Thor၊ Aquaman တို့ကို ကျော်ဖြတ်ပြီး ပိုင်တံခွန် ဦးဆောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသား (၁၀) ဦးစာရင်း

ကမ္ဘာ့နိုင်ငံအသီးသီးက ထင်ရှားကျော်ကြားသူ အမျိုးသား၊ အမျိုးသမီး စာရင်းကိ ၁၉၉၀ ခုနှစ်ကစပြီးနှစ်စဉ်ထုတ်ပြန်ပေးနေတဲ့ TC Candler ရဲ့ ၂၀၂၁ ခုနှစ်အတွက် ရုပ်ရည်အချောဆုံးအမျိုးသား အယောက် (၁၀၀) စာရင်းမှာတော့ မြန်မာနိုင်ငံက မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်က အခြားကမ္ဘာကျော်မင်းသားတွေကို ကျော်ဖြတ်ပြီး နံပါတ် (၁) နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ပိုင်တံခွန်အနေနဲ့ ဒီစာရင်းမှာဒုတိယအကြိမ်မြောက်ပါဝင်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်တုန်းကတော့အဆင့် (၁၀) နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၂၀၂၁ ခုနှစ်အတွက်ရုပ်အချောဆုံးအယောက် (၁၀၀) စာရင်းရဲ့ထိပ်ဆုံးမှာရှိနေတဲ့ ကမ္ဘာကျော်အမျိုးသား (၁၀) ဦးကိုဖော်ပြရမယ်ဆိုရင်တော့ ….

၁၀။ Jason Momoa

Game of Throne , Aquaman စတဲ့ဇာတ်ကားတွေထဲက အမေရိကန်သရုပ်ဆောင် Jason Momoa ကတော့ ဒီစာရင်းရဲ့ အဆင့် (၁၀) မှာရပ်တည်နေပါတယ်။

၉။ PewDiePie

ဒီစာရင်းရဲ့အဆင့် (၉) နေရာမှာရပ်တည်နေတာကတော့ အသက် (၃၂) နှစ်အရွယ် ဆွီဒင်နိုင်ငံသား Youtuber တစ်ဦးဖြစ်တဲ့ PewDiePie ပါ။

၈။ Dean Schneider

အဆင့် (၈) နေရာမှာရှိနေတာကတော့ ဆွစ်ဇာလန်နိုင်ငံသား Dean Schneider ဖြစ်ပါတယ်။ သူကတော့ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး Swiss Animal Sanctuary ကိုတည်ထောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Lucien Laviscount

၂၀၂၀ ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Emily in Paris ဆိုတဲ့ ရုပ်သံစီးရီးမှာပါဝင်သရုပ်ဆောင်နေတဲ့ ယူကေသရုပ်ဆောင် Lucien Laviscount ကတော့ အဆင့် (၇) နေရာမှာရှိနေပါတယ်။ shwekhitonlinetv.com

၆။ Henry Cavill

Superman မင်းသားလို့လူသိများတဲ့ အမေရိကန်သရုပ်ဆောင် Henry Cavill ကတော့ဒီစာရင်းရဲ့ အဆင့် (၆) နေရာမှာရပ်တည်နေပါတယ်။ shwekhitonlinetv.com

၅။ Jungkook

K-pop Group တစ်ခုဖြစ်တဲ့ BTS အဖွဲ့က Jungkook ကတော့ ဒီစာရင်းမှာ အဆင့် (၅) နေရာချိတ်ခဲ့ပါတယ်။

၄။ Timothee Chalamet

Timothee Chalamet ကတော့ အသက် (၂၆) နှစ်အရွယ်သာရှိသေးပြီး ထူးချွန်တဲ့အမေရိကန်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင်ထူးချွန်ဆုတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆွတ်ခူးနိုင်ခဲ့သူဖြစ်သလို ချောမောတဲ့ ရုပ်ရည်သွင်ပြင်ကြောင့်လည်း ဒီစာရင်းမှာ အဆင့် (၄) နေရာရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Kim Tae-Hyung – (V)

BTS အဖွဲ့ရဲ့နောက်ထပ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kim Tae-Hyung ကတော့ ဒီစာရင်းရဲ့ အဆင့် (၃) နေရာမှာရှိနေပါတယ်။ အများစုကတော့ Kim Tae Hyung ကို သူ့ရဲ Stage Name ဖြစ်တဲ့ V လို့သိထားကြပါတယ်။ shwekhitonlinetv.com

၂။ Chris Hemsworth

လူချစ်လူခင်ပေါများတဲ့ Thor မင်းသားကြီး Chris Hemsworth ကတော့ ဒီစာရင်းမှာအမြဲလိုလိုပါဝင်နေတဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက်တော့ အဆင့် (၂) နေရာမှာရပ်တည်လျက်ရှိပါတယ်။ shwekhitonlinetv.com

၁။ Paing Takhon – (ပိုင်တံခွန်)

TC Candler ရဲ့ ၂၀၂၁ ခုနှစ်စာရင်းမှာ ထိပ်ဆုံးနေရာမှာရှိနေတာကတော့မြန်မာနိုင်ငံသား သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန် ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီစာရင်းကိုဖော်ပြခဲ့တဲ့ Youtube Video မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ ပိုင်တံခွန်ကို ပြန်လည်လွှတ်ပေးဖို့အတွက် တောင်းဆိုထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။

Be the first to comment

Leave a Reply