တမူထူးခြားတဲ့ ပုံစံနဲ့ လူတွေကို အံ့သြစေခဲ့တဲ့ အလန်းစား ကြော်ငြာများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ထူးထူးခြားခြားကြော်ငြာပုံစံတွေ အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လို ထူးထူးဆန်းဆန်းတွေနဲ့ ကြော်ငြာခဲ့ကြသလဲဆိုတာကတော့ အောက်ကပုံ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ 3M ဆိုတဲ့ ကုမ္ပဏီဟာ သူတို့ထုတ်လုပ်လိုက်တဲ့ မှန် ဘယ်လောက်တောင် ကြံ့ခိုင်လဲဆိုတာ အထူးအဆန်း ပုံစံနဲ့ Marketing ဆင်းခဲ့ပါတယ်။ ဘယ်လို မျိုးဆင်းလဲဆိုတော့ မှန်ထဲမှာ ပိုက်ဆံအပြည့်ထည့်ထားပြီး မှန်ကို ကွဲအောင် ရိုက်ခွဲနိုင်ရင် အထဲက ပိုက်ဆံတွေ အကုန်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့အချိန်အထိတော့ ဒီကျည်ကာမှန်ကို ဘယ်သူမှ ကွဲအောင် မခွဲနိုင်ကြသေးပါဘူး ။ shwekhitonlinetv.com

၂။ နောက်ထပ်တစ်ခုကတော့ LEGO အရုပ်ကုမ္ပဏီ နဲ့ နာမည်ကြီး Bughatti ကားကုမ္ပဏီတို့ပူးပေါင်းပြီး ကြော်ငြာထားတဲ့ ကားပုံစံပဲ ဖြစ်ပါတယ် ။ ကားတစ်စီးလုံးကို တစ်ကယ့်အစစ်တိုင်း ဖြစ်အောင် LEGO အရုပ်ကလေးတွေနဲ့ဆက်ထားတာဖြစ်ပြီး စတီယာတိုင်နဲ့ ဂီယာတွေတောင် ပါနေပါသေးတယ် ။ ကားအစစ်နဲ့တူအောင် ဖန်တီးပေးထားပေမယ့်လည်း အင်ဂျင်ကတော့ အစစ်မဟုတ်ပါဘူးတဲ့ ။ shwekhitonlinetv.com

၃။ အခုမြင်နေရတဲ့ Ps4 ကနေ ထွက်ရှိမယ့် Spider-Man ဂိမ်းအတွက် Marketing ဆင်းထားတာပဲဖြစ်ပါတယ်။ ပိုကောင်းသွားတာက ရထားတွဲ တစ်တွဲလုံးကို Spider-Man ရဲ့ Theme ကာလာဖြစ်တဲ့ အနီရောင်တွေနဲ့ တန်ဆာဆင်ထားပြီး ထိုင်ခုံတွေရော ရထားတွဲ နံရံတွေကိုပါ ပိုစတာတွေ ကပ်ထားတာပဲ ဖြစ်ပါတယ် ။ Marketing သမားရဲ့ အိုင်ဒီယာကတော့ တစ်ကယ့်ကို လက်ဖျားခါချင်လောက်စရာပါပဲ ။ shwekhitonlinetv.com

၄။ အိမ်ခြံခြေ အကျိုးဆောင်လုပ်ငန်းတစ်ခုဟာ ပုံလေးတစ်ပုံကို အိုင်ဒီယာနဲ့ ဖန်တီးပြီး သူတို့လုပ်ငန်း အတွက် ကြော်ငြာထားခဲ့ပါတယ်။ ပုံထဲမှာ ရေးထားတာကတော့ “ နာမည်ကြီး လုပ်ငန်းတော်တော်များများဟာ အိမ်ဂိုထောင်တစ်ခုကနေ စတည်ထောင်ပြီး အောင်မြင်လာခဲ့ကြတာပါ။ တစ်ကယ်လို့ သင့်မှာ အိမ်ဂိုထောင်တစ်ခု မရှိသေးဘူးဆိုရင် ကျွန်တော်တို့နဲ့ အခုပဲ စပြီး ဆက်သွယ်လိုက်ပါလို့ပြောထားတာပါ ။ “ ပုံလေးက ရိုးရိုးရှင်းရှင်းဖြစ်ပေမယ့် လူတွေကြားထဲမှာတော့ အတော်လေးကို ရေပန်းစားသွားခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၅။ အမှတ်တမဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ သာမန် Billboard တစ်ခုလို့ပဲ ထင်ကြမှာပါ ။ တစ်ကယ်ကတော့ ဒီ Billboard မှာပါတဲ့ ပစ္စည်းတွေအကုန်လုံးက အစစ်တွေကို ချိတ်ပြီး ကြော်ငြာထားတာပဲ ဖြစ်ပါတယ် ။ စက်ဘီး ၊ တီဗီ က အစ အကုန်လုံး အစစ်တွေ ချည်းပါပဲတဲ့ ။ shwekhitonlinetv.com

၆။ ဒီတစ်ခုကတော့ Monitor သုံးတဲ့သူတွေကို မဝယ် ဝယ်ချင်အောင် ဆွဲဆောင်ပြီး Marketing တစ်ခုပဲ ဖြစ်ပါတယ်။ Monitor တစ်ခုတည်းပေါ်မှာ တူညီတဲ့ ပုံ ၃ ပုံကို Resolution အလိုက် ရုပ်ထွက် ဘယ်လို ကွာသွားလဲဆိုတာ ယှဉ်ပြထားတာပဲ ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတာလေးကိုမှ လိုချင်တဲ့ သူတွေကတော့ ဒီ Monitor ကို ပြေးဝယ် မိကြမှာပါ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ Customer ကို အိုင်ဒီယာကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်ခဲ့တဲ့ ကြော်ငြာတွေကို ရှာဖွေစုစည်းပြီး ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။