K-Pop လောကမှာ အောင်မြင်နေတဲ့ ထိုင်းလူမျိုး K-Pop Idol များ

လက်ရှိအချိန်မှာ လူငယ်လူရွယ်ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ K-Pop လောကကိုတော့ ပရိသတ်တွေ သိရှိကြမယ်ထင်ပါတယ်။ K-Pop လောကရဲ့ နာမည်ကျော်ကြားတဲ့ Entertainments ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ စျေးကွက်ကို အာရှဒေသတွင်းမှာ ချဲ့ထွင်ဖို့အတွက် ပြိုင်ပွဲတွေရံဖန်ရံခါကျင်းပပြီး တက်သစ်စ ပါရမီရှင်တွေကိုရှာဖွေတဲ့ အစီအစဥ်တွေကို ဒေသတွင်းက နိုင်ငံအချို့မှာ ပြုလုပ်လေ့ရှိပါတယ်။ shwekhitonlinetv.com

ဒီတစ်ခေါက် ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ K-Pop လောကမှာ အောင်မြင်နေကြတဲ့ ထိုင်းလူမျိုး K-Pop Idol (၆) ဦးအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Lisa (BLACKPINK)

ထိုင်းနိုင်ငံ၊ ဘူရီရမ် အရပ်မှာမွေးဖွားခဲ့တဲ့ Lisa ကတော့ အခုဆိုရင် အသက် (၂၃) အရွယ်ရှိနေပြီဖြစ်ပြီး တစ်ဦးတည်းသောသမီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ သူမဟာ ထိုင်းလူမျိုးမိခင်နဲ့ ဆွစ်ဇာလန်လူမျိုး ပထွေးဖြစ်သူတို့နဲ့ နေထိုင်လျက်ရှိပါတယ်။ သူမဟာ ၂၀၁၀ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ YG Entertainment ရဲ့လူရွေးချယ်ပွဲမှာ ဝင်ရောက်အရွေးခံခဲ့တဲ့ အယောက် (၄၀၀၀) ထဲမှာ ရွေးချယ်ခံရတဲ့တစ်ဦးတည်းသောသူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာတော့ YG မှာ Trainee အဖြစ်စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ BamBam (GOT7)

GOT7 အဖွဲ့ဝင် BamBam ဟာဆိုရင် Lisa နဲ့အသက်တူရွယ်တူသူငယ်ချင်းတွေဖြစ်တယ်လို့သိရပါတယ်။ BamBam ကတော့ ၂၀၁၀ ခုနှစ်မှာစတင်ပြီး JYP Entertainment ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူ့မှာ မွေးချင်းအစ်ကို နှစ်ယောက်နဲ့ ညီမတစ်ယောက်ရှိပြီး သူတို့တွေအကုန်လုံးဟာဆိုရင် ထိုင်းနိုင်ငံမှာ နာမည်ကြီး Dancer တွေဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ Ten (NCT/WAYV/SuperM)

အသက် (၂၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ten ဟာဆိုရင်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ သူဟာ NCT, WAYV နဲ့ SuperM အဖွဲ့ဝင်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်လျှက်ရှိသူဖြစ်ပါတယ်။ သူက SM Entertainment ကိုတော့ ၂၀၁၃ ခုနှစ်မှာ Trainee အဖြစ်စတင်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ Minnie ((G)I-DLE)

Lisa နဲ့ အသက်တူရွယ်တူသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ (G)I-DLE အဖွဲ့ဝင် Minnie ကတော့ Cube Entertainment ကနေ ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ လူရွေးချယ်ပွဲကို အောင်မြင်ပြီးနောက် ၂၀၁၅ ခုနှစ်မှာ Trainee အဖြစ် K-Pop လောကကို စတင်ခြေချခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Sorn (CLC)

CLC ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Sorn ဟာဆိုရင် ထိုင်းလူမျိုး K-pop Idol တစ်ယောက်ဖြစ်ပြီး သူမဟာ မကြာခင် အသက် (၂၄) ပြည့်တော့မယ်လို့သိရပါတယ်။ သူမဟာလည်း တခြားသော Idol တွေနည်းတူ မိခင်ထိုင်းဘာသာစကားနဲ့ ကိုရီးယားဘာသာစကားအပါအဝင် စုစုပေါင်းဘာသာစကား (၄) မျိုးကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုတတ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ Nichkhun (2PM)

K-pop လောကရဲ့ ပထမဆုံးသော ထိုင်းလူမျိုး Idol ဖြစ်တဲ့ Nichkhun ဟာ အခုဆိုရင် အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ K-pop Idol ဖြစ်ချင်ကြတဲ့ ထိုင်းလူမျိုးတွေအတွက်ကတော့ ရှေ့ဆောင်လမ်းပြ Idol တစ်ယောက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာသာစကားပေါင်း (၅) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်တဲ့ Nichkhun ဟာ လက်ရှိအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေ အနည်းငယ်ကျဲပါးလျှက်ရှိနေပေမယ့်လည်း 2PM အဖွဲ့ဝင်တစ်ယောက်အဖြစ်ရှိနေဆဲလို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။