အသက်နဲ့ရင်းပြီး ဆွဲခဲ့ကြတဲ့ ဆယ်လ်ဖီ ဓာတ်ပုံများ

အိုင်တီနည်းပညာတွေထွန်းကားပြီး ကမ္ဘာကြီးဟာ ရွာကြီးတစ်ခုလိုဖြစ်လာတဲ့အချိန်မှာတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လွှမ်းမိုးနိုင်တဲ့သူဖြစ်ဖို့ (တစ်နည်းအားဖြင့်ထင်ပေါ်ကျော်ကြားသူဖြစ်ဖို့) ဆိုတာ တစ်ချို့သောလူတွေအတွက်ကတော့ အသက်နဲ့ရင်းရတဲ့ကိစ္စတစ်ခုဖြစ်နေတက်ပါတယ်။ ဘာကြောင့်အခုလို ပြောရသလဲဆိုတာကို အောက်မှာဖော်ပြပေးမယ့်ပုံတွေကိုကြည့်ရင် သင့်အနေနဲ့ သဘောပေါက်သွားပါလိမ့်မယ်။ shwekhitonlinetv.com

၁။ သူမကတော့ ရုရှားနိုင်ငံသူ Angela Nikolau ဖြစ်ပါတယ်။ တရုတ်နိုင်ငံ တီယန်ကျင်းမြို့က အလွန်မြင့်မားတဲ့ အဆောက်အဦးရဲ့ ထိပ်ဆုံးမှာ ဆဲလ်ဖီတက်ဆွဲပြီးလူမှုကွန်ယက်စာမျက်နှာမှာ Followers တိုးပွားဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒီတစ်ယောက်ကတော့ ပရော်ဖက်ရှင်နယ်စတန့်သမားတစ်ယောက်လို့သိရပြီး တရုတ်လူမှုကွန်ယက် App တစ်ခုဖြစ်တဲ့ Weibo မှာအတော်လေးကိုကျော်ကြားတဲ့သူလို့သိရပါတယ်။ သူကလည်းမိုးမျှော်အဆောက်အအုံတွေရဲ့ ထိပ်ဖျားတွေမှာ လုံခြုံရေးကိရိယာလုံးဝမပါပဲ အခုလို စတန့်တွေလုပ်ပြတက်သူဖြစ်ပါတယ်။ ကြည့်ရတာတော့ အတော်လေးကိုအသည်းယားစရာပါပဲ။ shwekhitonlinetv.com

၃။ နွားရိုင်းလိုက်လို့ပြေးနေရင်း ဆယ်လ်ဖီဆွဲနေတဲ့သူတစ်ဦး ဓာတ်ပုံဆရာကအမိအရမှတ်တမ်းတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလူက တစ်ကယ့်ကို အကြောတင်းတဲ့ သူတစ်ဦးဖြစ်မယ်ဆိုတာ ကျိန်းသေပါပဲ။ shwekhitonlinetv.com

၄။ ငါးမန်းတွေဆိုတာ အင်မတန်ကြောက်ဖို့ကောင်းတဲ့ရေသတ္တဝါတစ်မျိုးပါ။ ဒီလူကတော့ ဒီလိုအသက်အန္တရာယ်နဲ့ နီးစပ်လွန်းတဲ့စတန့်မျိုးကိုပြုလုပ်ပြီးဆယ်လ်ဖီဆွဲပြခဲ့ပါတယ်။ ဒါပေမယ့် သူကငါးမန်တွေရဲ့သဘာဝကိုကောင်းကောင်းနားလည်သိရှိထားသူဖြစ်လို့ ဒီလိုရိုက်ရဲတာဖြစ်ပြီး ငါးမန်တွေအကြောင်းသေချာမသိဘဲနဲ့ သူ့လိုမျိုးမလုပ်ကြဖို့ သတိပေးထားပါတယ်။ shwekhitonlinetv.com

၅။ ဒီလူငယ်နှစ်ယောက်ကတော့ အခုလိုမျိုးစတန့်ထွင်ပြီး ဆယ်လ်ဖီဆွဲတာဟာ ဘယ်လောက်အန္တရာယ်များကြောင်း သေချာသိပါတယ်တဲ့။ ဒါပေမယ့်လည်း သူတို့အနေနဲ့ မြင်ရသူတွေရင်ထိတ်အောင်လို့ အခုလိုနေရာမျိုးတွေမှာ Selfie Stick ကိုကိုင်ထားကြဦးမှာပါတဲ့။ shwekhitonlinetv.com

၆။ ဘရာဇီးလ်နိုင်ငံ Corcovado တောင်ပေါ်မှာတည်ရှိတဲ့ Christ the Redeemer ဆိုတဲ့ရုပ်တုကြီးကိုတော့ ရွှေခေတ်ပရိသတ်တွေမြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီလူကတော့ အဲ့ဒီရုပ်တုရဲ့ဦးခေါင်းပေါ်မှာတက်ပြီး ဆဲလ်ဖီဆွဲနေတာပါ။ ဒါဟာ လုပ်သင့်တဲ့ကိစ္စတစ်ခု ဟုတ်မဟုတ်တော့မသိပေမယ့် မတော်တဆပြုတ်ကျခဲ့ရင်တော့ မတွေးဝံ့စရာပါပဲ။ shwekhitonlinetv.com

၇။ ဒါကတော့ ပထမဆုံးပုံက မိန်းကလေးဖြစ်တဲ့ Angela Nikolau နဲ့ သူ့ရဲ့ချစ်သူ Ivan Beerkus တို့စုံတွဲဖြစ်ပါတယ်။ ဒီပုံရဲ့နာမည်ကိုတော့ သူတို့နှစ်ဦးအနေနဲ့ Couple Goals လို့အမည်ပေးထားကြပါတယ်။ ရွှေခေတ်ပရိသတ်တွေထဲမှာရော အခုလို Couple Goals လုပ်ချင်သူတွေရှိလားရှင့်။ shwekhitonlinetv.com

၈။ ဒီလူကတော့ ဗာဂျီးနီးယားပြည်နယ်အနောက်ပိုင်းက New River Gorge Bridge ဆိုတဲ့ တံတားရဲ့အောက်က သံဘောင်တွေပေါ်တက်ပြီး ဆယ်လ်ဖီဆွဲထားတာပါ။ ပြုတ်ကျခဲ့ရင်တော့ အရိုးတစ်ခြား အသားတစ်ခြားဖြစ်မှာ အသေအချာပါပဲ။ shwekhitonlinetv.com

၉။ ကြောက်မက်ဖွယ်ကောင်းတဲ့မီးတောင်ဝမှာ ပို့စ်ပေးဖို့ဆိုတာကတော့မလွယ်ကူလှပါဘူး။ သူဝတ်ထားတဲ့ဝတ်စုံကိုကြည့်ခြင်းအားဖြင့် အပူရှိန်ဘယ်လောက်တောင်ပြင်းမလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ shwekhitonlinetv.com

၁၀။ သူဒီနေရာကို ဘယ်လိုတက်သွားသလဲဆိုတာမသိပေမယ့် သူ့ကိုမြင်တွေ့ရသူတွေအဖို့တော့ ရင်တထိတ်ထိတ်ဖြစ်နေမှာ ကျိန်းသေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။