၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ အလှဆုံးလို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီး ( ၁၀ ) ဦး

အခုပြောပြပေးချင်တဲ့အကြောင်းကတော့ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာပေါ်က အချောဆုံး၊ အလှဆုံးလို့ သတ်မှတ်ခံထားရတဲ့ မိန်းမချော ( ၁၀ ) ဦးရဲ့အကြောင်းပါ ပရိတ်သတ်ကြီးရေ ။ နိုင်ငံတိုင်းမှာတော့ အလှဆုံးဆိုတဲ့ အမျိုးသမီးတွေကတော့ ရှိစမြဲပါနော် ။ ဒီအမျိုးသမီးတွေကိုတော့ Online ပေါ်မှာရော အပြင်မှာပါ Popular အဖြစ်ဆုံးနဲ့ အခြားသော စံနှုန်းသတ်မှတ်ချက်တွေနဲ့ ရွေးချယ်ထားတာဖြစ်ပါတယ် ။ ဒါဆို ဘယ်သူတွေပါမလဲ ဆက်ကြည့်လိုက်ရအောင်နော် … ။ shwekhitonlinetv.com

  • ၁၀။ Deepika Padukone (India)

ဆွဲဆောင်မှု ရှိလွန်းတဲ့အပြုံးကိုပိုင်ဆိုင်ထားတဲ့ အသက် ၃၃ နှစ်အရွယ် ဒီပီကာလို့ လူသိများတဲ့ အိန္ဒိယရဲ့ နာမည်ကျော်မင်းသမီးကတော့ ဒီစာရင်းမှာ နံပါတ် ( ၁၀ ) ကိုရရှိထားပါတယ်။ ဒီပီကာဟာဆိုရင် ချောလှရုံတင်မကပဲ ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အိန္ဒိယရဲ့ ဝင်ငွေအများဆုံးမင်းသမီးဖြစ်ပါတယ်တဲ့ ။ သူမရဲ့ ဝင်ငွေဟာဆိုရင် တစ်နှစ်ကို ဒေါ်လာ (11) သန်း ရှိပါတယ် ။ shwekhitonlinetv.com

  • ၉။ Selena Gomez (USA)

Disney Star ဖြစ်တဲ့အပြင် ပရိတ်သတ်အသည်းကျော် Selena ကတော့ အမေရိကန်ရဲ့ အငယ်ဆုံးနဲ့ အလှဆုံးကြယ်ပွင့်လေးဖြစ်ပါတယ်။ သူမဟာလည်း ကမ္ဘာပေါ်က အလှဆုံးအမျိုးသမီး စာရင်းမှာ နံပါတ် ( ၉ ) နေရာ ချိတ်ခဲ့ပါတယ် ။ Online ပေါ်မှာအရမ်းကိုလူကြိုက်များပြီးတော့ Instagram မှာ Followers ပေါင်း (157) သန်း ပိုင်ဆိုင်ထားပါတယ် ။ အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့ တစ်နှစ်ဝင်ငွေကတော့ ဒေါ်လာ သန်း (50) ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၈။ Charlize Theron (South Africa)

(၄၄) နှစ်အရွယ်ဖြစ်တဲ့ Charlize Theron ဟာဆိုရင် ကမ္ဘာပေါ်မှာအလှဆုံးနဲ့ Hot အဖြစ်ဆုံး စာရင်းမှာနေရာယူထားဆဲ ဖြစ်ပါတယ်။ တောင်အာဖရိကမှာမွေးဖွားခဲ့တဲ့ သူမဟာ အစပိုင်းမှာရုန်းကန်ခဲ့ရပြီး African Outreach Program မှာပါဝင်ခဲ့ပြီးနောက်မှာတော့ Hollywood မှာ အောင်မြင်တဲ့အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ် ။ သူမရဲ့ ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ သန်း (110) ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၇။ Bella Hadid (USA)

The Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ cosmetic surgeon Dr. Julian De Silva က ကမ္ဘာကျော် Model မလေး Bella Hadid ကို ကမ္ဘာ့အလှဆုံး အမျိုးသမီးဆိုပြီးသတ်မှတ်ခဲ့ပါတယ်။ အသက် ( ၂၃ )နှစ်ပဲရှိသေးတဲ့ Bella ရဲ့ တစ်နှစ်ဝင်ငွေကတော့ ဒေါ်လာ (25) သန်း ရှိပါတယ်။ shwekhitonlinetv.com

  • ၆။ Fahriye Evcen (Turkey)

