ထူးဆန်းပြီးကြောက်စရာအလွန်ကောင်းတဲ့ ရေအောက်ထဲမှသက်ရှိများ

အခုတစ်ခေါက်မှာတော့ထူးထူးဆန်းဆန်း သက်ရှိတွေရဲ့အကြောင်းကိုစိတ်ဝင်စားကြတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် ပင်လယ်သမုဒ္ဒရာတွေနဲ့ မှောင်မဲနက်ရှိုင်းလွန်းတဲ့ အပိုင်းတွေမှာနေထိုင်ကြတဲ့ ကြောက်စရာအကောင်းဆုံးသက်ရှိတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ ဒီအထဲမှာတစ်ချို့ကတော့ မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ ယူဆကြတဲ့ သတ္တဝါတွေပါဝင်နေသလို အပြင်မှာတစ်ကယ်ရှိမရှိငြင်းခုံနေကြဆဲ သတ္တဝါတွေလည်းပါဝင်နေတာမို့လို့ ဆက်လက်ဖတ်ရှုပြီး ဝေဖန်သုံးသပ်ပေးကြပါဦးနော် ….. shwekhitonlinetv.com

၁။ Jörmungandr

Norse Mythology အကြောင်းသိတဲ့သူတွေကတော့ Jörmungandr အကြောင်းကိုတစ်ခြားသူတွေထက် အများကြီးပိုပြီးသိနိုင်ပါတယ်။ နောက်ပြီး God of War လို Video Game တွေဆော့တဲ့သူတွေအနေနဲ့လည်း ဒီအကောင်ကြီးကိုမြင်ဖူးမှာဖြစ်ပါတယ်။ နောက်ပြီး ဒီသတ္တဝါကြီးက ဂရိ၊ ရောမ ဒဏ္ဍာရီတွေအရဆိုရင် Thor , Loki တို့နဲ့လည်းဆက်နွယ်နေပါတယ်။ အပြင်မှာတစ်ကယ်ရှိနိုင်တယ်ဆိုပေမယ့် ဖြစ်နိုင်ခြေကတော့ အတော်လေးကိုနည်းမယ်လို့ထင်ရတဲ့ ရှေးဟောင်းဒဏ္ဍာရီလာ သတ္တဝါကြီးတွေပါ။ shwekhitonlinetv.com

၂။ Ottoia

၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Deep Rising ရုပ်ရှင်ဇာတ်ကားထဲက Argonautica လို့အမည်ပေးထားတဲ့ Ottoia တစ်ကောင်ကတော့ ကလေးတွေကိုအတော်လေးကြောက်ရွံ့ထိတ်လန့်စေခဲ့တာအမှန်ပါ။ ဒီဇာတ်ကားထွက်ရှိပြီးနောက်မှာတော့ ဒီလို သတ္တဝါကြီးတွေအပြင်မှာတစ်ကယ်ရှိမရှိဆိုတဲ့ ငြင်းခုံမှုတွေကပါ ကျယ်လောင်လာခဲ့ပါတယ်။ သုတေသနပညာရှင်တွေအနေနဲ့တော့ ပုံသဏ္ဍာန်အတော်ဆင်တူတဲ့ အကောင်ငယ်လေးတွေကို တွေ့ရှိဖူးပြီး သူတို့အနေနဲ့ အဆမတန်ကြီးတဲ့မျိုးကွဲတွေရှိနေမလားဆိုတာကို လေ့လာစူးစမ်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိတော့ အဲ့ဒီရုပ်ရှင်ထဲကလို Ottoia အကောင်ကြီးမျိုး မြင်တွေ့ရခြင်းမရှိသေးပါဘူး။ shwekhitonlinetv.com

၃။ Gyarados

Pokemon ပရိသတ်တွေကတော့ Gyarados ကိုကောင်းကောင်းသိမယ်လို့ထင်ပါတယ်။ ဒီသတ္တဝါက အပြင်လောကမှာတစ်ကယ်ရှိပြီးအတော်လေးကို ကြောက်ဖို့ကောင်းတယ်လို့ မြင်ဖူးတဲ့သူတွေကတော့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့အပြင်လောကက ပုံပန်းသဏ္ဍာန်ကိုတော့သက်သေပြနိုင်တဲ့အထောက်အထား တစ်စုံတစ်ရာမရှိသေးပါဘူး။ မြင်ဖူးတယ်လို့ဆိုတဲ့သူတွေရဲ့ ပြောပြချက်အရတော့ သူဟာပါးပျဉ်းထောင်လိုက်ရင် (၆) ပေကျော်လောက်အမြင့်ရှိပြီး ပျံလည်းပျံသန်းနိုင်ကြကာ အလေးချိန်ပေါင် (၂၀၀) ကျော်လောက်ရှိမယ်လို့ဆိုကြပါတယ်။ လူသူအရောက်အပေါက်နည်းလွန်းတဲ့ သမုဒ္ဒရာအောက်ခြေမှာ ဒီသတ္တဝါတွေအမှန်တစ်ကယ်ရှိနေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကတော့ ယူဆထားကြပါတယ်။ shwekhitonlinetv.com

၄။ Bucktoothed Ghost Sharks

ဒီသတ္တဝါကတော့နာမည်နဲ့လိုက်ဖက်အောင်ပဲ သမုဒ္ဒရာရေနက်ပိုင်းမှာတွေ့မြင်မိခဲ့ရင် ကြောက်လန့်သွားစေမယ့် ပုံဆိုးပန်းဆိုးအသွင်အပြင်ရှိပါတယ်။ နာမည်က Shark ဆိုတာပါပေမယ့် ဒီငါးတွေက ငါးမန်းမျိုးစိတ်တော့မဟုတ်ပါဘူး။ သူ့ရဲ့သွားတွေကလည်း ငါးမန်းတွေလို ထက်မြက်နေခြင်းမရှိပါဘူး။ ဒါပေမယ့် အနက်ရောင်အဆင်းနဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ သွင်ပြင်တွေကြောင့် သူ့ကို ကြောက်စရာအကောင်းဆုံးရေသတ္တဝါတစ်ကောင်အဖြစ်တော့ သတ်မှတ်ထားကြပါတယ်။ shwekhitonlinetv.com

၅။ Jaekelopterus

Jaekelopterus ကတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၄၀၀) လောက်က ကမ္ဘာပေါ်မှာနေထိုင်ကျက်စားခဲ့တဲ့ ကြီးမားတဲ့ ပင်လယ်ကင်းမြီးကောက်တွေပဲဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက ထိပ်တန်းသက်ရှိတွေဖြစ်ခဲ့ပြီး အခြားမျိုးစိတ်တွေဟာ သူတို့ရဲ့အစာတွေဖြစ်ခဲ့ပါတယ်။ ခန္ဓာကိုယ်အရှည်က (၈) ပေလောက်ရှိပြီး ချွန်ထက်နေတဲ့ လက်သည်းတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဒီနေ့ခေတ် ဂဏန်း၊ ကင်းမြီးကောက် တွေနဲ့ ပုံသဏ္ဍာန်အတော်လေးကိုဆင်တူပြီး မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ သတ်မှတ်ထားတဲ့ ကြောက်စရာအကောင်းဆုံး ရေသတ္တဝါထဲက မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။