နေစကြဝဠာကြီးထဲက စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး အချက်အလက်များ

ရွှေခေတ်ရဲ့စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ စကြဝဠာကြီးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။ ဘယ်လိုထူးဆန်း အံ့အားသင့်ဖွယ်အကြောင်းအရာတွေများဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် …… shwekhitonlinetv.com

၁။ နေမင်းကြီး ပျက်ဆီးမယ့်အချိန်

နေစကြဝဠာ(နေအဖွဲ့အစည်း)ရဲ့သက်တမ်းဟာအတိအကျပြောရရင် နှစ်ပေါင်း (၄.၅၇၁) ဘီလီယံရှိပြီဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းတွက်ချက်မှုအရ နှစ်ပေါင်း (၅) ဘီလီယံခန့်မှာနေဟာ ကြယ်နီကြီး (Red Giant) အဆင့်ဖြစ်လာမှာဖြစ်တယ်လို့သိရပါတယ်။ နှစ်ပေါင်း (၇.၅) ဘီလီယံခန့်မှာတော့ နေရဲ့ ကြီးမားကျယ်ပြန့်လာတဲ့မျက်နှာပြင်က ကမ္ဘာကြီးအပါအဝင် နေအဖွဲ့အစည်းတစ်ခုလုံးကို ဝါးမျိုသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အထီးကျန်လွန်းတဲ့ဂြိုဟ်နှစ်လုံး

မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်) နေကြဝဠာ (နေအဖွဲ့အစည်း) အတွင်းမှာ ဂြိုဟ်ရံလ မရှိတဲ့ဂြိုဟ်များဖြစ်ကြပါတယ်။ လက်ရှိချိန်အထိ နေအဖွဲ့အစည်းအတွင်းမှာ နာဆာ (NASA) ကရှာတွေ့ပြီး အတည်ပြုထားတဲ့ ဂြိုဟ်ရံလပေါင်း (၁၇၆) ခုရှိပြီး တစ်ချို့ဂြိုဟ်ရံလတွေက မာကျူရီဂြိုဟ် ထက်တောင်ကြီးမားကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ အပူဆုံးဂြိုဟ်

ရှေးအခါက လူအများစုကဟာ မာကျူရီဂြိုဟ်ကို နေနှင့်အနီးဆုံးမှာရှိလို့ အပူဆုံးဂြိုဟ် ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်းလက်တွေ့မှာတော့ ဗီးနပ်စ်ဂြိုဟ်က အပူဆုံးဖြစ်နေကြောင်း လေ့လာမှတွေအရသိရှိခဲ့ကြရပါတယ်။ ဗီးနပ်စ်ဂြိုဟ်ရဲ့လေထုထဲမှာ ဓာတ်ငွေ့များစွာပါဝင်နေပြီး ဖန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်ျစတာကြောင့် ဂြိုဟ်ရဲ့အပူချိန်ဟာလည်း (၈၆၄) ဒီဂရီဖာရင်ဟိုက် အထိမြင့်တက်နေရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဧရာမတောင်ကြီး Olympus Mons

နေအဖွဲ့အစည်းထဲမှာရှိတဲ့ ဂြိုဟ်တွေလတွေ ထဲမှာ အမြင့်ဆုံးတောင်ရှိတာကတော့ မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်) ပဲဖြစ်ပါတယ်။ မားစ်ဂြိုဟ်ပေါ်မှာရှိတဲ့ Olympus Mons ဟာ (၁၆) မိုင် လောက်မြင့််မားတယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ထက် (၃) ဆပိုမြင့်တဲ့ ပမာဏပဲဖြစ်ပါတယ်။ Olympus Mons ဟာ မြင့်မားရုံတင်မကဘဲ ကျယ်လဲကျယ်ပြန့်တဲ့ ဧရာမတောင်ကြီးဖြစ်ပါတယ်။ သူ့အကျယ်အဝန်းက စတုရန်းပေ (၃၇၄,၀၁၅) ရှိပြီး အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တစ်ခုလုံးစာလောက်ရှိပါတယ်။ shwekhitonlinetv.com

၅။ အလင်းနှစ် (၁) သိန်းကျော်ကျယ်ပြန့်တဲ့ Milky Way Galaxy

နေစကြဝဠာပါဝင်နေတဲ့ မစ်ကီဝေးဂလက်ဆီ (Milky Way Galaxy) ကြီးဟာ အလင်းနှစ်ပေါင်း (၁၀၅,၇၀၀) လောက်ကျယ်ပြန့်ပါတယ်။ ဒီနေ့ခေတ်အမြန်ဆုံးဖြစ်တဲ့ အာကာသယာဥ်နဲ့ မစ်ကီဝေးဂလက်ဆီရဲ့ အလယ်ဗဟိုကိုသွားမယ်ဆိုရင်တော့ ကမ္ဘာနှစ် (၄၅၀,၀၀၀,၀၀၀) လောက်ကြာအောင်သွားရမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ကမ္ဘာအလုံးပေါင်း (၁) သန်းကျော်လောက်ဝင်ဆံ့တဲ့ နေမင်းကြီး

နေရဲ့ အချင်းဟာ ကမ္ဘာမြေရဲ့အချင်းထက် (၁၀၉) ဆလောက်ရှိပါတယ်။ ဒါဟာ နေထဲကို ကမ္ဘာ​အလုံးပေါင်း (၁,၃၀၀,၀၀၀) ကျော်လောက်ထည့်ထားလို့ရတဲ့ အရွယ်အစားဖြစ်ပါတယ်။ ဒါ့အပြင်နေရဲ့အလေးချိန်ဟာ ကမ္ဘာထက် အဆ (၃၃၀,၀၀၀) လောက်ပိုလေးပါတယ်။
နေဟာ အလွန်ကြီးမားပြီး နေအဖွဲ့အစည်းအတွင်းရှိဒြပ်ထုအားလုံးရဲ့ (၉၉.၈၅%) ထိရှိပါတယ်။ shwekhitonlinetv.com

၇။ လပေါ်ကခြေရာတွေဟာ ပျောက်ပျက်မသွားနိုင်ပါဘူး

လူသားတွေ လပေါ်ကိုခြေချနိုင်ခဲ့စဥ်က ထင်ကျန်ခဲ့တဲ့ခြေရာတွေဟာ ယနေ့တိုင်မပျောက်ပျက်သေးဘူးလို့သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ လပေါ်မှာလေနဲ့ တစ်ခြားတိုက်စားမှုတွေ မရှိတာကြောင့်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။