ Train တာမျိုးတွေ မရှိတဲ့အတွက် အရိုင်းစိတ်ဝင်ပြီး လူတွေကို အန္တရာယ် ပြုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ သေချာ မွေးမြူပြီး သင်ကြားတာတွေ ရှိတဲ့အတွက် Intelligentပိုင်းမှာလည်း တိုးတက်လာသလို အိမ်လုံခြုံရေးအတွက်လည်း အားကိုးရပါတယ်။ သူတို့ရဲ့ အရွယ်အစားနဲ့တင် တော်ရုံသူခိုးက အိမ်ထဲတောင် ဝင်ရဲမှာ မဟုတ်ပါဘူး။ shwekhitonlinetv.com

  • ၉။ BOXER

Boxer တွေမှာ ကြီးမားတဲ့ မေးရိုးတွေ ပိုင်ဆိုင်ထားပြီး တော်တော်လေး အကိုက်သန်တဲ့ အကောင်တွေပဲ ဖြစ်ပါတယ်။ အိမ်ရဲ့ လုံခြုံရေးအတွက်လည်း အတော်အားထားရပြီး သူစိမ်းဧည့်သည်လာတာနဲ့ ဟောင်တဲ့အဆင့်တွေကို ကျော်ပြီး တစ်ခါတည်း ပြေးကိုက်တတ်တာကြောင့် သေချာလေ့ကျင့် ပေးနိုင်မှ တေ်ကာကျမယ့် အမျိုးအစားပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၈။ WOLF HYBRID

Wolf Hybrid တွေဟာ မီးခိုးရောင် မြေခွေးနဲ့ ခွေး မျိုးစိတ်ကိုပေါင်းပြီး မျိုးစပ်ထားတာပါ။ အရိုင်းဆန်သလို ၊ မညှာမတာ ကိုက်ပြီး လူကို အန္တရာယ်ပေးနိုင်တဲ့ အတွက်ကြောင့် နိုင်ငံအတော်များများမှာ Wolf Hybrid တွေကို မွေးမြူဖို့အတွက် ပိတ်ပင်တားမြစ်ထားပါတယ်။ shwekhitonlinetv.com

  • ၇။ ALASKAN MALAMUTE

သူတို့ရဲ့ ပုံစံလေးတွေက အတော်လည်း ချစ်ဖို့ကောင်းသလို အတော်လေးလည်း ခွန်အားရှိပါတယ်။ သားကောင်တွေကို လိုက်တဲ့အခါမှာလည်း အသုံးဝင်လှပေမယ့် သေချာစောင့်ကြည့်ဖို့တော့လိုပါတယ်။ နောက်တစ်ချက်က Alaskan တွေ အလွန် အတတ်မမြန်တဲ့အတွက်ကြောင့် သူတို့ကို တစ်ခုခုကို သင်ကြားပေးမယ်ဆို စိတ်ရှည်ပြီး သင်ကြားပေးမှ ဖြစ်မှာပါ။ shwekhitonlinetv.com

  • ၆။ SIBERIAN HUSKY

SIBERIAN HUSKY တွေဟာ အမှတ်တမဲ့ ကြည့်ရင် Alaskan တွေနဲ့ အတော်လေးကို ဆင်တူပါတယ်။ တစ်ကယ်သင်ကြားပြီး မွေးမြူတတ်မယ်ဆိုရင် အရမ်းကို ခင်မင်ဖို့ကောင်းတဲ့အကောင် တွေပါ။ ဒါပေမယ့်လည်း တစ်ချို့နေရာတွေမှာတော့ အလုပ်ခိုင်းဖို့အတွက်သာ မွေးထားတာကြောင့် အရိုင်းဆန်ပြီး အန္တရာယ်လည်း ပေးနိုင်ပါတယ်။ shwekhitonlinetv.com

  • ၅။ BULLMASTIFF

ဘေးနားမှာ သက်တော်စောင့် တစ်ယောက်လို ရှိနေပေးနိုင်တဲ့ Bullmastiff တွေကတော့ သူတို့ရဲ့ ပင်ကိုသဘာဝကိုက အတော်လေး ရန်မူတတ်ကြပါတယ်။ ဒါ့ကြောင့် သင်ကြားတဲ့အခါ နာခံလွယ်အောင် ၊ ယဉ်ပါးအောင် သင်ကြားပေးထားမယ်ဆိုရင်တော့ ကိုယ့်အတွက် အတော်လေးကို အဖော်ရစေမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၄။ DOBERMANN PINSCHER

Dobermann Pinscher တွေဟာ အတော်လေးကို ဉာဏ်ကောင်းပြီး သန်မာသလို အကြားအားရုံမှာလည်း ထူးချွန်ကြပါတယ်။ ပင်ကို အရိုင်းဆန်တာကြောင့် သူတို့စိတ်ထဲမှာ အန္တရာယ်ရှိတယ်လို့ ခံစားမိလာရင်လည်း မညှာမတာ ကိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အိမ်မှာမွေးမယ်ဆိုရင် အမိန့်နာခံတတ်အောင် နဲ့ ယဉ်ပါးထားအောင် သင်ကြားပေးထားမှသာ ကိုယ့်အိမ်လာမယ့် ဧည့်သည်တွေအတွက် အဆင်ပြေစေမှာပါ။ shwekhitonlinetv.com

  • ၃။ GERMAN SHEPHERD

German Shepherdတွေဟာ အပြေးမြန်တဲ့အပြင် target တစ်ခုကို လိုက်ပြီဆိုရင်လည်း မမိမိအောင်လိုက်တဲ့ အကျင့်ရှိပါတယ်။ သူတို့လည်း ပင်ကိုအရိုင်းဆန်တဲ့ စိတ်ရှိတာကြောင့် သင့်လျော်တဲ့ လေ့ကျင့်ပေးတာမျိုးတွေ ၊ ယဉ်ပါးအောင် လုပ်ပေးတာတွေနဲ့ ကိုယ့်ကို ချစ်ခင်လာအောင်လည်း သင်ကြားပေးသင့်ပါတယ်။ တစ်ကယ်လည်း သင်ကြားပေးတာ အောင်မြင်သွားရင် သူတို့ဟာ အလွန်သစ္စာရှိပြီး သခင်အပေါ်ကိုလည်း ဂရုစိုက်လွန်းတတ်ကြတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

  • ၂။ ROTTWEILER

Rottweiler တွေ စိတ်အတိုအလွယ်ဆုံး အကောင်တွေမို့လို့ လမ်းမှာတွေ့ရင် ယောင်လို့တောင် သွားပြီး မစတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ကိုယ်က ခွေးတော့ ချစ်တတ်တယ်..သေချာ မလေ့ကျင့်ပေးနိုင်ဘူးဆိုရင်တော့ မမွေးတာ အကောင်းဆုံးပါပဲ။ Rottweillerတွေဟာ သင်ပြတဲ့သူက စိတ်ရှည်ပြီး သင်ပေးနိုင်ရင် တစ်ကယ့်ကို အဖော်ရစေမှာ ဖြစ်ပြီး ဒီအတိုင်း မသင်ပေးထားဘူးဆိုရင်တော့ သေချာ ကြိုးနဲ့ ချည်ထားမှ အဆင်ပြေမှာပါ။ shwekhitonlinetv.com

  • ၁။ PIT BULL

PIT BULL တွေကတော့ ပုံစံကိုက အမှန်အကန် ကိုက်မယ့် ပုံစံမျိုုးဖြစ်ပြီး သူ့ရဲ့ အမျိုးအစားကိုကလည်း Fighterအမျိုးအစားပါ။ သူ့တို့မှာ အလွန်အားပြင်းလှတဲ့ မေးရိုးတွေ ရှိပြီး တစ်ခုခုကို ကိုက်ပြီးဆိုရင်လည်း သာမန် ခဲထားတဲ့ အဆင့်မဟုတ်ပဲ ပြတ်ထွက်အောင် ကိုက်တတ်တာမျိုးပါ။ ဒါ့ကြောင့် မွေးဖို့စဉ်းစားထားပြီဆိုရင်တော့ သေချာသင်ပေးပြီး ယဉ်ပါးအောင် အတော်လေးကို ကြိုးစားပေးမှ ရပါမယ် ပရိသတ်ကြီးရေ။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တဲ့ ကမ္ဘာ့ အကြမ်းဆုံးနဲ့ အသန်မာဆုံး ခွေးကြီးတွေထဲက ဘယ်ခွေးအမျိုးအစားကို အကြိုက်ဆုံးလဲဆိုတာကို ပြောပြပေးသွားပါဦး နော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။