ကမ္ဘာပေါ်က အံ့သြစရာ အကောင်းဆုံး နေရာ (၇) ခု

ကမ္ဘာပေါ်မှာစွဲမက်နှစ်သက်ဖွယ်ရာကောင်းလွန်းတဲ့ အလှအပတွေနဲ့ပြည့်နှက်နေတဲ့ နေရာတွေများစွာရှိပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီနေရာတွေထဲက တစ်ချို့ရဲ့အကြောင်းကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဂလာပါဂို့စ်ကျွန်း – အီကွေဒေါ

ဂလာပါဂို့စ်ကျွန်း (Galapagos Island) ကတော့ ကမ္ဘာပေါ်မှာအခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့ထူးထူးဆန်းဆန်းသတ္တဝါမျိုးစိတ်တွေ ရှင်သန်နေထိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံရဲ့ပိုင်နက်ထဲမှာရှိတဲ့ ဂလာပါဂို့စ်ကျွန်းဟာ အီကွေဒေါပြည်မကြီးရဲ့ အနောက်ဘက် မိုင် (၆၀၀) လောက်ဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာတည်ရှိပါတယ်။ လူသူအရောက်အပေါက်နည်းပြီး မီးတောင်ရှင်တွေလည်းပေါတဲ့ ဂလာပါဂို့စ်ကျွန်းဟာ ယူနက်စကိုရဲ့ သဘာဝဆင့်ကဲဖြစ်စဉ်များရဲ့ပြတိုက် အဖြစ်သတ်မှတ်ခံထားရပါတယ်။

၂။ ဟန်ဆွန်ဒွန်းလှိုဏ်ဂူ – ဗီယက်နမ်

ဗီယက်နမ်နိုင်ငံ Phong Nha Ke Bang အမျိုးသားဥယျာဉ်မှာရှိတဲ့ ဟန်ဆွန်ဒွန်း (Han Son Doong) လှိုဏ်ဂူကတော့ ကမ္ဘာပေါ်မှာအကြီးမားဆုံးလှိုဏ်ဂူကြီးပဲဖြစ်ပါတယ်။ ဒီလှိုဏ်ဂူကြီးကို ၁၉၉၀ မတိုင်ခင်အထိရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ အများပြည်သူလေ့လာနိုင်ဖို့ဖွင့်လှစ်ပေးခဲ့တာကတော့ ၂၀၁၃ ခုနှစ်မှဖြစ်ပါတယ်။ ဒီလှိုဏ်ဂူကြီးထဲမှာတော့ သူ့ရဲ့ကိုယ်ပိုင်ရာသီဥတုစနစ်ရှိပြီး တိမ်တွေတောင်လှိုဏ်ဂူထဲမှာရှိပါတယ်။ နောက်ပိုင်း ဘိုးရင်း ၇၄၇ လေယာဉ်တစ်စီးအလွယ်တကူ ဖြတ်သန်းမောင်းနှင်သွားနိုင်တဲ့အထိတောင်ကြီးမားကျယ်ပြန့်ပါတယ်။

၃။ နာပါလီကမ်းရိုးတန်း – ဟာဝိုင်အီ

ဟာဝိုင်အီကျွန်းစုတွေထဲက Kauai ကျွန်းမှာရှိတဲ့ နာပါလီ (Napali) ကမ်းရိုးတန်းကတော့ အတော်လေးကိုရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းတွေနဲ့ အေးချမ်းလှတဲ့နေရာလေးဖြစ်ပါတယ်။ အရှည် (၁၇) မိုင်အထိရှည်လျားတဲ့ဒီကမ်းရိုးတန်းရဲ့ အလှဟာမြင်တွေ့သူတိုင်းကို ဆွတ်ပျံ့ကြည်နူးသွားစေပြီး ငြိမ်းချမ်းပျော်ရွှင်မှုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

၄။ ကြယ်ပင်လယ် – မော်လ်ဒိုက်

အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ မော်လ်ဒိုက်နိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Vaadhoo ကျွန်းရဲ့ကမ်းခြေကတော့ မှော်ဆန်တဲ့ သဘာဝရှိုးတစ်ခုရှိနေတဲ့နေရာဖြစ်ပါတယ်။ အလွန်သေးငယ်တဲ့ Dinoflagellates လို့အမည်ရတဲ့ ဇီဝသက်ရှိဘီလီယံပေါင်းများစွာကြောင့်ရေတွေကအခုလိုဖြစ်နေတာလည်းဖြစ်ပါတယ်။ သူတို့ကိုတော့ ရေထဲကပိုးစုန်းကြူးတွေလို့ ဆိုကြပြီး ဒီနေရာကိုလည်း ကြယ်ပင်လယ် “Sea of Stars” လို့တင်စားခေါ်ဝေါ်ကြပါတယ်။

၅။ ဟီလာရေကန် – သြစတြေးလျ

ကမ္ဘာပေါ်မှာစိတ်ဝင်စားဖို့အကောင်းဆုံးရေပြင်တွေထဲမှာတော့ သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ဟီလာရေကန် (Lake Hillar) ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထူးခြားတဲ့ရေနေဇီဝသက်ရှိတွေကြောင့် ရေကန်က ပန်းရောင်ဖြစ်နေပြီး ဝေးဟင်ကကြည့်မယ်ဆိုရင် နံဘေးမှာရှိတဲ့ အပြာရောင်တောက်တောက် ပစိဖိတ်သမုဒ္ဒရာကြီးနဲ့ အလှချင်းပြိုင်နေသလားထင်မှတ်ရပါတယ်။ ရေတွေကပန်းရောင်ဖြစ်နေပေမယ့် ရေကူးချင်သူတွေအတွက်တော့ အဆိပ်အတောက်အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပါဘူး။

၆။ အချစ်ဥမင် – ယူူကရိန်း

အချစ်ဥမင် (Tunnel of Love) ဆိုတာကတော့ ယူကရိန်းနိုင်ငံမှာရှိတဲ့ ရထားလမ်းတစ်ခုကိုတင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ဒီရထားလမ်းဟာ အရှည် (၃) မိုင်လောက်ရှည်လျားပြီး ဘေးပတ်ပတ်လည်မှာ သစ်ပင်တွေကသဘာဝအတိုင်း ဥမင်သဏ္ဍာန်ဖြစ်တည်နေတာဖြစ်ပါတယ်။ ရာသီ (၄) မျိုးစလုံးမှာမတူညီတဲ့အလှတွေကိုမြင်တွေ့နိုင်တဲ့ ဒီဥမင်ထဲကို စုံတွဲတွေအနေနဲ့ ဖြတ်သန်းတဲ့အခါ သူတို့ရဲ့ဆန္ဒတွေဟာ အမှန်တစ်ကယ်ပြည့်ဝလာလိမ့်မယ်လို့ ဒဏ္ဍာရီတွေရှိပါတယ်။

၇။ ပုဂံ – မြန်မာ

မြန်မာနိုင်ငံမှာတည်ရှိတဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပြီး သမိုင်းဝင်စေတီပုထိုးနဲ့ အဆောက်အအုံး ထောင်ပေါင်းများစွာတည်ရှိပါတယ်။ ပုဂံ (Bagan) မှာရှိတဲ့နေရာအချို့ကတော့ ဆယ်စုနှစ် (၅) ခုကြာလောက်အထိပိတ်ထားခဲ့ပြီး ၂၀၁၂ ခုနှစ်အရောက်မှသာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနိုင်ငံခြားခရီးသွားတွေကို လေ့လာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ပုဂံရဲ့နေဝင်ချိန်အလှဟာ ကမ္ဘာကျော်ပြီး နိုင်ငံခြားခရီးသွားတွေကတော့ မီးပုံပျံနဲ့ ဝေဟင်ထက်ကနေ ထောင်ပေါင်းများစွာသောရှေးဟောင်းအဆောက်အဦးတွေကို ကြည့်ရှုရနှစ်သက်ကြပါတယ်။

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။