သင့်ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မှည့်တွေက ပြောပြနေတဲ့ သင့်အကြောင်း

ဗေဒင်ပညာရပ်ဆိုင်ရာ လေ့လာတွေ့ရှိမှုတွေအရ မှည့်တွေရဲ့ တည်ရှိမှုကနေ လူတယောက်ရဲ့ အကြောင်းကို အနီးစပ်ဆုံး ခန့်မှန်းပြောဆိုနိုင်တယ်လို့ ဆိုကြပါတယ်။ ဥပမာဆိုရရင် မှည့်ဟာ နှာခေါင်းပေါ်မှာ ရှိတယ်ဆိုရင်တော့ သင်ဟာ အလုပ်ကြိုးစားတဲ့သူတယောက် ဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် မှည့်တွေရဲ့ တည်နေရာကိုလိုက်ပြီး လူတယောက်ရဲ့ စိတ်နေစိတ်ထား ခန့်မှန်းနည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ နဖူးပေါ်မှာရှိတဲ့မှည့်

နဖူးပေါ်မှာရှိတဲ့ မှည့်တွေဟာ များသောအားဖြင့် ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တည်ရှိမှုကိုလိုက်ပြီး နောက်ထပ် အဓိပ္ပာယ်တွေကိုလည်း ဖွင့်ဆိုနိုင်ပါသေးတယ်။ နဖူးရဲ့ ဘယ်ဘက်မှာ မှည့်ရှိမယ်ဆိုရင်တော့ ကံမကောင်းမှုတွေနဲ့ ကြုံတွေ့ရတတ်ပြီး လိုချင်တာတွေကို သူများတွေထက် အပြင်းအထန်ကြိုးစားမှ ရနိုင်မယ်လို့ ဆိုပါတယ်။ နောက်ထပ် အဓိပ္ပာယ်တခုကတော့ နဖူးဘယ်ဘက်မှာ မှည့်ရှိသူတွေဟာ အတ္တကြီးသူတယောက်ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ shwekhitonlinetv.com

နဖူးရဲ့ အလယ်တည့်တည့်မှာ မှည့်ရှိမယ်ဆိုရင်တော့ ဥာဏ်ပညာထက်မြက်ပြီး ကောင်းမွန်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်တဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါ မှည့်ပိုင်ရှင်တွေဟာ အသိဥာဏ်ကြွယ်ဝပြီး လိမ္မာပါးနပ်ကာ ရှင်းလင်းပြတ်သားတဲ့ အတွေးအမြင်ကို ပိုင်ဆိုင်ထားသူတွေလို့လည်း ဆိုပါတယ်။ shwekhitonlinetv.com

နဖူးရဲ့ ညာဘက်မှာ မှည့်ရှိမယ်ဆိုရင်တော့ အိမ်ထောင်ရေး ဒါမှမဟုတ် စီးပွားရေးတွေမှာ တွဲဖက်ကောင်းဖြစ်နိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ချမ်းသာကြွယ်ဝမှုနဲ့ ပြည့်စုံတဲ့ သူတွေလည်း ဖြစ်ပါတယ်။ နဖူးရဲ့ တဖက်တချက်မှာ မှည့်တွေပါလာခဲ့မယ်ဆိုရင်တော့ ရုတ်တရက် ငွေဝင်တာမျိုး ကြုံတွေ့ရတတ်ပြီး ကိုယ်ချစ်တဲ့သူနဲ့ ဘဝတသက်တာ လက်တွဲခွင့်ရမယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၂။ ပါးပြင်ပေါ်မှာရှိတဲ့မှည့်

ပါးပြင်ပေါ်မှာ မှည့်ရှိတဲ့သူတွေကတော့ ရိုးသားကာ ထိလွယ်ရှလွယ်ဖြစ်ပြီး တခါတရံမှာ ရှက်တတ်တဲ့သူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခြေအနေပေးလာခဲ့မယ်ဆိုရင်တော့ အဆိုပါ သူမျိုးတွေဟာ အကြောက်တရားကင်းတဲ့ ခေါင်းဆောင်ပိုင်း အကြီးအကဲပိုင်းတွေထိတောင် ဖြစ်နိုင်ပါတယ်။ ဘယ်ဘက်ပါးပြင်မှာ မှည့်ရှိမယ်ဆိုရင်တော့ သင့်ရဲ့ ပင်ကိုယ်စိတ်အခံကြောင့် မာနကြီးတတ်သူ ဖြစ်နိုင်ပါတယ်။ ညာဘက်ပါးပြင်မှာ မှည့်ရှိမယ်ဆိုရင်တော့ သင်ဟာ အရမ်းကို ဂရုစိုက်တတ်သူဖြစ်ပြီး အရာရာတိုင်းထက် မိသားစုကို ဦးစားပေးလေ့ရှိသူ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ နှုတ်ခမ်းအနီးတဝိုက်မှာရှိတဲ့မှည့်

နှုတ်ခမ်းတဝိုက်ရှိတဲ့မှည့်တွေဟာ ကျက်သရေရှိပြီး လှပတဲ့ အမှတ်သညာတွေ ဖြစ်ကြပါတယ်။ အပေါ်နှုတ်ခမ်း ဘယ်ဘက် ဒါမှမဟုတ် ညာဘက်မှာ မှည့်ရှိမယ်ဆိုရင်တော့ ဘဝကို အပြည့်အဝဖြတ်သန်းနေသူတွေလို့ ဆိုနိုင်ပါတယ်။ ဒီလိုလူမျိုးတွေဟာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရတာ ခရီးသွားရတာတွေကိုလည်း ကြိုက်နှစ်သက်တတ်ကြပါတယ်။ နှုတ်ခမ်းရဲ့ အောက်ဘက်မှာ မှည့်ကိုပိုင်ဆိုင်ထားသူတွေကတော့ သူတို့ရဲ့ ကလေးတွေဟာ ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိနိုင်မယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၄။ နှာခေါင်းပေါ်မှာရှိတဲ့မှည့်

နှာခေါင်းပေါ်မှာ မှည့်ရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို လေးစားပြီး အလုပ်ကိုလည်း အပြင်းအထန်ကြိုးစားတတ်သူတွေပဲ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ တခါတရံမှာ အတ္တကြီးတဲ့သူတွေ အဖြစ်သတ်မှတ်ခံရပြီး တခါတရံမှာတော့ မိတ်ဆွေကောင်းအဖြစ်လည်း သတ်မှတ်ခံရပါတယ်။ နှာခေါင်းထိပ်တည့်တည့်မှာ မှည့်ရှိသူတွေဟာ စိတ်တိုလွယ်ပြီး စိတ်ပြေလွယ်သူတွေလည်း ဖြစ်ပါတယ်။ တခါတလေမှာ မစဥ်းစား မဆင်ခြင်ပဲ ပြောမိတဲ့ စကားတွေကြောင့် နောင်တရတတ်သူတွေလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

နှာခေါင်းရဲ့ ညာဘက်မှာ မှည့်ရှိမယ်ဆိုရင်တော့ ရည်မှန်းချက်တွေအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရလေ့ရှိသူ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေရဲ့ လိုအပ်ချက်ကတော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ နှာခေါင်းရဲ့ ဘယ်ဘက်မှာ မှည့်ရှိမယ်ဆိုရင်တော့ ဘဝတလျှောက်လုံး ရုန်းကန်နေရပေမဲ့ အဆုံးမှာတော့ အားလုံးရဲ့ ထိပ်ဆုံးကို တက်လှမ်းနိုင်မယ့်သူ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ခြေဖဝါးမှာရှိတဲ့မှည့်

ခြေဖဝါးမှာ မှည့်ရှိတဲ့သူတွေဟာ ခရီးသွားလာရခြင်းကို ခုံမင်နှစ်သက်သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါသူမျိုးတွေဟာ သူတို့ရဲ့ ကောင်းမွန်တဲ့ လုပ်ရက်တွေကြောင့် အများရဲ့ အသိအမှတ်ပြုမှုကို ရရှိတဲ့သူတွေလည်း ဖြစ်ပါတယ်။ ညာဘက်ခြေထောက်မှာ မှည့်ရှိမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ မိသားစုကို ရရှိနိုင်တဲ့သူ ဖြစ်ပါတယ်။ ဘယ်ဘက်ခြေထောက်မှာ မှည့်ရှိမယ်ဆိုရင်တော့ ငွေကြေးအခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ shwekhitonlinetv.com

၆။ ပုခုံးမှာရှိတဲ့မှည့်

ပုခုံးပေါ်မှာ မှည့်ရှိတဲ့သူတွေဟာ ပြဿနာတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်ယူလိုစိတ်ရှိတတ်ကြပြီး ဘဝမှာ ဘယ်လိုအရာတွေကိုပဲ ကြုံရပါစေ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သူတွေလည်း ဖြစ်ပါတယ်။ သင်ဟာ လူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးရတာကို နှစ်သက်သူဆိုရင်တော့ သင့်ကို ခုတုံးလုပ်ပြီး အကျိုးအမြတ်ရှာသူတွေကို သတိထားသင့်ပါတယ်။ shwekhitonlinetv.com

၇။ မေးစေ့မှာရှိတဲ့မှည့်

မေးစေ့မှာမှည့်ရှိတဲ့သူတွေဟာ ဆုံးဖြတ်ချက်ပြတ်သားပြီး ဂရုတစိုက် နေတတ်တဲ့သူ ဖြစ်ပါတယ်။ တခါတရံမှာဆိုရင် တကိုယ်ကောင်းဆန်မိတဲ့ အခိုက်အတန့်တွေတောင် ရှိတတ်ပါတယ်။ မှည့်ဟာ မေးစေ့ရဲ့ ညာဘက်မှာရှိတယ်ဆိုရင်တော့ တရားနည်းလမ်းကျကျ စဥ်းစားတွေးခေါ်တတ်သူ ဖြစ်ပါတယ်။ မေးစေ့ရဲ့ ဘယ်ဘက်မှာ မှည့်ရှိတဲ့သူတွေဟာ ရှေ့ကိုဦးတည်သွားနေတတ်သူဖြစ်ပြီး သူတို့ရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ရမှာ ဝန်မလေးတတ်သူတွေလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply