ကမ္ဘာ့အလှဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ နှစ်နိုင်ငံကြားက နယ်စပ်မျဉ်းများ

အခုတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီး ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်လို အကြောင်းလဲဆိုတော့ ကမ္ဘာပေါ်မှာ အလှဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေကြားက နယ်ခြားစပ်မျဉ်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ကယ်အလှဆုံး ဖြစ်ရလားဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com

၁။ ဂျာမနီ – ချက် ပြည်သူ့သမ္မတ နိုင်ငံ

ဂျာမနီနိုင်ငံနဲ့ ချက် နိုင်ငံကြားမှာ ထားရှိတဲ့ နယ်ခြားစပ်မျဉ်းကတော့ သဘာဝရှုခင်းကို ကြိုက်နှစ်သက်သူတွေအတွက် တစ်ကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါပဲ ။ ကမ္ဘာလှည့် ခရီးသွားတော်တော်များများဟာ ဒီနေရာကို တကူးတကလာပြီး အလှအပတွေကို ခံစားကြပါတယ်တဲ့ ။ shwekhitonlinetv.com

၂။ ဆွီဒင် – ဖင်လန် နိုင်ငံ

ဆွီဒင်နဲ့ ဖင်လန်နိုင်ငံ ကြားက နယ်ခြားစပ်မျဉ်းကတော့ တစ်ကယ့်ကို အထူးအဆန်းပါပဲ ။ ဂေါက်ကွင်း တစ်ခုပေါ်မှာ နယ်ခြားစပ်မျဉ်းက တည်ရှိနေတာ ဖြစ်ပြီး အပျော်တမ်း အနေနဲ့ နှစ်နိုင်ငံကြား ဂေါက်ရိုက်ပြိုင်ပွဲတောင် ကျင်းပလို့ရနေပါသေးတယ် ။ shwekhitonlinetv.com

၃။ ပိုလန် – ယူကရိန်း နိုင်ငံ

မြေပြင်ကနေ ကြည့်မယ်ဆိုရင်တော့ ပိုလန် နဲ့ ယူကရိန်း နိုင်ငံကြားက နယ်ခြားစပ်မျဉ်းရဲ့ အလှအပကို မြင်ရမှာ မဟုတ်ပါဘူး ။ ဝေဟင်ကနေ ကြည့်မှသာ လယ်ကွင်း တွေကြားမှာ ကြီးမားတဲ့ ငါးပုံစံကို ပုံဖော်ထားပြီး နှစ်နိုင်ငံကြားက နယ်ခြားစပ်မျဉ်းကို ပုံဖော်ထားတာတွေ့ရမှာပါ ။ ဒီလို ငါးပုံစံကို ဖန်တီးထားသူကတော့ ပိုလန်နိုင်ငံသား တစ်ဦးဖြစ်တဲ့ Jaroslaw Koziara ဆိုသူပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အာဂျင်တီးနား- ဘရာဇီး – ပါရာဂွေး နိုင်ငံ

ဒီပုံထဲမှာဆိုရင် နိုင်ငံ ( ၃ ) နိုင်ငံ မြစ်တစ်စင်းနဲ့ ပိုင်ခြား သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ ပိုင်းခြားထားပုံကတော့ အာဂျင်တီးနားနိုင်ငံက ဘယ်ဘက် ၊ ဘရာဇီးနိုင်ငံက ညာဘက်နဲ့ ပါရာဂွေးနိုင်ငံက အလယ်မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဘယ်လ်ဂျီယမ် – နယ်သာလန် နိုင်ငံ

ဘယ်လိဂျီယမ်နိုင်ငံ နဲ့ နယ်သာလန် နိုင်ငံကြားမှာ ထားရှိထားတဲ့ နယ်ခြားစပ်မျဉ်းကတော့ ပုံမှာမြင်ရတဲ့ အတိုင်း ရိုးရိုးရှင်းရှင်းလေးပါပဲ ။ တစ်ကယ်လို့ သင်ဟာ နယ်သာလန်နိုင်ငံဘက်မှာ ကော်ဖီသောက်ပြီး ဘယ်လ်ဂျီယမ် နိုင်ငံဘက်ကို တံခါးဖွင့်ပြီး သွားလိုက်ယုံနဲ့တင် ရောက်နိုင်ပါတယ်နော် ။ shwekhitonlinetv.com

၆။ တရုတ် – မွန်ဂိုလီးယား နိုင်ငံ

တရုတ် နဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံကြားထားရှိထားတဲ့ နယ်ခြားစပ်မျဉ်းကတော့ တစ်ခြားနိုင်ငံတွေနဲ့ မတူပဲ ထူးထူးဆန်းဆန်း ပုံဖော်ထားတာပဲဖြစ်ပါတယ် ။ ဘယ်လိုမျိုးလဲဆိုတော့ ပုံမှာမြင်ရတဲ့အတိုင်း ဒိုင်နိုဆောရုပ်တု နှစ်ခု အနမ်းပေးနေကြတဲ့ပုံစံနဲ့ နယ်ခြားစပ်မျဉ်းမှာ ထားပေးထားတာပါ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နှစ်နိုင်ငံကြားထားရှိထားတဲ့ ကမ္ဘာ့ အလှဆုံး နယ်ခြားစပ်မျဉ်းတွေအကြောင်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီး အနေနဲ့ ဒီလိုနေရာလေးတွေကို အမှတ်တရဖြစ်အောင် သွားရောက်လည်ပတ်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်နော် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ တခြားနေရာများတွင် ကူးယူဖော်ပြခွင့်မပြုပါ။