အများပြည်သူဆိုင်ရာ အားလပ်ရက် (သို့မဟုတ်) အစိုးရရုံးပိတ်ရက် အများဆုံး ကမ္ဘာ့နိုင်ငံများ

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ပြက္ခဒိန်နှစ်တစ်နှစ်မှာ အများပြည်သူဆိုင်ရာအားလပ်ရက် (သို့မဟုတ်) တရားဝင်အစိုးရရုံးပိတ်ရက်ဆိုပြီးသတ်မှတ်ထားတာရှိပါတယ်။ New Year Holiday , Christmas Day စတဲ့နေ့တွေလို နိုင်ငံတကာနဲ့သက်ဆိုင်တဲ့ ပိတ်ရက်တွေရှိသလို မိမိတို့နိုင်ငံရဲ့သမိုင်းကြောင်းအရ အမျိုးသားရေးနဲ့သက်ဆိုင်တဲ့ပိတ်ရက်၊ ဘာသာရေး၊ လူမျိုးရေးနဲ့သက်ဆိုင်တဲ့ပိတ်ရက် စတာမျိုးတွေလည်းရှိတက်ပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံ ပိတ်ရက်စုစုပေါင်းကွဲပြားခြားနားစွာရှိကြတဲ့အထဲမှာမှ အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်က အများပြည်သူဆိုင်ရာအားလပ်ရက် (သို့မဟုတ်) အစိုးရရုံးပိတ်ရက်အများဆုံးနိုင်ငံ (၁၀) နိုင်ငံကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ မြန်မာ – (၃၂) ရက်

ဒီစာရင်းမှာ ပိတ်ရက်အများဆုံးနဲ့ ထိပ်ဆုံးကဦးဆောင်နေတာကတော့ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ ပြက္ခဒိန်နှစ်တစ်နှစ်ကို ပုံမှန်အားဖြင့်မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရပိတ်ရက်ပေါင်းက (၃၂) ရက်အထိရှိပါတယ်။ သင်္ကြန်ပွဲတော်ပိတ်ရက် (၈) ရက်၊ သီတင်းကျွတ်ပိတ်ရက် (၅) ရက်၊ တန်ဆောင်တိုင်ပိတ်ရက် (၄) ရက် စတဲ့ရက်ရှည်ပိတ်ရက်တွေကြောင့်လည်း စုစုပေါင်းပိတ်ရက်အရေအတွက်က အခုလိုများနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ နီပေါ – (၃၀) ရက်

နောက်ထပ်တစ်နိုင်ငံကတော့ အာရှတိုက်က နီပေါနိုင်ငံဖြစ်ပါတယ်။ နီပေါနိုင်ငံဟာတစ်နှစ်ကို တရားဝင်အစိုးရရုံးပိတ်ရက်ပေါင်း (၃၀) ရက်ရှိပြီး ပိတ်ရက်အများစုကတော့ ဘာသာရေးနဲ့ဆက်နွယ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ သီရိလင်္ကာ – (၂၅) ရက်

တတိယမြောက်အစိုးရရုံးပိတ်ရက်အများဆုံးနိုင်ငံကလည်း အာရှတိုက်ကပဲဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံကတော့ ဒီစာရင်းမှာပါတဲ့နိုင်ငံတွေ အားလုံးအနက်အထူးခြားဆုံးလို့ဆိုရမှဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်စဉ်နှစ်တိုင်း ဒီပိတ်ရက်အရေအတွက်ကပုံသေဖြစ်ပြီး ဘာအကြောင်းနဲ့မှ ပြောင်းလဲတာ၊ အတိုးအလျော့လုပ်တာမျိုး မရှိဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၄။ ဘင်္ဂလားဒေ့ရှ် – (၂၂) ရက်

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း အီဂျစ်နိုင်ငံလိုပဲ တစ်နှစ်မှာ တရားဝင် အစိုးရရုံးပိတ်ရက် (၂၂) ရက်သတ်မှတ်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ နောက်ပြီးအီဂျစ်နိုင်ငံလိုမျိုးပဲ သူတို့ရဲ့ပိတ်ရက်တွေမှာ အမျိုးသားရေးနဲ့သက်ဆိုင်တာက (၈) ရက်ပဲပါဝင်ပြီး ကျန်တာကတော့ ကိုးကွယ်မှုဆိုင်ရာနဲ့ ပတ်သတ်တဲ့ ပိတ်ရက်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အီဂျစ် – (၂၂) ရက်

အာဖရိကတိုက်က အီဂျစ်နိုင်ငံကတော့ တစ်နှစ်တာလုံးမှာ စုစုပေါင်းအများပြည်သူအားလပ်ရက် (၂၂) ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့၊ အမျိုးသားရေးနဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ်နေ့အဖြစ်ပိတ်တဲ့ ပိတ်ရက်ကတော့ ဒီထဲမှာ (၇) ရက်ပဲပါပါတယ်။ shwekhitonlinetv.com

၆။ ကမ္ဘောဒီးယား – (၂၁) ရက်

အာဆီယံဒေသတွင်းက ကမ္ဘောဒီးယားနိုင်ငံကတော့ ပုံမှန်အတိုင်းဆိုရင် တစ်နှစ်ကိုပိတ်ရက်စုစုပေါင်း (၂၁) ရက်ရှိပါတယ်။ ဒါပေမယ့်နိုင်ငံတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပိတ်ရက်တွေပါထည့်တွက်ရင်တော့ (၂၃) ရက်လောက်ဖြစ်သွားတက်ပါတယ်။ shwekhitonlinetv.com

၇။ အိန္ဒိယ – (၂၁) ရက်

အာရှတိုက်ရဲ့အင်အားကြီးနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်သလို လူဦးရေလည်းများပြားလွန်းတဲ့ အိန္ဒိယနိုင်ငံကတော့ ဘုံသတ်မှတ်ထားတဲ့ ပုံမှန်အားလပ်ရက်ပေါင်းတစ်နှစ်ကို (၂၁) ရက်အထိရှိပါတယ်။ ဒါပေမယ့် ပြည်နယ်တွေအလိုက်ခြားနားတဲ့ လူမျိုးရေး၊ ဘာသာရေးပွဲတွေကြောင့်နိုင်ငံရဲ့ တစ်ချို့ဒေသတွေမှာတော့ ပိတ်ရက်ကဒီထက်ပိုများပါတယ်။ shwekhitonlinetv.com

၈။ လက်ချင်စတိန်း – (၂၀) ရက်

လက်ချင်စတိန်းကတော့ သြစတြီးယားနဲ့ဆွစ်ဇာလန်နိုင်ငံကြားမှာရှိတဲ့ ဥရောပနိုင်ငံငယ်လေးဖြစ်ပါတယ်။ လူဦးရေ (၄၀၀၀၀) နီးပါးပဲနေထိုင်တဲ့ လက်ချင်စတိန်းနိုင်ငံမှာတော့ ပုံမှန်အစိုးရရုံးပိတ်ရက်က ရက်ပေါင်း (၂၀) ရှိပါတယ်။ shwekhitonlinetv.com

၉။ အာဂျင်တီးနား – (၁၉) ရက်

တောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံဟာလည် လက်ဘနွန်နိုင်ငံလိုပဲ ပုံမှန်အတိုင်းဆိုရင် အများပြည်သူဆိုင်ရာတရားဝင်အားလပ်ရက်က (၁၉) ရက်ပဲရှိတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံမှာ အလုပ်မလုပ်တဲ့ရက် (Non-working Days) ဆိုပြီးသတ်မှတ်ထားတဲ့ရက်တွေလည်းရှိပါသေးတယ်။ shwekhitonlinetv.com

၁၀။ လက်ဘနွန် – (၁၉) ရက်

အရှေ့အလယ်ပိုင်းဒေသက လက်ဘနွန်နိုင်ငံကတော့ ပြက္ခဒိန်နှစ်တစ်နှစ်မှာ တရားဝင်အစိုးရရုံးပိတ်ရက်ပေါင်း (၁၉) ရက်ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့အခြေအနေပေါ်မူတည်ပြီး ဘာသာရေးနဲ့သက်ဆိုင်တဲ့ပိတ်ရက်တွေ ထပ်တိုးတက်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။