အသက် ( ၃၃ ) နှစ်ရှိပြီဖြစ်တဲ့ တူရကီသရုပ်ဆောင် Fahriye Evcen ဟာဆိုရင် အပြုံးလှလှလေးတွေနဲ့ ပရိတ်သတ်ကို ဆွဲဆောင်ထားနိုင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းတင်မကဘဲ Turkish, German, English နဲ့ Spanish စတဲ့ ဘာသာစကားတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ပါသေးတယ်တဲ့ ။ shwekhitonlinetv.com

  • ၅။ Taylor Hill (USA)

Victoria’s Secret Angel တစ်ဦးဖြစ်တဲ့ Taylor Hill ကတော့ Fashion လောကရဲ့ ဆွဲဆောင်မှုအရှိဆုံး Model မလေးဖြစ်ပါတယ်။ သူမဟာဆိုရင် ဝင်ငွေအများဆုံး ထိပ်တန်း Model တစ်ဦးအဖြစ် Forbes မှာ နံပါတ် ( ၁၇ )နေရာမှာ ဖော်ပြခြင်းခံခဲ့ရပါသေးတယ် ။ သူမရဲ့ ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ ( 6 ) သန်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

  • ၄။ Priyanka Chopra (India)

Bollywood မှာရော Hollywood မှာပါ နာမည်ကြီးတဲ့ သရုပ်ဆောင် Priyanka Chopra ဟာဆိုရင် Nick Jones နဲ့ စေ့စပ်တဲ့ သတင်းကို ကြော်ငြာပြီးတဲ့နောက်မှာ သူမရဲ့ ကျော်ကြားမှုက တဟုန်ထိုးတက်လာခဲ့ပါတယ်။ အသက် ( ၃၆ ) နှစ်အရွယ် သူမက သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံမကပဲ Miss India ဆုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ ( 15 ) သန်း ပါတဲ့ ပရိတ်သတ်ကြီးရေ … ။ shwekhitonlinetv.com

  • ၃။ Alexandra Daddario (USA)

လှပလွန်းတဲ့ အပြာရောင်မျက်လုံးပိုင်ရှင် Alexandra Daddario ကတော့ လူကြိုက်အရမ်းများပြီး ကမ္ဘာ့အလှဆုံး အမျိုးသမီးနေရာမှာ နံပါတ် ( ၃ ) ချိတ်ခဲ့ပါတယ် ။ အသက် ( ၃၃ ) နှစ်အရွယ် သူမလှတယ်ဆိုတာကတော့ သဘောမတူတဲ့သူ ရှိမယ်မထင်ပါဘူးနော် ။ သူမရဲ့ ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ( 8 ) သန်း ပိုင်ဆိုင်ထားပါသေးတယ် ။ shwekhitonlinetv.com

  • ၂။ Nana (South Korea)

အဆိုတော်မလေး Nana ကတော့ ကမ္ဘာပေါ်က ဒုတိယအလှဆုံးမျက်နှာပိုင်ရှင်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ် ။ အသက်ကတော့ ( ၂၈ ) နှစ်ပါ ။ အဲ့တာအပြင် သူမက တောင်ကိုရီးယားရဲ့ အလှဆုံးအမျိုးသမီးနေရာမှာ နံပါတ် ( ၁ ) ကိုရရှိခဲ့ပါသေးတယ် ။ သူမရဲ့ တစ်နှစ်ဝင်ငွေကတော့ ခန့်မှန်း ဒေါ်လာ ( 1 ) သန်း ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

  • ၁။ Margot Robbie (Australian)

အားလုံးစိတ်ဝင်စားနေတဲ့ နံပါတ် ( ၁ ) နေရာမှာတော့ Suicide squad မှာ Harly Queen အဖြစ်သရုပ်ဆောင်ထားတဲ့ Margot Elise Robbie ပဲဖြစ်ပါတယ် ။ သူမကိုတော့ မသိတဲ့သူ မရှိဘူးလို့ ထင်ပါတယ်နော် ။ သူမရဲ့ လှပလွန်းတဲ့ မျက်လုံးလေးတွေကြောင့် ဒီစာရင်းမှာ နံပါတ် ( ၁ ) နေရာမှာ ရှိနေခဲ့တာပါ ပရိတ်သတ်ကြီးရေ..။ အသက် ( ၂၉ ) နှစ်ဖြစ်ပြီး ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ ( 12 ) သန်း ပါတဲ့ ။ shwekhitonlinetv.com

အခုအပေါ်မှာဖော်ပြပေးခဲ့တဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီး ( ၁၀ ) ယောက်ထဲမှာ ပရိတ်သတ်ကြီးရော ဘယ်တစ်ယောက်ကိုအကြိုက်ဆုံးလဲဆိုတာ ပြောပြခဲ့ပါဦးနော် …။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply