ခရစ်တော်မပေါ်မီက လူသားသမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်ခဲ့တဲ့ ရှေးဟောင်းမြို့ကြီးများ

လူသားတွေရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ မြို့ကြီးတွေတည်ထောင်ပြီးနေထိုင်ခဲ့ကြမှုဟာ လူ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်အရေးပါခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ သမိုင်းကြောင်းမှတ်တမ်းတွေမှာဖော်ပြမှုအရ တစ်ချိန်ကအကြီးကျယ်အခမ်းနားဆုံးဖြစ်ခဲ့တဲ့ ရှေးဟောင်းမြို့ကြီးတွေအကြောင်းကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ယေရိခေါ (ဘီစီ ၇၀၀၀ ခန့်က အကြီးကျယ်ဆုံးမြို့)

ယေရိခေါ (Jericho) မြို့တော်ကတော့ ဒီနေ့ခေတ်ပါလက်စတိုင်းနိုင်ငံနယ်နိမိတ်ထဲမှာပါဝင်ပြီး ပင်လယ်သေနဲ့ နီဘိုတောင်ကြားမှာတည်ရှိပါတယ်။ လွန်ခဲ့တဲ့ ဘီစီ ၉၀၀၀ ခုနှစ်လောက်ကတည်ခဲ့တဲ့ဒီမြို့ဟာ ဂျော်ဒန်မြစ်ကနေသဘာဝအလျောက်ဖြစ်တည်နေတဲ့ ဆည်မြောင်းလေးတွေနဲ့ အိုအေစစ်လေးတွေအများအပြားရှိပြီး စိုက်ပျိုးရေးအတွက် အဆင်ပြေစေမယ့်စမ်းချောင်းလေးတွေလည်းရှိပါတယ်။ ဒီမြို့မှာ လူဦးရေ (၂၀၀၀) လောက်နေထိုင်ကြပြီး ဘီစီ (၇၀၀၀) ခုနှစ်အရောက်မှာတော့ ကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးမြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါတယ်။ ကိုးကွယ်မှု၊ ယဉ်ကျေးမှုနဲ့ ဗိသုကာလက်ရာတွေလည်းထွန်းကားခဲ့ပြီး လူသားပုံတူရုပ်တုတွေစတင်ပြုလုပ်ခဲ့ကြတဲ့မြို့လို့သိရပါတယ်။ ဒီနေ့အချိန်အထိ ဒီမြို့ဟာတည်ရှိနေသေးပြီး လူဦးရေ (၁၅၀၀၀) နီးပါးနေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com

၂။ ယူရက် (ဘီစီ ၃၅၀၀ ခန့်က အကြီးကျယ်ဆုံးမြို့)

ယူရက် (Uruk) မြို့ကတော့ တီရစ်မြစ် (Tigris River) နဲ့ ယူဖရေးတီးမြစ် (Euphrates River) တို့ကြားမှာရှိတဲ့ကုန်းမြေမှာတည်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ မြစ်နှစ်ခုရဲ့ကြားမှာတည်ရှိတာဖြစ်လို့ စိုက်ပျိုးရေးအထူးကောင်းမွန်ပြီး လူဦးရေ (၄၀၀၀) လောက်နေထိုင်ခဲ့ကြကာ ဘီစီ (၃၅၀၀) မှာ အကြီးကျယ်ဆုံးမြို့ကြီးတစ်မြို့အဖြစ် ကျော်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်အချိန်မှာတော့ ယူရက် မြို့ဟာပျောက်ကွယ်သွားခဲ့ပြီး အပျက်အဆီးအချို့သာ ကျန်ရှိပါတော့တယ်။ shwekhitonlinetv.com

၃။ မာရီ (ဘီစီ ၂၄၀၀ ခန့်က အကြီးကျယ်ဆုံးမြို့)

မာရီ (Mari) ကတော့ မက်ဆိုပိုတေးမီးယားဒေသရဲ့ ခိုင်မာတဲ့ကုန်သွယ်မြို့တစ်မြို့ဖြစ်ခဲ့ပြီး ဘီစီ (၂၄၀၀) ခုနှစ်ကအကြီးကျယ်ဆုံးမြို့ဖြစ်ခဲ့ပါတယ်။ ကျောက်တုံးများ၊ သစ်များ၊ စိုက်ပျိုးရေးပစ္စည်းများ နဲ့ မြေအိုးများကို ကုန်သွယ်ဖလှယ်ကြရာ ဗဟိုချက်မြို့လည်းဖြစ်ပါတယ်။ ယနေ့ခေတ် ဆီးရီးယားနိုင်ငံပိုင်နက်ထဲမှာပါဝင်ခဲ့တဲ့ မာရီမြို့မှာတော့ လူဦးရေ (၅၀၀၀၀) ကျော်လောက်နေထိုင်ခဲ့ကြပြီး အခုအခါမှာတော့ အပျက်အဆီးတွေသာ ကျန်ရှိပါတော့တယ်။ shwekhitonlinetv.com

၄။ ဥရ (ဘီစီ ၂၁၀၀ ခန့်က အကြီးကျယ်ဆုံးမြို့)

ဥရ (Ur) မြို့ကတော့ ကမ္ဘာတစ်ဝှမ်းကတင်သွင်းလာတဲ့ အဖိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေကို ဇိမ်ခံပစ္စည်းအဖြစ် ဖန်တီးရာမှာနာမည်ကျော်ကြားခဲ့တဲ့မြို့ဖြစ်ပါတယ်။ မက်ဆိုပိုတေးမီးယား ဒေသမှာပဲတည်ရှိခဲ့ပြီး ယနေ့ခေတ် အီရတ်နိုင်ငံရဲ့နယ်နိမိတ်ထဲမှာပါဝင်ခဲ့ပါတယ်။ လူဦးရေ (၁) သိန်းဝန်းကျင်နေထိုင်ခဲ့တဲ့ ဥရ မြို့ဟာ ဘီစီ (၂၁၀၀) အရောက်မှာကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးမြို့ဖြစ်ခဲ့ပြီး ဘီစီ (၅၀၀) နောက်ပိုင်းကနေစပြီးတော့ မိုးခေါင်မှုကြောင့်လူတွေတဖြည်းဖြည်းစွန့်ခွာခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရင်ရှု (ဘီစီ ၁၃၀၀ ခန့်က အကြီးကျယ်ဆုံးမြို့)

ရင်ရှု (Yinxu) ကတော့ တရုတ်စာရေးနည်းရဲ့ပုံစံတွေကို မြင်တွေ့ရတဲ့အစောဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ လိပ်ခွံ၊ နွားရိုး စတာတွေကို စာရေးကိရိယာအဖြစ်အသုံးပြုကာ ရေးသားထားတဲ့စာချပ်တွေကို သုတေသနပညာရှင်တွေအနေနဲ့ရှာတွေ့ခဲ့ပြီး တရုတ်စာရေးနည်းဆင့်ကဲပြောင်းလဲလာခြင်းရဲ့ ကနဦးအစမြို့တစ်မြို့အဖြစ် ယူဆခဲ့ကြတာဖြစ်ပါတယ်။ ဘီစီ (၁၃၀၀) ခန့်က ကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးနဲ့ အစည်ကားဆုံးဖြစ်ခဲ့တဲ့ ရင်ရှုမြို့မှာတော့ လူဦးရေ (၁၂၀၀၀၀) ဝန်းကျင်နေထိုင်ခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ မြို့ရဲ့ပျက်စီးနေတဲ့ အပိုင်းအစတွေသာ ကျန်ရှိပါတော့တယ်။ shwekhitonlinetv.com

၆။ ဘေဘီလုံ (ဘီစီ ၇၀၀ စုခန့်က အကြီးကျယ်ဆုံးမြို့)

ဘေဘီလုံမြို့ကတော့ နှစ်ပေါင်း (၄၀၀၀) သက်တမ်းရှိပြီဖြစ်တယ်လို့ သုတေသနမှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဆက်ဒမ်ဟူစိန်လက်ထက်က ဒီမြို့ဟောင်းပေါ်မှာ အုတ်ချပ်ပေါင်းများစွာနဲ့ သူ့ရဲ့နာမည်ကဗ္ဗည်းထိုးထားတဲ့ အဆောက်အအုံတစ်ခုကို ဘေဘီလိုးနီးယန်းဘုရင် နက်ဘူချန်နစ်ဇာ (Babylonian King Nebuchadnezzar) ရဲ့ စတိုင်အတိုင်းတည်ဆောက်ခဲ့ဖူးပါတယ်။  shwekhitonlinetv.com

ဆက်ဒမ် ကျဆုံးခဲ့တဲ့နောက်ပိုင်းမှာတော့ ရှေးဟောင်းပစ္စည်းစုဆောင်းသူတွေဟာ ဒီနေရာကိုအလုအယက်ရှာဖွေခဲ့ကြပါတယ်။ အမေရိကန်တွေဒီနေရာကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ ရှေးဟောင်းပစ္စည်းမှောင်ခိုသမားတွေရန်ကနေကာကွယ်ဖို့အတွက် စစ်အခြေစိုက်စခန်းတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ လူဦးရေ (၁၀၀၀၀၀) နီးပါးနေထိုင်ပြီး ဘီစီ (၇၀၀) ရာစုရဲ့ ချမ်းသာကြွယ်ဝဆုံးနဲ့ အစည်ကားဆုံးမြို့ကြီးဟာ အခုအခါမှာတော့ အပျက်အစီးတွေသာကျန်ရစ်ပါတော့တယ်။ shwekhitonlinetv.com

၇။ ကာသေ့ (ဘီစီ ၃၀၀ စုခန့်က အကြီးကျယ်ဆုံးမြို့ကြီး)

ပုံဝတ္ထုတွေစာအုပ်တွေထဲမှာ ပါဝင်လေ့ရှိတဲ့ ကာသေ့ (Carthage) တိုင်းကတော့ ယနေ့ခေတ်တူနီးရှားနိုင်ငံရဲ့ ပိုင်နက်မှာတည်ရှိခဲ့တာဖြစ်ပါတယ်။ တတိယ ပျူနစ်စစ်ပွဲမှာ ရောမတွေက ကာသာဂီနီးယန်း (Carthaginian) တွေရဲ့မှတ်တမ်းတွေအားလုံးကိုဖျက်စီးပစ်ခဲ့တာကြောင့် ဒီမြို့နဲ့ပတ်သက်တက်သမိုင်းမှတ်တမ်းတွေကတော့ အတော်လေးကိုရှားပါးလှပါတယ်။  shwekhitonlinetv.com

မကြာသေးမီကာလတွေကတော့ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ဒီမြို့ဟောင်းမှာ မီးမသဂြိုဟ်ရသေးတဲ့ ကလေးအလောင်းရုပ်ကြွင်းတွေကိုတွေ့ရှိခဲ့ရလို့ ဒီမြို့ဟောင်းနေရာကို လေ့လာစူးစမ်းမှုတွေ အပြင်းအထန်ပြုလုပ်လျှက်ရှိတယ်လို့သိရပါတယ်။ တစ်ချိန်ကလူဦးရေ (၄၀၀၀၀၀) ကျော်နေထိုင်ခဲ့ပြီး ဘီစီ (၃၀၀) စုရဲ့အကြီးကျယ်အခမ်းနားဆုံးမြို့ကြီးဟာ ဒီနေ့အချိန်မှာတော့ လူဦးရေ (၂၀၀၀၀) ဝန်းကျင်ပဲနေထိုင်တော့တဲ့ မြို့ဟောင်းတစ်ခုအသွင်ရှိနေခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply