လူသားဦးနှောက်၊ ခေတ်မီပညာရပ်တွေနဲ့ ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ ဆန်းဆန်းပြားပြားဖြစ်စဉ်များ

နေ့စဉ်ရှင်သန်နေထိုင်နေရတဲ့ လောကကြီးထဲမှာ ခေတ်မီတိုးတက်ပါတယ်ဆိုတဲ့သိပ္ပံပညာရပ်တွေနဲ့တောင် ဖြေရှင်းလို့မရတဲ့ကိစ္စရပ်တွေ၊ လူသားတွေရဲ့ သာမန်ဦးနှောက်နဲ့နားမလည်နိုင်တဲ့ ဖြစ်စဉ်တွေကတော့ အများအပြားရှိလို့နေပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီလိုအကြောင်းဖြစ်စဉ်တွေထဲကမှ လူသိနည်းပြီး ဘယ်သူမှဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ ဆန်းဆန်းပြားပြား ဖြစ်စဉ်အချို့ကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ တစ်ကမ္ဘာလုံးမှာမှ လတ္တီကျုတူတဲ့နှစ်နေရာပဲပေါက်တဲ့ မှို

Devil’s Cigar လို့လူအများသိထားကြပြီး ရုက္ခဗေဒအမည်အရ Chorioactis လို့ခေါ်တဲ့မှိုမျိုးစိတ်တစ်မျိုးဟာ ကမ္ဘာပေါ်မှာ နေရာဒေသနှစ်ခုတည်းမှာပဲ ရှင်သန်ပေါက်ရောက်တဲ့မှိုတစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီနေရာတွေကတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်နဲ့ ဂျပန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ ဒီနေရာဒေသနှစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင်တူညီတဲ့ လတ္တီကျုမျဉ်းနေရာတွေမှာရှိနေပါတယ်။ ဒီမှိုအနေနဲ့ ဘာကြောင့်ဒီနေရာနှစ်ခုမှာပဲ ပေါက်ရောက်ရှင်သန်နေကြသလဲဆိုတာတော့ မှိုပညာရှင်တွေကိုယ်တိုင်လည်း အဖြေရှာလို့မရသေးပါဘူး။ shwekhitonlinetv.com

၂။ စနေဂြိုဟ်ပေါ်က ဆဋ္ဌဂံပုံစံဧရာမမုန်တိုင်းကြီး

စနေဂြိုဟ် (Saturn) မှာ ကမ္ဘာနှစ်ခုစာလောက်အရွယ်အစားကြီးမားတဲ့ ဆဋ္ဌဂံပုံစံဧရာမ မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လျှက်ရှိပါတယ်။ ဒီအရာကို NASA ရဲ့ Cassini အာကာသယာဉ်အနေနဲ့ နှစ်ပေါင်းများစွာစောင့်ကြည့်ဓာတ်ပုံရိုက်ပြီးလေ့လာနေခဲ့ပေမယ့် လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်ပါတယ်။ နောက်ပြီးဒီမုန်တိုင်းကြီးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အရောင်နဲ့ပုံသဏ္ဍာန်အနည်းငယ်ပြောင်းလဲလာတယ်လို့လည်းသိရပါတယ်။ NASA ရဲ့ခန့်မှန်းမှုတွေအရတော့ ဒါဟာမတူညီတဲ့ ဂျက်လေစီးကြောင်း (၆) ခုကြောင့်ဖြစ်နိုင်တယ်ဆိုတာကလွဲရင် အသေးစိတ်သိရဖို့တော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ သန်းတာဟာ ဘာကြောင့်ကူးစက်တာလဲ

ကမ္ဘာပေါ်ကလူသားတိုင်းဟာ နေ့တိုင်းသန်းဝေတဲ့အပြုအမူကို ပြုလုပ်ကြပါတယ်။ ထူးဆန်းတာကတော့ ဒီလိုမျိုးသန်းတာဟာ လူတစ်ယောက်ကနေလူတစ်ယောက်ကိုကူးစက်တက်တဲ့သဘောရှိနေတာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ဘယ်လိုအကြောင်းရင်းကြောင့်လဲဆိုတာတော့ဘယ်သူမှအတိအကျမပြောနိုင်သေးပါဘူး။ လေ့လာတွေ့ရှိချက်အချို့မှာတော့ ဦးနှောက်ကအခြားလူတစ်ယောက်ရဲ့ မျက်နှာကို Copy ကူးယူသလိုလုပ်ဆောင်တက်တာကြောင့် အခုလိုမျိုးသန်းနေတဲ့သူတစ်ယောက်ကိုမြင်ရင် ကိုယ်ပါလိုက်သန်းမိတယ်လို့ ဆိုကြပါတယ်။ ဒါကတိကျခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုတော့မဟုတ်ပါဘူး။ shwekhitonlinetv.com

၄။ အထီးကျန်ဝေလငါးများ

ကျောကုန်းဝေလငါးလို့ခေါ်ကြတဲ့ Humpback whales တွေဟာ ကမ္ဘာပေါ်မှာအထီးကျန်ဆန်ဆန်နေတက်တဲ့ နို့တိုက်သတ္တဝါတွေလို့ လူသိများပါတယ်။ ဒီဝေလငါးတွေဟာသူတို့ဘဝသက်တမ်းတစ်လျှောက်အချိန်အတော် များများကိုတစ်ကိုယ်တော်နေထိုင်ပြီးဖြတ်သန်းတယ်လို့ လေ့လာသူတွေရဲ့အဆိုအရသိရပါတယ်။ သူတို့ိကို (၂) ကောင်တွဲ (၃) ကောင်တွဲတွေ့မြင်ရဖို့ဆိုတာ အတော်လေးကိုရှားပါးလှပါတယ်။ ဘာကြောင့်သူတို့အနေနဲ့ အခုလိုတစ်ကိုယ်တည်းနေထိုင်ကြသလဲဆိုတာတော့ မေးခွန်းများစွာရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရုရှားနိုင်ငံ Dancing Forest ထဲကသစ်ပင်များ

Dancing Forest ဆိုတာကတော့ အင်တာနက်အသုံးပြုသူအတော်များများနဲ့ရင်းနှီးပြီးသား အခေါ်အဝေါ်တစ်ခု၊ မြင်ဖူးတွေ့ဖူးနေကြ သစ်တောတစ်ခုဖြစ်ပါလိမ့်မယ်။ ဒီတောထဲမှာရှိတဲ့ ထင်းရှုးပင်တွေရဲ့ပုံသဏ္ဍာန်ကတော့ အတော်လေးကိုထူးဆန်းလှပြီး ကောက်ကွေးညွှတ်ကိုင်းနေတာကြောင့် အခုလိုမျိုး Dancing Forest ဆိုပြီးနာမည်ပေးထားတာလည်းဖြစ်ပါတယ်။ ဒီထင်းရှုးပင်တွေဘာကြောင့်အခုလိုမျိုး ကောက်ကွေးညွှတ်ကိုင်းနေရသလဲဆိုတဲ့အဖြေကိုတော့ ခိုင်လုံတဲ့အထောက်အထားတွေနဲ့ အတိအကျသက်သေပြနိုင်တဲ့သူတော့ မရှိသေးပါဘူး။ လေ့လာမှုတွေအရဆိုရင်တော့ လေပြင်းတွေနဲ့ မတည်ငြိမ်တဲ့မြေဆီလွှာတွေကြောင့်လို့သာ ခန့်မှန်းရပါတယ်။ shwekhitonlinetv.com

၆။ ဆိုက်ဘေးရီးယားမှ ထူးဆန်းတဲ့ဧရာမချိုင့်ဝှမ်းကြီး

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာရှိတဲ့ ဒီဧရာမချိုင့်ဝှမ်းကြီးကိုတော့ “Patom” လို့နာမည်ပေးထားပါတယ်။ မီးတောင်ဝနဲ့တူတဲ့ဒီချိုင့်ဝှမ်းကြီးဟာ အကျယ် (၅၂၀) ပေနဲ့ အမြင့် (၁၃၉) ပေ ရှိပါတယ်။ ဆိုက်ဘေးရီးယားဒေသခံတွေကတော့ ဒီအရာကြီးကို “Fire Eagle’s Nest” လို့ခေါ်ကြပြီး ဒီအနီးအနားကို တိရိစ္ဆာန်တွေလုံးဝလာရောက်ခြင်းမရှိတာကြောင့် ထူးခြားတဲ့ သေဆုံးမှုတွေနဲ့စပ်ဆက်နေမယ်လို့ ယူဆကြပါတယ်။ ဒီမီးတောင်ဝတောင်ဝပုံစံချိုင့်ဝှမ်းကြီးကို ရုရှားဘူမိဗေဒပညာရှင် Vadim Kolpakov က ၁၉၄၉ ခုနှစ်မှာပထမဆုံးတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် ဒီအရာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀) လောက်ကတည်းကတည်ရှိနေခဲ့တာဖြစ်ကြောင်း သိရပါတယ်။ နျူကလီးယားစမ်းသပ်မှု၊ ပန်းကန်ပြားပျံပျက်ကျမှု စသဖြင့်ထင်ကြေးတွေ သီအိုရီတွေအမျိုးမျိုးထွက်ပေါ်နေတဲ့ ဒီအရာကြီးကလည်း ဒီနေ့အထိသိပ္ပံပညာရှင်တွေ ဖြေရှင်းချက်မပေးနိုင်သေးတဲ့ အရာတစ်ခုဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။