လူအများစုမသိပဲ ထိုးမိတတ်ကြတဲ့ အန္တရာယ်အရှိဆုံး တက်တူးများနဲ့ ၄င်းတို့ရဲ့ အဓိပ္ပာယ်များ

တက်တူးတွေဟာ ခန္ဓာကိုယ်ထက်က ဖျောက်ဖျက်မရနိုင်တဲ့ ပန်းချီကားတွေပဲ ဖြစ်ပါတယ်။ တချို့သူတွေအတွက်ကတော့ အလှအပအတွက်သာမက သူတို့ရဲ့ မမေ့နိုင်လောက်စရာ အမှတ်တရတွေ ဖြစ်ရပ်တွေကို တက်တူးထိုးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော တက်တူးတွေဟာ အန္တရာယ်များလွန်းတဲ့ အဓိပ္ပာယ်ရှိကြပါတယ်။ နိုင်ငံတချို့က တားမြစ်လေ့ရှိတဲ့ တက်တူးတွေကို ထိုးနှံမိထားတယ်ဆိုရင်တော့ အကျဥ်းကျခံရတာအပြင် တစ်ဘဝလုံးစာ ပေးဆပ်လိုက်ရတဲ့ အဖြစ်မျိုးတွေအထိ အန္တရာယ်များလွန်းလှပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အန္တရာယ်များလွန်းလှတဲ့ တက်တူးတွေကို သိရှိနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ မျက်ရည်စက်တက်တူး

ညာဘက်မျက်လုံးအောက်မှာ တွဲလွဲခိုနေတဲ့ မျက်ရည်စက်ပုံစံ တက်တူးရဲ့ အဓိပ္ပာယ်ကတော့ အဆိုပါ တက်တူးပိုင်ရှင်ဟာ လူသတ်မှု ကျူးလွန်ခဲ့တာ ဒါမှမဟုတ် လူသတ်ဖို့ အားထုတ်ခဲ့တာ ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ ချစ်ခင်ရတဲ့သူတွေ ထောင်ကျတဲ့အခါ ဒါမှမဟုတ် ကြေကွဲစရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံတွေ့ခဲ့ရတဲ့အချိန်မှာလည်း ဒီတက်တူးကို လူတော်တော်များများက ထိုးနှံကြပါတယ်။ တကယ်လို့ ဘာအဓိပ္ပာယ်မှ မသိပဲ ဒီတက်တူးကို ထိုးမယ်ဆိုရင်တော့ သင့်အတွက် အရမ်းကို အန္တရာယ်များလွန်းလှပါတယ်။ ဘာလို့လဲဆိုတော့ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကြားမှာတော့ ကိုယ်ထိုးထားတဲ့ တက်တူးတွေနဲ့ ပက်သက်ပြီး ပေးဆပ်ရတာတွေ ရှိလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဗုဒ္ဓတက်တူး

ဘာသာတရားတိုင်းရဲ့ ဘုရား ဒါမှမဟုတ် ဖန်ဆင်းရှင်တို့ရဲ့ ပုံတူကို ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးနှံတာဟာ ဘာသာတရားကို စော်ကားတယ်လို့ ယူဆကြပါတယ်။​ သင်ဟာ ဗုဒ္ဓဘုရားရဲ့ ပုံကို တက်တူးထိုးထားမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာ နိုင်ငံတွေကို အလည်အပတ်သွားခြင်းကနေ ရှောင်ကြည်သင့်ပါတယ်။ တကယ်လို့ သွားရောက်ခဲ့မယ်ဆိုရင်တော့ ရဲစခန်းလိုနေရာမျိုးမှာ ထိန်းသိမ်းခံရတဲ့အဖြစ်မျိုး မကြာခဏ ကြုံတွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၃။ ရာကူဇာတက်တူး

ဂျပန်နိုင်ငံမှာဆိုရင်တော့ ရာကူဇာတက်တူးကို ရာကူဇာဂိုဏ်းသားများသာ ထိုးနှံခွင့်ရှိပါတယ်။ ရာကူဇာဂိုဏ်းဟာဆိုရင် ကမ္ဘာပေါ်မှာ ခွန်အားအကြီးဆုံးနဲ့ သွေးအဆာဆုံး ရာဇဝတ်ဂိုဏ်းတခု ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ရာကူဇာဂိုဏ်းဝင်တယောက်မဟုတ်ပဲ ဒီတက်တူးကို ထိုးထားမယ်ဆိုရင်တော့ ပြဿနာတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေမှာပါ။ shwekhitonlinetv.com

၄။ Shamrock တက်တူး

Shamrock တက်တူးတွေကို ကံကောင်းစေဖို့အတွက် ရည်ရွက်ချက်နဲ့ လူတော်တော်များများက ထိုးလေ့ရှိကြပါတယ်။ ဒါပေမဲ့ သစ်ရွက် ၄ ရွက် မဟုတ်ပဲ သစ်ရွက် ၃ ရွက်ပဲ ထိုးမိမယ်ဆိုရင်တော့ အရမ်းကို အန္တရာယ်များတဲ့ အဓိပ္ပာယ်အဖြစ် သက်ရောက်သွားပါတယ်။ Shamrock သစ်ရွက် ၃ ရွက်ရဲ့ အဓိပ္ပာယ်ကတော့ အိုင်းရစ်ရာဇဝတ်ဂိုဏ်းရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ အိုင်းရစ်ရာဇဝတ်ဂိုဏ်းရဲ့ အဖွဲ့ဝင်မဟုတ်ပဲ ဒီတက်တူးကို ထိုးမိထားမယ်ဆိုရင်တော့ အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတော့မှာပါ။ shwekhitonlinetv.com

၅။ သံဆူးကြိုးတက်တူး

ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကြားမှာတော့ သံဆူးကြိုးတက်တူးရဲ့ အဓိပ္ပာယ်ဟာ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ သံဆူးကြိုးပေါ်မှာရှိတဲ့ ကြိုးထုံးတခုဟာ ထောင်ဒဏ်တစ်နှစ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဥပဒေကို လိုက်နာလေ့ရှိသူတယောက်က ဒီတက်တူးကို ထိုးထားမယ်ဆိုရင်တော့ ရာဇဝတ်သားတွေဟာ လှောင်ရယ်မိကြတယ်လို့ ဆိုပါတယ်။ ဒီသံဆူးကြိုးတက်တူး ထိုးနှံထားတဲ့ ပိုင်ရှင်ဟာ ရာဇဝတ်မှုကြူးလွန်ခဲ့သူတယောက် ဖြစ်နိုင်တာကြောင့် လက်တွေ့ဘဝမှာ သူ့အနေနဲ့ ဒီတက်တူးကြောင့် အခက်အခဲတွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၆။ ဟိန်းဟောက်နေတဲ့ပုံစံရှိတဲ့ သားရဲတက်တူးများ

ပုံမှန်လူတွေအနေနဲ့ ဒီတက်တူးကို ထိုးနှံတာဟာ ရဲရင့်ခြင်း ၊ ခွန်အားကြီးခြင်း နဲ့ မကြောက်ရွံတတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ကြပါတယ်။ ဒါပေမဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကြားမှာတော့ ဒီတက်တူးဟာ စက်ဆုပ်စရာကောင်းတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ ဒီတက်တူးကို ထိုးနှံတဲ့သူဟာ အကြမ်းဖက်မှုပြုလုပ်လေ့ရှိသူဖြစ်ပြီး အဆိုပါ ပြစ်မှုအတွက်လည်း ဘယ်တော့မှ နောင်တမရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီတက်တူးကို ထိုးထားမိတယ်ဆိုရင်တော့ ရာဇဝတ်သားများနဲ့ ဝေးဝေးနေဖို့ လိုပါတယ်။ shwekhitonlinetv.com

၇။ လက်စွပ် တက်တူးများ

လက်ချောင်းပေါ်မှာရှိတဲ့ တက်တူးများဟာ တက်တူးပိုင်ရှင်ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အမြန်ဆန်ဆုံး အလွယ်ကူဆုံး နည်းလမ်းနဲ့ ပြောပြပေးနေတဲ့ သင်္ကေတတွေပဲ ဖြစ်ပါတယ်။ တက်တူးပိုင်ရှင်ဟာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အကျဥ်းကျနေစဥ်အချိန်မှာ ဘယ်လိုမျိုးလေးစားစရာကောင်းတဲ့ လူတယောက်ဖြစ်ခဲ့တယ်ဆိုတာ တက်တူးတွေက ပြောပြပေးနေပါတယ်။ လက်ချောင်းတခုစီမှာရှိတဲ့ တက်တူးတခုစီဟာ အဓိပ္ပာယ်အမျိုးမျိုးကို ဖွင့်ဆိုပြသနေတဲ့ သင်္ကေတတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ဟာ အပျော်သဘောနဲ့ ဒီလိုလက်ချောင်းတက်တူးတွေကို ထိုးမိထားတယ်ဆိုရင်တော့ အဓိပ္ပာယ်သိနိုင်သူတွေက သဘောကျကြမှာ မဟုတ်ပါဘူး။ shwekhitonlinetv.com

၈။ ရင်ဘတ်ပေါ်က လက်ဝါးကပ်တိုင် တက်တူး

လက်ဝါးကပ်တိုင်တက်တူးတွေ ထိုးနှံခြင်းဟာ ရုရှားနိုင်ငံမှာဆိုရင်တော့ လုံးဝကို ပြဿနာအကြီးကြီးတက်နိုင်ပါတယ်။ ဒီတက်တူးဟာ ရုရှားနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်နေတဲ့ သဘောသက်ရောက်ပါတယ်။ ဒီလို လက်ဝါးကပ်တိုင် တက်တူးတွေကို အပျော်သဘောနဲ့ ထိုးထားမယ်ဆိုရင်တော့ သတိကြီးကြီးထားပြီး နေနိုင်ဖို့ လိုအပ်ပါတယ်။ shwekhitonlinetv.com

၉။ ပင့်ကူအိမ် တက်တူး

ပင့်ကူအိမ်တက်တူးဟာ ရာဇဝတ်မှုကျူးလွန်သူတွေကြားမှာတော့ ဒါဟာ ကိုယ်ရေးအချက်အလက်ကို ပြောပြနေတဲ့ အရာတခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီတက်တူးဟာ သူတို့ရဲ့ ရှည်ကြာလှတဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကာလနဲ့အတူ ဆေးစွဲနေတဲ့ အခြေအနေကို တွန်းလှန်ခဲ့ရတာကိုလည်း ပြောပြနေပါတယ်။ ပင့်ကူအိမ်မှာ တွေ့မြင်ရတဲ့ အပတ်တခုဟာ တက်တူးပိုင်ရှင်ရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ နှစ်တနှစ်ကို ကိုယ်စားပြုပါတယ်။ ဒါ့ကြောင့် ပင့်ကူအိမ်ရဲ့ အပတ်တွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ ခက်ခဲလှတဲ့ နှစ်အရေအတွက်ကို သိနိုင်ပါတယ်။ ဒါပေမဲ့ ရာဇဝတ်ကျူးလွန်ဖူးသူတွေဟာ ဒီလို တက်တူးထိုးသူတွေကို မနှစ်မြို့တတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို တက်တူးထိုးသူတွေဟာ သူတို့လိုပဲ ခက်ခဲပြီး ကြမ်းတမ်းနေခဲ့ရတာကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ အစက်ငါးခုပါတဲ့ သရဖူတက်တူး

အမေရိကန်နိုင်ငံမှာတော့ အစက်ငါးခုပါတဲ့ သရဖူတက်တူးဟာ လက်တင်ဘုရင်ဂိုဏ်းရဲ့ အမှတ်အသားတခုဖြစ်ပါတယ်။ လက်တင်ဘုရင်ဂိုဏ်းဟာ ထောင်အတွင်းမှာသာမက ထောင်အပြင်မှာပါ အာဏာကြီးတဲ့ အကြီးမားဆုံးသော Hispanic ဂိုဏ်းတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုတက်တူးကို အပျော်သဘောနဲ့ ထိုးထားမိတယ်ဆိုရင်တော့ အမေရိကန်နိုင်ငံလို နေရာမျိုးမှာ ဒုက္ခကို ဖိတ်ခေါ်နေသလို ဖြစ်မှာ အသေအချာပါပဲ။ shwekhitonlinetv.com

၁၁။ ကြယ်တက်တူး

ကြယ်ပုံစံ တက်တူးဟာ ထောင်ကျနေတဲ့ ရာဇဝတ်သားတွေအတွက်တော့ သာမန်တက်တူးတခုပဲ ဖြစ်ပါတယ်။ တက်တူးထိုးနှံထားတဲ့ ခန္ဓာကိုယ်ပေါ်က နေရာကို လိုက်ပြီး အဓိပ္ပာယ်ကလည်း ပြောင်းလဲသွားပါတယ်။ ဥပမာအနေနဲ့ ကြယ်ကို ဒူးခေါင်းမှာ ထိုးထားတယ်ဆိုရင်တော့ ဒီလူဟာ ဘယ်တော့မှ တဖက်သားရဲ့ ဆန္ဒကို လိုက်လျောမှာ မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ကြယ်တက်တူးကို ပုခုံးမှာ ထိုးထားမယ်ဆိုရင်တော့ ခွန်အားနဲ့ လေးစားမှုကို ဖော်ပြတယ်လို့ ဆိုပါတယ်။ ဒီလို အဓိပ္ပာယ်တွေ သက်ရောက်တဲ့ ကြယ်တက်တူးကို အပျော်သဘောအနေနဲ့ ထိုးနှံမယ်ဆိုရင်တော့ ရာဇဝတ်သားတွေဟာ မကြိုက်ကြပါဘူး။ shwekhitonlinetv.com

၁၂။ ဖဲချက် တက်တူး

ဖဲချက် တက်တူးတွေဟာ ရာဇဝတ်ကျူးလွန်ခဲ့တဲ့သူတွေရဲ့ ကြားမှာတော့ များပြားလှတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်နေပါတယ်။ တက်တူးပိုင်ရှင်ရဲ့ များပြားလှတဲ့ ရာဇဝတ်မှုတွေ ၊ သူတို့ အကျဥ်းကျခဲ့တဲ့ အကျဥ်းထောင်တွေနဲ့ ထိုနေရာတွေမှာ ဘယ်လောက်တောင် အာဏာကြီးမားခဲ့လဲဆိုတာတွေကို ဖဲချက်တက်တူးတွေက ပြောပြနေပါတယ်။ တကယ်လို့ သင်ဟာ ရာဇဝတ်မှု မကျူးလွန်ခဲ့ဖူးသူဆိုရင်တော့ ဒီလိုဖဲချက်တက်တူးထိုးနှံခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ shwekhitonlinetv.com

၁၃။ နှင်းဆီကို ထိုးစိုက်နေတဲ့ တက်တူး

နှင်းဆီပန်းကို ဓားနဲ့ ထိုးစိုက်ထားတဲ့ တက်တူးဟာ အမြင်အရတော့ ရိုမန်တစ်ဆန်တယ်ဆိုပေမဲ့ တကယ်ကတော့ ထောင်ကျဖူးသူတွေရဲ့ တက်တူးဖြစ်ပါတယ်။ ဒီတက်တူးကို ထိုးနှံထားသူဟာ အရွယ်မရောက်ခင် ထောင်ကျခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ ၁၈နှစ်မပြည့်ခင်မှာ ထောင်ကျခဲ့ပြီး ထောင်တွင်းမှာပဲ ၁၈နှစ်ပြည့်တဲ့အချိန်ကို ကျော်ဖြတ်ခဲ့ရသူတွေ ထိုးလေ့ရှိတဲ့ တက်တူးပါ။ shwekhitonlinetv.com

၁၄။ လူရွှင်တော်တက်တူး

လူရွှင်တော်တက်တူးဟာ ဘရာဇီးနိုင်ငံမှာဆိုရင်တော့ တရားဥပဒေစိုးမိုးမှုကို ဆန့်ကျင်တဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲကို သတ်ဖူးတဲ့သူတွေဟာ ဒီလို လူရွှင်တော်တက်တူးကို ထိုးနှံကြတာကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ စစ်ပွဲ နိုင်ငံရေးများနှင့်ဆိုင်သော တက်တူးများ

ဘာသာရေး ၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ တက်တူးတွေကို ထိုးနှံလေ့ရှိသူတွေဟာ သေချာပေါက် ခက်ခဲတဲ့ အမြင်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။ နိုင်ငံတော်တော်များများမှာတော့ ဒီလိုတက်တူးထိုးနှံသူတွေဟာ ဒဏ်ငွေဆောင်ရတာ ဒါမှမဟုတ် ထောင်ဒဏ်ချမှတ်ခံရတဲ့အထိ ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ကျရောက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ တက်တူးတွေဟာ တခြားသူတွေရဲ့ ယုံကြည်မှုနဲ့ ကိုးကွယ်မှုကို စော်ကားတဲ့ အဓိပ္ပာယ်သက်ရောက်နေတာကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။