ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဘာသာစကား (၇) မျိုး

လူဦးရေ သန်းပေါင်း (၇၀၀၀) ကျော်မှီတင်းနေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးမှာတော့ မတူညီတဲ့ လူသားမျိုးနွယ်စုပေါင်းများစွာဟာလည်း ကွဲပြားတဲ့ ဘာသာစကားတွေနဲ့ တစ်ဦးကိုတစ်ဦး ဆက်သွယ်ပြောဆိုလျှက်ရှိကြပါတယ်။ ဒီကနေ့ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ဒီလိုများပြားလှတဲ့ ဘာသာစကားတွေထဲကမှ ကမ္ဘာပေါ်မှာ လူသုံးအများဆုံးဖြစ်တဲ့ ဘာသားစကားတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် ….. shwekhitonlinetv.com

၁။ English – (1.13) Billion

ဂျာမန်အနွယ်များဖြစ်သည့် Celts နှင့် Vikings မှနော်မန်အထိအင်္ဂလိပ်သည်ဘာသာစကားဆိုင်ရာလွှမ်းမိုးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ ဗြိတိန်မှဘာသာစကားသည်ကိုလိုနီနယ်ချဲ့မှု၊ကုန်သွယ်ရေး နှင့် အပြန်အလှန်ဆက်သွယ်မှု စသည်တို့ကနေတစ်ဆင့် တစ်ကမ္ဘာလုံးကိုပျံ့နှံ့သွားခဲ့ပါတယ်။

အင်္ဂလိပ်ဘာသာစကားဟာ ကနေဒါ၊ ယူနိုက်တက်ကင်းဒမ်း၊ အိုင်ယာလန်၊ နိုင်ဂျီးရီးယား၊ သြစတြေးလျနှင့်နမီးဘီးယားနိုင်ငံတွေရဲ့ ရုံးသုံးဘာသာစကားဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာတော့ အမေရိကန်နှင့်ဗြိတိသျှမီဒီယာတွေကို လူကြိုက်များမှုနဲ့အတူလူငယ်တွေကြားမှာလည်း အင်္ဂလိပ်စကားအသုံးအနှုန်းမှု ပိုမိုတိုးများလာခဲ့ပါတယ်။ shwekhitonlinetv.com

၂။ Chinese Mandarin – (1.12) Billion

Chinese Mandarin (မန်ဒရင်း) ဘာသာစကားကိုတော့ ကမ္ဘာပေါ်ကလူဦးရေ (၁.၁၂) ဘီလီယံလောက်ပြောကြားလျှက်ရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဒါကြောင့် Chinese Mandrain ဟာကမ္ဘာပေါ်မှာ ဒုတိယမြောက် လူသုံးအများဆုံး ဘာသာစကားလို့ ဆိုရမှာဖြစ်ပါတယ်။ မျိုးကွဲများစွာရှိတဲ့ တရုတ်ဘာသာစကားတွေထဲကမှ Mandarin ဘာသာစကားကိုတော့ တရုတ်၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် စတဲ့ အာရှနိုင်ငံအများစုမှာ ကျယ်ပြန့်စွာ အသုံးပြုပြောဆိုကြပါတယ်။ shwekhitonlinetv.com

၃။ Hindi – (615) million

Hindi (ဟိန္ဒီ) ဘာသာစကားကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က အိန္ဒိယအနောက်မြောက်ပိုင်းမှာ အခြေချနေထိုင်ခဲ့တဲ့ အာရိယန် လူမျိုးစုတွေရဲ့ရှေးဟောင်း ဘာသာစကားဖြစ်ပါတယ်။ Hindi ဘာသာစကားဟာ ရာစုနှစ်များစွာ တူရကီ၊ ပေါ်တူဂီ၊ ပါရှန်း၊ အာရဗီနှင့်အင်္ဂလိပ်ဘာသာတို့ကိုလွှမ်းမိုးထားခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ Hindi ဘာသားစကားပြောဆိုသုံးစွဲသူ (၆၁၅) သန်းရှိပြီး အိန္ဒိယနိုင်ငံရဲ့ အဓိကဘာသာစကားဖြစ်ပါတယ်။ ဒါ့အပြင် နီပေါ၊ အမေရိကန်၊ တောင်အာဖရိက၊ ယီမင်၊ မော်ရစ်တေးနီးယား တို့မှာလည်း Hindi ဘာသာစကားကို အသုံးပြုကြပါတယ်။ shwekhitonlinetv.com

၄။ Spanish – (534) million

တစ်ချိန်က အင်အားကြီးခဲ့တဲ့ စပိန်လူမျိုးတွေရဲ့ ဘာသာစကားကလည်း လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အဓိကဘာသာစကား အဖြစ်အသုံး ပြုလျက်ရှိပါတယ်။ စပိန်ဘာသာစကားကိုတော့ စပိန်နိုင်ငံနှင့် လက်တင်အမေရိကနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနား၊ အယ်လ်ဆာဗေးဒိုး၊ ချီလီ၊ မက္ကဆီကို၊ ဂွါတီမာလာ၊ ကော့စတာရီကာတို့မှာလည်း အဓိကဘာသာစကားအဖြစ် တွင်ကျယ်စွာသုံးစွဲပြောဆိုနေကြပါတယ်။
တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင်တော့ စပိန်စကားပြောတဲ့သူ အရေအတွက်ဟာ (၅၃၄) သန်းရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၅။ French – (280) million

ကမ္ဘာတစ်ဝှမ်းရှိလူပေါင်းသန်း (၂၈၀) ခန့်ကတော့ ပြင်သစ်ဘာသာစကားကို ပြောဆိုကြတယ်လို့သိရပါတယ်။ ပြင်သစ်ဘာသာစကားကိုတော့ မူရင်းဇာတ်မြစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်အပြင် ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ အိုင်ဗရီကို့စ်၊ မာလီနှင့်ဟေတီမှာလည်း ပြောဆိုကြပါတယ်။ နောက်ပြီး ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ နိုင်ငံငယ်လေးတွေမှာလည်း ပြင်သစ်စကားကို အများအပြားသုံးပြုလျှက်ရှိပါတယ်။ လည်းပြင်သစ်စကားကိုပြောဆိုကြသည်။ shwekhitonlinetv.com

၆။ Standard Arabic – (274) million

Standard Arabic ဘာသာစကားဆိုတာကျတော့ အာရေဗျကျွန်းဆွယ်မှဆင်းသက်လာတဲ့ Semitic ဘာသာစကားရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ အာရေဗျကျွန်းဆွယ်ရှိတဲ့ ခြေသလုံးအိမ်တိုင်မျိုးနွယ်စုတွေဟာ ဒေသတစ်ခုမှတစ်ခုသို့ပြောင်းရွှေ့သွားလာ နေထိုင်ခြင်းနဲ့အတူ ဒီဘာသာစကားဟာလည်း ပျံ့နှံ့ခဲ့ရပါတယ်။ အရှေ့အလယ်ပိုင်းနှင့်အာရပ်စော်ဘွားများပြည်ထောင်စု၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ယီမင်၊ ဆူဒန်၊ ကာတာ၊ အာဖဂန်နစ္စတန် စတဲ့ဒေသတွေမှာတော့ Standard Arabic ဘာသာစကားကို အဓိကထားပြောဆိုကြတယ်လို့သိရပါတယ်။ ဒီလိုမျိုး Standard Arabic ဘာသာစကားပြောတဲ့ သူတွေကို စစ်တမ်းတွေနဲ့ စာရင်းပြစုခဲ့ရာမှာတော့ အရေအတွက် (၂၇၄) သန်းကျော်ရှိပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …  shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။