အာကာသထဲသို့ ဂြိုဟ်တု အစောဆုံးလွှတ်တင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံများ

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းစာရင်းအင်းတွေအရဆိုရင် အာကာသထဲကိုလွှတ်တင်ထားပြီး ကမ္ဘာကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တုအရေအတွက်ဟာ (၅,၄၆၅) ခုတောင်ရှိတယ်လို့ သိရပါတယ်။ ဒီထဲက (၃,၄၃၃) ခုကတော့ အမေရိကန်တစ်နိုင်ငံတည်းကနေလွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေဖြစ်ပါတယ်။ ဒါပေမယ့် အာကာသထဲကို ပထမဆုံးနဲ့အစောဆုံး ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုမဟုတ်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အာကာသထဲကို ဂြိုဟ်တုအစောဆုံး လွှတ်တင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံကြီး (၁၀) ခုကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ဆိုဗီယက်ယူနီယံ

အာကာသထဲကို ပထမဆုံးအနေနဲ့အောင်မြင်စွာ ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တဲ့နိုင်ငံကတော့ တစ်ချိန်က ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံပဲဖြစ်ပါတယ်။ ၁၉၅၇ အောက်တိုဘာလ (၄) ရက်နေ့မှာ ဆိုဗီယက်ယူနီယံဟာ Sputnik 1 ဆိုတဲ့ ဂြိုဟ်တုကိုအာကာသထဲလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အမေရိကန်ပြည်ထောင်စု

ကမ္ဘာ့အနောက်ဘက်ခြမ်းကိုကြီးစိုးထားတဲ့ အမေရိကန်ပြည်ထောင်စုကတော့ ဆိုဗီယက်ယူနီယံ အနေနဲ့အာကာသထဲကို ဂြိုဟ်တုလွှတ်တင်ပြီး လအနည်းငယ်အကြာမှာပဲ အာကာသထဲကို ဂြိုဟ်တုလွှတ်တင်ခဲ့ပါတယ်။ အမေရိကန်တို့ကတော့ ၁၉၅၈ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ Explorer 1 ဂြိုဟ်တုကို အာကာသထဲလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ယူနိုက်တက်ကင်းဒမ်း

ဥရောပတိုက်က မဟာမိတ်နိုင်ငံဖြစ်တဲ့ ယူနိုက်တက်ကင်းဒမ်းကတော့ ၁၉၆၂ ဧပြီလ (၂၆) ရက်နေ့မှာ အာကာသထဲဂြိုဟ်တုလွှတ်တင်နိုင်ခဲ့ပါတယ်။ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုအမည်ကတော့ Ariel 1 ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ကနေဒါ

အမေရိကန်ရဲ့ အိမ်နီးချင်းလည်းဖြစ် ဓနသဟာယနိုင်ငံတစ်နိုင်ငံလည်းဖြစ်တဲ့ ကနေဒါနိုင်ငံကတော့ ယူနိုက်တက်ကင်းဒမ်းနည်းတူ ၁၉၆၂ ခုနှစ်မှာပဲ အာကာသထဲဂြိုဟ်တုလွှတ်တင်ခဲ့တာပါ။ သူတို့လွှတ်တင်ခဲ့တာကတော့ စက်တင်ဘာလ (၂၉) ရက်နေ့မှာဖြစ်ပြီး ဂြိုဟ်တုရဲ့အမည်ကိုတော့ Alouette 1 လို့ပေးခဲ့ပါတယ်။ shwekhitonlinetv.com

၅။ အီတလီ

ဥရောပတိုက်က အီတလီနိုင်ငံကတော့ ၁၉၆၄ ခုနစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ San Marco 1 ဆိုတဲ့ဂြိုဟ်တုကို အာကာသထဲလွှတ်တင်နိုင်ခဲ့တဲ့ နိုင်ငံပါ။ shwekhitonlinetv.com

၆။ ပြင်သစ်

ဥရောပထိပ်သီးပြင်သစ်နိုင်ငံကတော့ အာကာသထဲဂြိုဟ်တုလွှတ်တင်နိုင်တဲ့ ဆဋ္ဌမမြောက်နိုင်ငံဖြစ်ပါတယ်။ ပြင်သစ်တို့ဟာ ၁၉၆၅ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ Astérix ဆိုတဲ့ဂြိုဟ်တုကိုလွှတ်တင်ခဲ့တာပါ။ shwekhitonlinetv.com

၇။ သြစတြေးလျ

သြစတြေးလျတိုက်က သြစတြေးလျနိုင်ငံကတော့ နိုဝင်ဘာ (၂၉) ၁၉၆၇ မှာ WRESAT ဆိုတဲ့အမည်နဲ့ ဂြိုဟ်တုကို အာကသထဲလွှတ်တင်ခဲ့ပြန်ပြီး ကမ္ဘာပေါ်မှာ သတ္တမမြောက် အာကာသထဲဂြိုဟ်တုလွှတ်တင်နိုင်တဲ့ နိုင်ငံအဖြစ်သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

၈။ အနောက်ဂျာမနီ

ဂျာမနီနိုင်ငံအနေနဲ့ အရှေ့အနောက် နှစ်ခြမ်းကွဲနေခဲ့အတောအတွင်း ၁၉၆၉ နိုဝင်ဘာလ (၈) ရက်နေ့မှာ အနောက်ဂျာမနီက အာကသထဲဂြိုဟ်လွှတ်တင်ခဲ့ပါတယ်။ ဂြိုဟ်တုအမည်ကတော့ Azur ဖြစ်ပြီး နာဆာကကူညီထောက်ပံ့မှု အများကြီးပေးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၉။ ဂျပန်

အာရှရဲ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ အာကာသထဲကို နဝမမြောက် ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တဲ့နိုင်ငံပါ။ ဂျပန်တွေဟာ ၁၉၇၀ ဖေဖေါ်ဝါရီ (၁၁) ရက်နေ့မှာ Ohsumi ဆိုတဲ့ ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲလွှတ်တင်ခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ တရုတ်

ဒီစာရင်းမှာပါဝင်တဲ့ နောက်ဆုံးနိုင်ငံကတော့ ကမ္ဘာ့လူဦးရေအများဆုံးတရုတ်နိုင်ငံပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဂျပန်ထက် (၂) လနောက်ကျပြီး ၁၉၇၀ ဧပြီ (၂၄) ရက်နေ့မှာမှ Dongfanghong ဆိုတဲ့ဂြိုဟ်တုကို အာကာသထဲလွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။