ကမ္ဘာတဝှမ်းက နေရာဒေသအသီးသီးရဲ့ တမူထူးခြားတဲ့ အံ့သြဖွယ်ရာဖြစ်ရပ်များ

ကမ္ဘာတဝှမ်းမှာရှိကြတဲ့ နေရာဒေသပေါင်းစုံဟာ မတူညီတဲ့ ယဥ်ကျေးမှုများ ဆန်းကြယ်ပြီး လှပတဲ့ မြင်ကွင်းများနဲ့ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ရုပ်ထု ၊ ကမ္ဘာ့အရှည်ဆုံး မြစ် စသဖြင့် အကြောင်းအရာပေါင်းစုံနဲ့ ဆွဲဆောင်ကြတဲ့နေရာဒေသများစွာ ရှိပါတယ်။ အခုတခေါက်မှာတော့ တမူထူးခြားပြီး အံ့သြဖွယ်ရာကောင်းတဲ့ နေရာဒေသတွေကို ရွှေခေတ်ပရိတ်သတ်ကြီးကို ခေါ်ဆောင်သွားချင်ပါတယ်။ shwekhitonlinetv.com

၁။ ဂျာမဏီနိုင်ငံက ကြီးမားလွန်းတဲ့ ခုံတန်း

နေချင့်စဖွယ်ကောင်းပြီး တိုးတက်လွန်းတဲ့ ဂျာမဏီနိုင်ငံမှာ ရှိတဲ့ ခုံတန်းကြီးပဲ ဖြစ်ပါတယ်​။ ဘယ်လောက်တောင်ကြီးမားလဲဆိုရင်တော့ ပုံမှာတွေ့ရတဲ့အတိုင်း ခုံတန်းနဲ့ယှဥ်ရင် လူတွေက အရမ်းကို သေးငယ်နေပါတယ်။ shwekhitonlinetv.com

၂။ တရုတ်နိုင်ငံက ဆေးသွင်းနေရတဲ့ သစ်ပင်

လူတွေ အာဟာရပြတ်လတ်တဲ့အခါ နေမကောင်းတဲ့အခါ ဆေးပုလင်းချိတ်ပြီး ဆေးသွင်းရသလို အပင်ကို ဆေးသွင်းနေတာ ဖြစ်ပါတယ်။ အာဟာရပိုမိုရရှိနိုင်ဖို့အတွက် IV Fluids ဆိုတဲ့ အရည်ကို သစ်ပင်ထဲကို ထည့်သွင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ ဗစ်တိုးရီးယားမြို့မှာရှိတဲ့ ဘဲလေးတွေအတွက် လှေကား

ဗစ်တိုးရီးယားမြို့ရဲ့ ဆိပ်ကမ်းတခုမှာ ဘဲလေးတွေ ကမ်းပေါ်တက်နိုင်ဖို့အတွက် လျှောစောက်ပျဥ်ပြားတခုကို ထားပေးထားတာ ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေအတွက် ထည့်သွင်းစဥ်းစားပေးတဲ့ အပြုအမူလေးက တကယ်ကို ချစ်စရာပါပဲနော်။ shwekhitonlinetv.com

၄။ အစားအစာတွေသိုလှောင်တဲ့ကျီရဲ့ ထိပ်မှာရှိနေတဲ့အိမ်

ဒီအိမ်ကိုတော့ Oldham နိုင်ငံမှာ တွေ့မြင်ရမယ့် ထူးထူးဆန်းဆန်းတည်ဆောက်ထားတဲ့ အိမ်ပဲ ဖြစ်ပါတယ်။ အစားအစာတွေ သိုလှောင်တဲ့ ကျီရဲ့ ထိပ်တည့်တည့်မှာ တည်ဆောက်ထားတာကြောင့် အမြင့်ကြောက်တတ်သူတွေအတွက် သင့်တော်မယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၅။ အနီရောင်ဆေးတောင့်

ကမ္ဘာကျော် The Matrix Resurrections ဇာတ်ကားကြီးအတွက် လူစိတ်ဝင်စားမှုရရှိစေဖို့ ဖန်တီးထားတဲ့ အနီရောင်ဆေးတောင့်ကြီးပဲ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမြို့ရဲ့ ဇာတ်ကားပြသရာ ရုပ်ရှင်ရုံရဲ့ရှေ့မှာ ပြသထားပါတယ်။ shwekhitonlinetv.com

၆။ ကိုအာလာလေးတွေအတွက် ဆိုင်းပုဒ်

လူတွေ နေထိုင်ရာ နေရာကို မကြာခဏ လမ်းမှားရောက်လာတတ်တဲ့ ကိုအာလာလေးတွေအတွက် ဆိုင်းပုဒ်ဖြစ်ပါတယ်။ ဒီနေရာလေးမှာ အကောင်ငယ်လေးတွေ လမ်းဖြတ်ကူးတတ်တာကြောင့် ကားကိုဂရုတစိုက်မောင်းနှင်ဖို့အတွက် သတိပေးဆိုင်းပုဒ်ထားပေးထားတာပါ။ shwekhitonlinetv.com

၇။ ပေါ်တူဂီကလူတွေရဲ့ ဆန်းကြယ်တဲ့အကျင့်

အိမ်ကနေ ပေါင်မုန့်တွေ ထည့်ယူလာပြီး စားသောက်ဆိုင်ရောက်မှ အသားနဲ့ တွဲစားနေတဲ့ပုံပါပဲနော်။ ကြံကြံဖန်ဖန် ပြုမူတတ်တဲ့ ပေါ်တူဂီလူမျိုးတွေပဲလို့ ဆိုရမှာပါ။ shwekhitonlinetv.com

၈။ ရေကန်အလည်က လူသွားလမ်း

ရေကန်ရဲ့ တဖက်ကို ကူးနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ လမ်းသွယ်ပဲ ဖြစ်ပါတယ်။ ကားမောင်းနှင်ဖို့မဟုတ်ပဲ လမ်းလျှောက်တဲ့သူတွေနဲ့ စက်ဘီးသမားတွေအတွက်သာ ဖောက်လုပ်ထားပါတယ်။ တည်နေရာကတော့ ဘယ်လ်ဂျီယံမှာပါ။ shwekhitonlinetv.com

၉။ စာကြည့်တိုက်ရဲ့ ပြတင်းပေါက်

ချောင်းတခုကို ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ စာကြည့်တိုက်ရဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။ ပြတင်းပေါက်လေးကနေတဆင့် ရေနေသတ္တဝါတွေကိုပါ တွေ့ရှိနိုင်စေတဲ့ ဖန်တီးမှုဟာ တကယ်ကို ဆန်းသစ်လှပါတယ်။ shwekhitonlinetv.com

၁၀။ သစ်တောအုပ်ထဲက အပင်ကြီး

သစ်တောထဲက sequoia ပင်ကြီးရဲ့ အောက်ခြေပဲ ဖြစ်ပါတယ်။ အပင်ကြီးဟာ မြင့်မားပြီး သက်တမ်းရင့် အပင်ကြီးမျိုးဖြစ်ကြောင်း ပုံထဲမှာ တွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com

၁၁။ ပြတင်းပေါက်မပါတဲ့အိမ်ကြီး

ဂျာမဏီနိုင်ငံမှာ တွေ့မြင်ရမယ့် အိမ်ကြီးပဲ ဖြစ်ပါတယ်။ အထပ်ပေါင်း ၂၃ ထပ်ထိ ပါဝင်ပြီး ပြတင်းပေါက်လုံးဝမပါရှိတဲ့ အိမ်ကြီးပါ။ သင်ဟာ အပြင်ဘက်ရှုခင်းကြည့်တတ်သူဆိုရင်တော့ ဒီအိမ်ကြီးမှာ တညတောင် တည်းခိုနိုင်မှာ မဟုတ်ပါဘူးနော်။ shwekhitonlinetv.com

၁၂။ ဇောက်ထိုးမိုးမျှော်အိမ်

ဇောက်ထိုးဆောက်ထားတဲ့ အဆိုပါအိမ်ကို ယူကရိန်းနိုင်ငံမှာ လေ့လာနိုင်ပါတယ်။ အိမ်ပြင်မှာရှိတဲ့ ခုံတန်း နဲ့ စက်ဘီးလေးကိုပါ ဇောက်ထိုးဖန်တီးထားတာကြောင့် အမြင်ဆန်းလှတဲ့ အိမ်ပါပဲနော်။ shwekhitonlinetv.com

၁၃။ ပျားရည်စက်

ပျားရည် အမျိုးအစား အမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တဲ့ စက်ပဲ ဖြစ်ပါတယ်။ ပျားရည်ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မယ့် စက်ပါပဲနော်။ shwekhitonlinetv.com

၁၄။ လမ်းလည်ကျွန်းက ပန်းငရုတ်ပင်များ

ကားလမ်းမတွေရဲ့ အလည်ခေါင် သို့မဟုတ် လမ်းဘေးဝဲယာတွေမှာ အလှစိုက်အပင်မျိုးစုံ စိုက်ထားတာကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ အခုတွေ့မြင်ရတာကတော့ အလှစိုက်ပန်းတွေ မဟုတ်ပဲ စားလို့ရတဲ့ ပန်းငရုတ်ပင်တွေကို စိုက်ထားတာ ဖြစ်ပါတယ်။ တကယ်ကို ဆန်းကြယ်တဲ့ စိတ်ကူးပါပဲနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။