ရှားပါးတဲ့ရောဂါကို ခံစားခဲ့ရပေမယ့် ကမ္ဘာ့အရပ်အရှည်ဆုံးဆုအပြင် ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့တဲ့ မိန်းကလေး

တူရကီနိုင်ငံက အသက် ၂၅ နှစ်ပဲရှိသေးတဲ့ အမျိုးသမီးလေး Rumeysa Gelgi ကတော့ သက်ရှိထင်ရှားရှိနေတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးအဖြစ် ၂ ကြိမ်တိုင်တိုင် ဆုရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်ကျော်ကြားမှုကနေတဆင့် သူမခံစားနေရတဲ့ ရောဂါဝေဒနာအကြောင်းကို ကမ္ဘာတဝှမ်းက သတိထားမိစေဖို့အတွက် ပြောပြခဲ့ပါတယ်။ Rumeysa ရဲ့အသက် ၂၅ နှစ်နဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးလူသားဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

ကလေးဘဝနှင့် သူမရဲ့ Weaver syndrome

Rumeysa ဟာ ကလေးဘဝကတည်းကစပြီး အရမ်းကိုရှားပါးတဲ့ ကြီးထွားမြန်လွန်းသည့်ရောဂါ ( Weaver syndrome ) ကို ခံစားခဲ့ရပါတယ်။ အဆိုပါ ရောဂါဟာ ခန္ဓာကိုယ်ကို လျင်မြန်စွာ ကြီးထွားစေပြီး အရိုးအဆစ်တွေရဲ့ လှုပ်ရှားမှုကို နှေးကွေးစေကာ အရိုးတွေကိုလည်း အားနည်းစေတဲ့ရောဂါပဲ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး လမ်းလျှောက်နိုင်ဖို့အတွက် အသက် ၅ နှစ်မတိုင်ခင်မှာပဲ ကြီးမားတဲ့ ခွဲစိတ်မှု ၂ ခု ပြုလုပ်ခဲ့ရပါတယ်။ အဆိုပါ ခွဲစိတ်မှုအပြီးမှာတော့ ဘေးလူရဲ့ အကူအညီနဲ့ ပထမဆုံးလမ်းလျှောက်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဆယ်ကျော်သက်ဘဝကနေ သက်လတ်ပိုင်းအမျိုးသမီးဘဝခရီး

၂၀၁၄ ခုနှစ် Rumeysa အသက် ၁၇ နှစ်မှာတော့ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးဆယ်ကျော်သက်အဖြစ် ဆုရရှိခဲ့ပါတယ်။ ဆယ်ကျော်သက်ဘဝမှာ သူမရဲ့ အရပ်အမြင့်ကတော့ ၇ပေ ၀.၀၉ လက်မ ( ၂၁၃.၆ စင်တီမီတာ ) အထိ ရှိနေခဲ့ပါပြီ။ ၂၀၂၁ ခုနှစ်မှာတော့ ၇ပေ ၀.၇လက်မ ( ၂၁၅.၁၆ စင်တီမီတာ ) အထိ ရှိခဲ့ပြီး ကမ္ဘာ့အရပ်အရှည်ဆုံး သက်ရှိထင်ရှားရှိနေတဲ့ အမျိုးသမီးအဖြစ် ဆုထပ်မံရရှိခဲ့ပါတယ်။ shwekhitonlinetv.com

သူမရဲ့ အရပ်ဆက်လက်ရှည်ထွက်လာခြင်းနဲ့ ကုသနေတဲ့ ဆေးဝါးအခြေအနေများကြောင့် Rumeysa ဟာ ဘီးတပ်ကုလားထိုင်ကိုပဲ များသောအားဖြင့် အသုံးပြုလေ့ရှိပါတယ်။ ” ကိုယ့်ရဲ့ အားနည်းချက်တွေကို အားသာချက်တွေအဖြစ် ပြောင်းလဲအသုံးချပြီး ကိုယ့်ကိုယ်ကို လက်ခံနိုင်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့ အခွင့်အရေးတွေကို သေချာဆုပ်ကိုင်ပြီး အကောင်းဆုံးလုပ်ဆောင်ပါ ။ ” လို့ သူမရဲ့အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။ shwekhitonlinetv.com

Rumeysa နဲ့ ဆုငါးခု

Rumeysa ဟာ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးအဖြစ် ဆုနှစ်ခုအပြင် နောက်ထပ် ဆု ၃ ခုကိုလည်း ထပ်မံရရှိခဲ့ပါသေးတယ်။ အဆိုပါ ဆု ၃ ခုကတော့ ကမ္ဘာ့လက်ချောင်းအရှည်ဆုံး သက်ရှိထင်ရှားရှိနေတဲ့ အမျိုးသမီးဆု ( ၄.၄၀ လက်မ ) ၊ ကမ္ဘာ့အကြီးဆုံးအမျိုးသမီးလက်ပိုင်ရှင်ဆု ( ညာဘက်လက် ၉.၈၁ လက်မ နဲ့ ဘယ်ဘက်လက် ၉.၅၅ လက်မ ) ၊ ကမ္ဘာ့နောက်ကျောအရှည်ဆုံးအမျိုးသမီးဆု ( ၂၃.၅၈ လက်မ ) တို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အိမ်မက်တွေဖော်ဆောင်နိုင်ဖို့အတွက် မတွန့်ဆုတ်ခဲ့တဲ့ Rumeysa

ကျောင်းတက်ရောက်ဖို့ မဖြစ်နိုင်ခဲ့တဲ့အတွက် Rumeysa ဟာ သူမရဲ့ အတန်းပညာများကို အိမ်မှာပဲ သင်ကြားခဲ့ရပါတယ်။ နည်းပညာပိုင်းဆိုင်ရာ နယ်ပယ်မှာ ဝင်ရောက်လုပ်ကိုင်လိုတဲ့ Rumeysa ဟာ web development ပညာရပ်ကို လေ့လာသင်ကြားခဲ့ပြီး အခုချိန်မှာတော့ self-taught Front-End Developer တယောက်အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ သူမဟာ အထောက်အပံအကူအညီပေးနိုင်တဲ့သူတယောက်ဖြစ်သလို သုတေသနပြုသူတဦးလည်း ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာတော့ ရေကူးခြင်း ၊ စျေးဝယ်ထွက်ခြင်း ၊ နေရာသစ်များကိုလည်ပတ်ခြင်းနဲ့ သူမရဲ့ ကြောင်လေးတွေနဲ့ ဆော့ကစားခြင်းကို နှစ်သက်သူဖြစ်တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

Rumeysa ကတော့ အရမ်းရှားပါးတဲ့ ရောဂါကို ခံစားခဲ့ရပေမယ့် ဘဝကို အရှုံးမပေးပဲ ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး သူမရဲ့ အားနည်းချက် အားသာချက်တွေကို ကောင်းမွန်စွာ အသုံးချနိုင်သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးလည်း အခုစာလေးကို ဖတ်ရှုပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်နော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။