ဖုန်းအစွဲလန်းလွန်ရောဂါ (Nomophobia) ရှိနေကြောင်း သိနိုင်တဲ့ အချက်များ

‘NO MObile PhoBIA’ လို့ခေါ်တဲ့ Nomophobia ဆိုတာကတော့ တိုးတက်လာတဲ့ ခေတ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ ဆိုနိုင်မယ့် ခေတ်သစ်ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဖုန်းတွေဟာ ဆက်သွယ်ရေး ကိရိယာသက်သက်ဆိုတာထက် အဓိပ္ပါယ်အများကြီးပိုလာတာနဲ့ အမျှ လူကြီးလူငယ်မရွေး စမတ်ဖုန်းကို မိမိတို့ရဲ့တစ်နေ့တာ အချိန်တော်တော်များများမှာ ထိတွေ့သုံးစွဲလာကြပါတယ်။ shwekhitonlinetv.com

လေ့လာတွေ့ရှိချက်တွေအရတော့ ဗြိတိန်မှာနေထိုင်တဲ့သူ (၅၃) ရာခိုင်နှုန်းလောက်ဟာ ၎င်းတို့ရဲ့ဖုန်း ဘက္ကထရီကုန်သွားတဲ့အခါ၊ လိုင်းမမိတော့တဲ့အခါ စတဲ့အခြေအနေမျိုးတွေမှာ စိုးရိမ်ပူပန််မှုတွေကို ခံစား​နေကြရကြောင်း သိရပါတယ်။ shwekhitonlinetv.com

အမေရိကန်မှာကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ချို့မှာလည်း နိုင်ငံ့လူဦးရေရဲ့ တစ်ဝက်နီးပါးလောက်က စမတ်ဖုန်းတွေမရှိဘဲ ရှင်သန်နိုင်ဖို့ ခက်ခဲတယ်လို့ဖြေဆိုခဲ့ကြပါတယ်။ အဲ့ဒီအထဲက (၂၀) ရာခိုင်နှုန်းကတော့ အင်တာနက်စွဲလန်းခြင်းပြဿနာမျိုးနဲ့ ကြုံနေရပါတယ်။ shwekhitonlinetv.com

ဒီလို ပြဿနာတွေကတစ်ဆင့် ဖုန်းအစွဲလန်းလွန်တဲ့ Nomophobia ရောဂါဆန်းကို လူတွေဟာ ရမှန်းမသိ ရရှိလာကြပါတယ်။ လူတစ်ယောက်မှာ Nomophobia ရှိမရှိ ဆန်းစစ်သိရှိနိုင်မယ့် လက္ခဏာတွေကတော့ ….. shwekhitonlinetv.com

၁။ ဖုန်းအားနည်းနေချိန်တွင် စိုးရိမ်စိတ်ဝင်လာခြင်း

မြန်မာနိုင်ငံမှာလည်း မိမိတို့ရဲ့ပတ်ဝန်းကျင်က လူတစ်ချို့မှာ ဒီလက္ခဏာကိုတွေ့မြင်ရနိုင်ပါတယ်။ ဖုန်းအားကုန်ခါနီးလာလေ သူတို့စိတ်တွေက အလျင်စလိုဖြစ်လာပြီး၊ တစ်ခုခုကိုစိုးရိမ်နေသလိုမျိုးပေါ့။ တစ်ချို့ဆို အဲ့ဒီလိုအချိန်မျိုးဖုန်သုံးနေရင်း ချွေးစေးတွေပါထွက်တဲ့ အထိ စိတ်ထဲမှာ အမည်မဖော်နိုင်တဲ့ စိုးရိမ်ကြောင့်ကြမှုကို ခံစားကြရပါတယ်။ shwekhitonlinetv.com

၂။ လက်ကိုင်ဖုန်းမပါလျှင် ဘာမှစွမ်းဆောင်နိုင်သလိုခံစားရခြင်း

တစ်ကယ်လို့များ သင့်အနေနဲ့ ဘယ်နေရာသွားသွားလက်ကိုင်ဖုန်းမပါရင် မဖြစ်သလိုခံစားနေရတာဟာလည်း Nomophobia ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ဖုန်းမပါဘဲ အချိန်မသိနိုင်တာမျိုး၊ သတင်းတွေအချိန်နဲ့တပြေးညီမသိရှိနိုင်သလို ခံစားနေရတာမျိုး၊ ဖုန်းထဲမှာပါဝင်တဲ့ ဂဏန်းပေါင်းစက်လို တွက်ချက်မှု ကိရိယာတွေမပါဘဲ မိမိဦးနှောက်က မတွက်ချက်နိုင်တော့သလို ခံစားရတာမျိုးစသဖြင့်ပေါ့။ shwekhitonlinetv.com

၃။ Smartphone Separation Anxiety

ဒီအချက်ကတော့ ပညာရှင်တွေက “Smartphone separation anxiety” (စမတ်ဖုန်းခွဲခွာခြင်းဆိုင်ရာစိုးရိမ်ပူပန်မှု) လို့တင်စားသုံးနှုန်းထားပါတယ်။ အနီးစပ်ဆုံး မြန်မာမှုပြုရမယ်ဆိုရင်တော့ ဖုန်းမပွတ်ရတဲ့အခါ တစ်မျိုးလိုနေသလိုလိုခံစားရတာမျိုး နဲ့ ဖုန်းမသုံးဖို့ပိတ်ပင်ခြင်း ခံထားရတဲ့အခါ နေမထိထိုင်မသာဖြစ်သလို ခံစားမှုမျိုးကို ဆိုီုတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ စမတ်ဖုန်းကြောင့် လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းလာခြင်း

ဒီနေ့ခေတ်မှာ ဝန်ထမ်းတစ်ဦးဟာ ၎င်းရဲ့စမတ်ဖုန်းအသုံးပြုမှုကြောင့် အလုပ်ခွင်အတွင်း စွမ်းဆောင်ရည်ကျဆင်းလာပြီး အလုပ်ပြုတ်သွားနိုင်တဲ့အထိကို စမတ်ဖုန်းရဲ့သက်ရောက်မှုက ကြီးမားလာနေပါတယ်။ စမတ်ဖုန်းစွဲလမ်းခြင်း (Nomophobia) ကြောင့် အလုပ်ခွင်တွင်း အာရုံစူးစိုက််မှုလျော့ကျတာမျိုးတွေ၊ အလုပ်ခွင်အတွင်း အစည်းအဝေးလိုအချိန်မျိုးမှာ မိမိရဲ့ဖုန်းအသုံးပြုမှုကိုသာ အာရုံရောက်နေတာမျိုးတွေက ဒီနေ့ အတော်များများကြုံတွေ့နေရတဲ့ ပြဿနာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မိမိရဲ့ဘေးကင်းလုံခြုံမှုကို ကျော်ပြီး စမတ်ဖုန်းအသုံးပြုခြင်း

ကားမောင်းရင်း စမတ်ဖုန်းအသုံးပြုတာဟာ အရက်မူးပြီးကားမောင်းတာထက်တောင် ပိုဆိုးပြီး ပိုအန္တရာယ်များလှပါတယ်။ တစ်ကယ်လို့များ သင့်အနေနဲ့ ကားမောင်းနေချိန်မှာ မိမိအသက်အန္တရာယ်လုံခြုံမှုထက် ဖုန်းမက်ဆေ့တစ်ခုခုကိုတုံ့ပြန်တာ၊ ဆိုရှယ်မီဒီယာ တစ်ခုခုကို တုံ့ပြန်တာမျိုးက ပိုအရေးကြီးနေတယ်လို့ ယူဆထားရင်တော့ ကျိန်းသေပေါက်သင့်မှာ Nomophobia ရှိနေပြီလို့ သတ်မှတ်နိုင်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြခဲ့တာကတော့ Nomophobia လို့ခေါ်တဲ့ ဖုန်းအစွဲလန်းလွန်တဲ့ ရောဂါခံစားနေရပြီဆိုတာကို သိရှိနိုင်တဲ့ လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။ ဒီ Nomophobia ရောဂါကို ကုသနိုင်မယ့်နည်းလမ်းအချို့ကိုလည်း ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ အကြံပေးချက်အရ ဆက်လက်ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ မအိပ်ခင်တစ်နာရီအလိုမှာ ဖုန်းပိတ်ထားပါ။

သင့်အနေနဲ့ သတ်မှတ်ထားတဲ့ အိပ်စက်ချိန်မရောက်ခင် အနည်းဆုံး တစ်နာရီအလိုကတည်းက သင့်ရဲ့ဖုန်းကိုပိတ်ထားဖို့လိုပါတယ်။ shwekhitonlinetv.com

၂။ ဖုန်းကိုဝေးဝေးမှာထားပါ။

ဖုန်းကိုကိုယ်နဲ့မကွာအမြဲထားတက်တဲ့အကျင့်ကိုဖျောက်ပါ။ ဖုန်းကိုနှိုးစက်အဖြစ်အသုံးပြုတာထက် သာမန်နာရီနှိုးစက်ကိုသာ သင့်အိပ်ယာနံဘေးမှာထားသင့်ပါတယ်။ မနက်အိပ်ယာနိုးတာနဲ့ ဖုန်းကိုကြည့်တာထက် သတင်းစာဖတ်တာမျိုး၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုး ကိုသာပြုလုပ်နိုင်အောင် ကြိုးစားပါ။ shwekhitonlinetv.com

၃။ ဖုန်းအသုံးပြုချိန်ကန့်သတ်ထားပါ။

အရေးပေါ် SMS လာလို့ ဖုန်းကိုကြည့်ရှုတာမျိုးကလွဲရင် တစ်နေ့တာ ဖုန်းကိုကိုင်တွယ်အသုံးပြုမည့်အချိန်ကို သတ်သတ်မှတ်မှတ် ကန့်သတ်ထားပါ။ shwekhitonlinetv.com

၄။ ဖုန်းမယူရဇုန်များသတ်မှတ်ထားပါ။

နေအိမ်ဝန်းကျင်မှာ ဖုန်းမယူရဇုန်တွေကို မိမိဘာသာသတ်မှတ်ထားပါ။ ဥပမာ အနေနဲ့ပြောရရင် ထမင်းစားပွဲကို ဖုန်းမယူရတို့ အိမ်သာအတွင်းဖုန်းမယူရ စသဖြင့် ဖုန်းမယူရတဲ့ ဇုန်တွေကိုသတ်မှတ်ထားပါ။ ကျွမ်းကျင်ပညာရှင်တွေရဲ့ပြောကြားချက်အရ ဒီအချက်က Nomophobia ကို ကုသရာမှာ အထိရောက်ဆုံးလို့ဆိုပါတယ်။ shwekhitonlinetv.com

၅။ လက်တွေ့ဘဝမှာ တွေ့ဆုံပါ။

သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုများနှင့် ဆိုရှယ်မီဒီယာက ဆက်သွယ်မည့်အစား တစ်ကယ့်လက်တွေ့အပြင်မှာ တွေ့ဆုံပြီး အချိန်တွေကို ကုန်ဆုံးစေတာကလည်း Nomophobia ရောဂါကို ကုသနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်နော်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။