ကမ္ဘာပေါ်ကတန်ဖိုးအကြီးမားဆုံး ရှေးဟောင်းပစ္စည်းများ

ဒီတစ်ခါမှာတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် ကမ္ဘာပေါ်မှာလက်ရှိအချိန်အထိ ထိန်းသိမ်းထားတဲ့ တန်ဖိုးအကြီးမားဆုံးရှေးဟောင်းပစ္စည်းတွေရဲ့အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ Diamond Panther Bracelet – $ 7 Millions

ဘုရင် Edward VIII မှ သူ့ရဲ့ဇနီးဖြစ်သူ Windsor Duchess ကိုမင်္ဂလာလက်ဆောင်အဖြစ်ပေးအပ်ခဲ့တဲ့ ကျားသစ်နက်ပုံစံလက်ကောက်ကတော့ ဒီနေ့ခေတ်ကာလတန်ကြေးနဲ့ဆိုရင် အမေရိကန်ဒေါ်လာ (၇) သန်းကျော်တန်ပါတယ်။ စိန်တွေနဲ့ဖန်တီးထားတဲ့ (၆.၅) လက်မအရှည်ကျားသစ်ကိုယ်ထည်ပေါ်မှာ မြကျောက်တွေနဲ့စီချယ်ထားတဲ့ ဒီကျားသစ်ပုံစံလက်ကောက်က မြင်တာနဲ့တင်အတော်လေးကို ခမ်းနားလှပါတယ်။ shwekhitonlinetv.com

၂။ Der Blaue Wittelsbach – $ 23.4 Millions

ပြီးခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာမှာတော့ စပိန်ဘုရင် King Philip IV ကနေဆင်းသက်လာတဲ့တော်ဝင်မိသားစုဟာ အရည်အသွေးကောင်းလွန်းတဲ့အပြာရောင်စိန်တစ်တုံးကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒီစိန်ကို King Philip IV ဟာသူ့ရဲ့ဇနီးကိုလက်ဆောင်ပေးဖို့အတွက် ၁၆၆၄ ခုနှစ်မှာဝယ်ယူခဲ့တာဖြစ်ပြီး (၃၅.၅၆) ကာရက်ရှိလို့ ကမ္ဘာကျော် Hope စိန်ကြီးနဲ့တောင်နှိုင်းယှဉ်ဖော်ပြမှုတွေရှိခဲ့ဖူးပါတယ်။ ဒီစိန်ကြီးအရောင်းအဝယ်ဖြစ်ခဲ့တာကတော့ ၂၀၀၈ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လန်ဒန်ကကျောက်မျက်ရတနာလေလံပွဲတစ်ခုမှာပါ။ အဝယ်တော်တစ်ယောက်က ဒီစိန်ကြီးကို အမေရိကန်ဒေါ်လာ (၂၃.၄) သန်းပေးပြီးဝယ်သွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Codex Leicester – $ 31 Millions

ဒီအရာကတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ ကျော်ကြားတဲ့မှတ်စုတွေပါတဲ့ လက်စွဲစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို ၁၇၁၉ ခုနှစ်မှာ ရေးသားခဲ့တာဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Thomas Coke ကဝယ်ယူခဲ့ကာ Earl of Leicester လို့အမည်ပေးပြီး ထိန်းသိမ်းထားခဲ့တာလို့သိရပါတယ်။ မှတ်တမ်းတွေအရတော့ ဒီစာအုပ်ကို Bill Gates က ၁၉၉၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၃၁) သန်းနဲ့ပြန်ဝယ်ယူခဲ့ပြီး စာမျက်နှာတစ်ခုစီကို စကန်ဖတ်ကာ အွန်လိုင်းဗားရှင်းအနေနဲ့ ပြန်လည်ဝေမျှခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ လေထီး၊ ပျံသန်းနိုင်တဲ့စက်ကိရိယာ၊ နာရီအစရှိတဲ့ လီယိုနာဒိုဒါဗင်ချီ တီထွင်စမ်းသပ်ခဲ့တဲ့သိပ္ပံဆိုင်ရာ အရာဝတ္ထုတွေရဲ့ ဒီဇိုင်းနဲ့အချက်အလက်တွေကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Pinner Qing Dynasty Vase – $ 86 Millions

ဒါကတော့ ချင်မင်းဆက်လက်ထက်က ပန်းအိုးဖြစ်ပါတယ်။ (၁၈) ရာစုနှောင်းပိုင်းကာလက ချင်မင်းဆက်ဖြစ်တဲ့ ချင်လုံ အတွက်ဒီဇိုင်းဆွဲဖန်တီးခဲ့တာဖြစ်ပြီး ပန်းအိုးမှာ ဧကရာဇ်အမှတ်တံဆိပ်လည်းပါရှိတယ်လို့ သိရပါတယ်။ ဒီပန်းအိုးရဲ့ ဒီဇိုင်းနဲ့ဆေးပန်းချီတွေဟာ လှပသေသပ်လွန်းတဲ့ အနုပညာလက်ရာတွေဖြစ်တာကြောင့် ခေတ်အဆက်ဆက်ချီးကျူးခံခဲ့ရတဲ့ ပန်းအိုးတစ်အိုးလည်းဖြစ်ပါတယ်။ ဒီပန်းအိုးကိုတော့ လေလံပွဲတစ်ခုမှာ ရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ဦးက အမေရိကန်ဒေါ်လာ (၈၆) သန်းအထိပေးဝယ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ The Hope Diamond – $ 350 Millions

(၁၇) ရာစုမှာ အိန္ဒိယနိုင်ငံ Golconda မှာရှိတဲ့ Kollur သတ္တုတွင်းကနေတူးဖော်ရရှိခဲ့တဲ့ The Hope ဆိုတဲ့စိန်ကြီးကတော့ အရည်အသွေးကောင်းမွန်လွန်းတာကြောင့် ခေတ်အဆက်ဆက်နာမည်ကျော်ကြားခဲ့သလို သူနဲ့ပတ်သက်တဲ့ ကျိန်စာကြောင့်လည်း လူပြောများခဲ့ပါတယ်။ (၄၅.၅၃) ကာရက်ရှိတဲ့ဒီစိန်ကြီးကိုတော့ အိန္ဒိယကနေ ပြင်သစ်ကုန်သည် Jean Baptiste Tavernier ကဝယ်ယူလာခဲ့တာဖြစ်ပြီး ပြင်သစ်ဘုရင် Louis XIV ကိုလက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ဒီစိန်ကိုပိုင်ဆိုင်ပြီးမကြာခင်မှာသူလည်း နန်းကျပြီး စိန်ကုန်သည်တွေထံပြန်လည်ရောင်းချခဲ့ပါတယ်။ ဒီစိန်ကြီးကိုပိုင်ဆိုင်သူမှန်သမျှကတော သေသူသေ၊ မွဲသူမွဲနဲ့ အတော်လေးဒုက္ခရောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့တစ်ဆင့်ပြီးတစ်ဆင့်လက်လွှဲပြောင်းလာခဲ့တဲ့ ဒီစိန်ကြီးကိုနောက်ဆုံးဝယ်ယူခဲ့တာကတော့ လန်ဒန်ကဘဏ်သူဌေးတစ်ဦးပဲဖြစ်ပြီး ထုံးစံအတိုင်းဒီစိန်ကြီးရဲ့ ဂြိုဟ်မွှေတဲ့ဒဏ်ကိုမခံနိုင်တာကြောင့် နောက်ဆုံးပြတိုက်ကိုပို့လိုက်တယ်လို့သိရပါတယ်။ လက်ရှိအချိန်ဒီစိန်ကြီးရဲ့ တန်ဖိုးကတော့ ကျွမ်းကျင်သူတွေရဲ့ တွက်ချက်မှုအရ အမေရိကန်ဒေါ်လာ သန်း (၃၅၀) အထိတောင်ရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။