၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စျေးအကြီးဆုံး ပစ္စည်း ၁၀ မျိုး

ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ထည့်တွက်စရာမလိုပဲ လိုချင်သမျှ ပစ္စည်းကို ဝယ်ယူနိုင်ဖို့ဆိုတာ လူတိုင်းတောင်းတတဲ့ အိမ်မက်တခုဖြစ်မယ်ထင်ပါတယ်။ ဒါဆိုရင် ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းများကို မျက်တောင်တချက်မခတ်ပဲ ဝယ်ယူနိုင်သူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူတော်တော်များများရဲ့ အိမ်မက်တွေကို ပိုင်ဆိုင်ခွင့်ရရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲနော်။ ၂၀၂၂ ခုနှစ်အတွင်း လေ့လာစမ်းစစ်ချက်များအရ အောက်ဖော်ပြပါ ပစ္စည်း ၁၀ ခုဟာ ကမ္ဘာ့စျေးအကြီးဆုံးထိပ်တန်း ၁၀ ခုစာရင်းဝင် ပစ္စည်းများ ဖြစ်ကြပါတယ်။​ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com

၁၀။ Giant Clock ( အမေရိကန်ဒေါ်လာ ၄၂ မီလီယမ် )

လူသိများကျော်ကြားလှတဲ့ ဘီလီယမ်နာသူဌေးကြီးများထဲက တဦးဖြစ်တဲ့ Jeff Bezos ဟာ နောင်နှစ်ပေါင်း ၁၀,၀၀၀ အထိ ရပ်တန့်ခြင်းမရှိပဲ ဆက်လက်လည်ပတ်နိုင်မယ့် ကြီးမားတဲ့ နာရီကြီးကို တီထွင်ဖန်တီးခဲ့ပါတယ်။ အဆိုပါနာရီကြီးရဲ့ တည်ဆောက်မှု ကုန်ကျငွေဟာ အမေရိကန်ဒေါ်လာ ၄၂ မီလီယမ်အထိ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ၁၀ ခုမြောက်စျေးအကြီးဆုံး နာရီကြီးဖြစ်ခဲ့ပါတယ်။ အဆိုပါ တီထွင်မှုကို သူဌေးကြီး Jeff Bezos ရဲ့ ငွေကြေးဖြုန်းတီးမှုတခုလို့ တချို့က သတ်မှတ်ကြပါတယ်။ shwekhitonlinetv.com

၉။ 1962 Ferrari GTO ( အမေရိကန်ဒေါ်လာ ၄၈.၄ မီလီယမ် )

စျေးအကြီးဆုံးပစ္စည်းများစာရင်းမှာ နာမည်ကြီးကားတွေပါဝင်နေတယ်ဆိုတာ အံ့သြစရာမရှိပါဘူးနော်။ ၂၀၁၈ ခုနှစ်အတွင်းမှာ အမည်မသိဝယ်ယူသူတယောက်က 1962 Ferrari GTO ကို အမေရိကန်ဒေါ်လာ ၄၈.၄ မီလီယမ်နဲ့ ဝယ်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ အဆိုပါကားဟာ စျေးအကြီးဆုံး နံပါတ် ၉ ချိတ်နေခဲ့ပါတယ်။ shwekhitonlinetv.com

၈။ The Graff Hallucination Watch ( အမေရိကန်ဒေါ်လာ ၅၅ မီလီယမ် )

၂၀၁၄ ခုနှစ်မှာ Graff Diamonds ကျောက်မျက်ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ Laurence Graff ကိုယ်တိုင် စတင်မိတ်ဆက်ခဲ့တဲ့ ကျောက်မျက်ရတနာများနဲ့ စီခြယ်ထားတဲ့ နာရီပဲဖြစ်ပါတယ်။ ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုးရှိတဲ့ စိန်အမျိုးအစားပေါင်းများစွာနဲ့ ပြုလုပ်ထားပြီး ကာရက် ၁၁၀ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းကနေစပြီး ၂၀၂၂ ခုနှစ်အထိ အဆိုပါ စိန်စီနာရီဟာ အမေရိကန်ဒေါ်လာ ၅၅ မီလီယမ်နဲ့ ကမ္ဘာ့စျေးအကြီးဆုံး နံပါတ် ၈ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ shwekhitonlinetv.com

၇။ ‘Garçon à la Pipe’ ( အမေရိကန်ဒေါ်လာ ၁၀၄ မီလီယမ် )

‘Garçon à la Pipe’ (Boy with Pipe) လို့အမည်ရတဲ့ ပန်းချီကားဟာ တန်ဖိုးအကြီးဆုံးပန်းချီကား ၃ ကားထဲက တကားအပါအဝင်ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် မေလမှာ အမေရိကန်ဒေါ်လာ ၁၀၄ မီလီယမ်နဲ့ ရောင်းချနိုင်ခဲ့တာကြောင့် ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းစာရင်း နံပါတ် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၆။ ‘Portrait of Adele Bloch-Bauer I’ ( အမေရိကန်ဒေါ်လာ ၁၃၅ မီလီယမ် )

‘Portrait of Adele Bloch-Bauer I’ ကတော့ စျေးအကြီးဆုံး နံပါတ် ၆ စာရင်းဝင် ပန်းချီကားတချပ်ပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃၅ မီလီယမ်နဲ့ ရောင်းချနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ စျေးအကြီးဆုံးပစ္စည်းစာရင်းဝင် ပန်းချီကားအဖြစ် ရပ်တည်လျက်ရှိပါတယ်။ shwekhitonlinetv.com

၅။ Jeff Bezos’ Beverly Hills House ( အမေရိကန်ဒေါ်လာ ၁၆၅ မီလီယမ် )

နာမည်ကျော် ဘီလီယမ်နာသူဌေးကြီး Jeff Bezos ရဲ့ အိမ်ကြီးဟာ ကမ္ဘာ့စျေးအကြီးဆုံး ထိပ်တန်း ၅ ခုမှာ ပါဝင်တယ်ဆိုတာ အံ့သြစရာတော့ ရှိမယ်မထင်ပါဘူးနော်။ Jeff Bezos ဟာ ၁၁၉ မီလီယမ်တန်ဖိုးရှိ ဇိမ်ခံအိမ်ကြီး ၊ နယူးယောက်မှာရှိတဲ့ ၂၃ မီလီယမ်တန်ဖိုးရှိ ကွန်ဒိုနဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ ၂၃ မီလီယမ်တန်ဖိုးရှိ အိမ်တို့အပါအဝင် ဇိမ်ခံအိမ်အမြောက်အများကို ပိုင်ဆိုင်ထားပါတယ်။ အဆိုပါပိုင်ဆိုင်မှုတွေထဲကမှ Beverly Hills တောင်ကုန်းပေါ်မှာရှိတဲ့ အပန်းဖြေအိမ်ကြီးကတော့ အားလုံးထဲမှာ တန်ဖိုးအကြီးဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆၅ မီလီယမ်တန်ဖိုးရှိပါတယ်။ shwekhitonlinetv.com

၄။ ‘The Card Players’ Painting ( အမေရိကန်ဒေါ်လာ ၂၇၅ မီလီယမ် )

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ရဲ့အပန်းဖြေအိမ်ထက် ပိုပြီးစျေးကြီးတဲ့ ပန်းချီကားပဲ ဖြစ်ပါတယ်။ ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းတွေထဲမှာ ပန်းချီကားတွေပါဝင်ခြင်းဟာ အနုပညာပေါ်မှာ ရင်းနှီးမြှုပ်နှံတတ်ကြတဲ့ လူချမ်းသာတွေရဲ့ ငွေကြေးရင်းနှီးမှုကို တွေ့မြင်နိုင်ပါတယ်။ ‘The Card Players’ ဆိုတဲ့ ပန်းချီကားဟာ ပြင်သစ်ပန်းချီဆရာ Paul Cezzane ရဲ့လက်ရာတခုဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၇၅ မီလီယမ်တန်ဖိုးရှိပြီး ထိုပန်းချီကားကို ကာတာနိုင်ငံမှ Al Thani တော်ဝင်မိသားစုက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Villa Leopolda ( အမေရိကန်ဒေါ်လာ ၅၀၆ မီလီယမ် )

ပြင်သစ်နိုင်ငံ အရှေ့တောင်ဘက်ပိုင်းမှာရှိတဲ့ မြေထဲပင်လယ်ကမ်းခြေတခုဖြစ်တဲ့ French Riveria မှာ ဆောက်လုပ်ထားတဲ့ အပန်းဖြေစံအိမ်ကြီးတခုပဲဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယစျေးအကြီးဆုံး တဦးတည်းပိုင်အိမ်ဆိုရင်လည်း မမှားပါဘူးနော်။ ၁၉၀၂ ခုနှစ်မှာ ဘယ်လ်ဂျီယံဘုရင် Leopold II အတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ထို့နောက်မှာတော့ အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အဆိုပါနေရာကို ဆေးရုံအဖြစ်အသုံးပြုခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ရုရှားဘီလီယမ်နာတဦးဖြစ်တဲ့ Mikhail Prokhorov ကနေပြီး Villa Leopolda ကိုဝယ်ယူခဲ့ပါတယ်။ shwekhitonlinetv.com

၂။ Antilia ( အမေရိကန်ဒေါ်လာ ၂ ဘီလီယမ် )

တကယ်လို့သင်ဟာ ကမ္ဘာ့စျေးအကြီးဆုံးအိမ်တွေမှာပဲ နေချင်တယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ သွားရောက်နေထိုင်သင့်ပါတယ်။ Antilia လို့အမည်ရတဲ့ ၂၇ ထပ်ရှိတဲ့ ဒီတာဝါကြီးမှာ ရဟတ်ယာဥ်ဆင်းသက်နိုင်ဖို့အတွက် နေရာများ ၊ ဓာတ်လှေကား ၉ ခု ၊ ခုံ ၅၀ စာပါဝင်တဲ့ အိမ်တွင်းရုပ်ရှင်ရုံ နဲ့ အခြားသော ဇိမ်ခံပစ္စည်းများစွာပါဝင်ပါတယ်။ Antilia အဆောက်အဦကြီးကို အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံး ဘီလီယမ်နာသူဌေးကြီး Mukesh Ambani က ပိုင်ဆိုင်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းများအရ ဘီလီယမ်နာသူဌေးကြီး Mukesh Ambani ရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၈၄.၂ ဘီလီယမ်အထိ ရှိတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၁။ History Supreme Yacht ( အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယမ် )

History Supreme Yacht လို့ခေါ်ဝေါ်တဲ့ ဒီရွက်လှေကို ၃ နှစ်ကြာ ဒီဇိုင်းဆွဲခဲ့ရပြီး ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းများကို အသုံးပြုကာ ဆောက်လုပ်ခဲ့တဲ့ ရွက်လှေဖြစ်ပါတယ်။ အာရှလူနေမှုပုံစံကို မှီငြမ်းပြီး ဆောက်လုပ်ထားတဲ့ ဒီရွက်လှေဟာ ရွှေနဲ့ ပလက်တီနမ်များကို အသုံးပြုပြီး ဆောက်လုပ်ထားတာပါ။ ဒါ့ကြောင့် ကမ္ဘာ့စျေးအကြီးဆုံးထိပ်တန်းစာရင်းမှာ နံပါတ်တစ်ဖြစ်နေတာပဲဖြစ်ပါတယ်။ ကမ္ဘာ့စျေးအကြီးဆုံး History Supreme Yacht ကို ရှန်ဂရီလာဟိုတယ်နဲ့ အပန်းဖြေစခန်းကို ပိုင်ဆိုင်တဲ့ မလေးရှားစီးပွားရေးသမား Robert Kuok က ပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။