ပြတိုက်ကနေ မဖြစ်နိုင်တဲ့နည်းလမ်းနဲ့ သူ့ဘာသာထွက်ပြေးလွတ်မြောက် သွားခဲ့တဲ့ ရေဘဝဲ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ အင်ကီ (Inky) ဆိုတဲ့ရေဘဝဲလေးတစ်ကောင် အကြောင်းကတော်လေးကို ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရေဘဝဲလေးက ရေသတ္တဝါပြတိုက်ကနေ မဖြစ်နိုင်တဲ့နည်းလမ်းနဲ့ သူ့ဘာသာထွက်ပြေးလွတ်မြောက် သွားခဲ့လို့ဖြစ်ပါတယ်။ shwekhitonlinetv.com

အင်ကီဟာ နယူးဇီလန်နိုင်ငံအမျိုးသားရေသတ္တဝါပြတိုက်မှာရှိတဲ့ရေဘဝဲလေးတစ်ကောင်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အင်ကီဟာ သူ့ကိုထည့်ထားတဲ့ကန်ထဲမှာမရှိတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အင်ကီရဲ့ပျောက်ဆုံးမှုကို ခြေရာခံပြီးရှာဖွေခဲ့ရာမှာတော့ အံ့အားသင့်စရာကောင်းတဲ့ သဲလွန်စတွေကိုတွေ့ခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီသဲလွန်စတွေကတော့ အင်ကီဟာကန်ထဲကနေထွက်ကာ ကြမ်းပြင်မှာသွားထားတဲ့ စွပ်ကြောင်းအရာတွေဖြစ်ပါတယ်။ ရေကန်အနီးကစတဲ့ အဲ့ဒီစွပ်ကြောင်းအရာတွေဟာ အဖုံးပွင့်နေတဲ့ ကြမ်းပြင်ကရေပိုက်လိုင်းနားမှာ အဆုံးသတ်သွားပါတယ်။ ဒီပိုက်လိုင်းက ပင်လယ်နဲ့ဆက်သွယ်ထားတဲ့ ရေထုတ်ပိုက်လိုင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်ဒီအရာတွေကိုကြည့်ခြင်းအားဖြင့် အင်ကီဟာကန်ထဲကထွက်သွားပြီး ပြတိုက်ကြမ်းပြင်မှာရှိတဲ့ အဖုံးပိတ်ထားတဲ့ပိုက်လိုင်းကိုသူ့ဘာသာ ဖွင့်ကာအထဲကိုလျှိုဝင်ပြီးအဲ့ပိုက်လိုင်းကနေတစ်ဆင့် ပင်လယ်ထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ကောက်ချက်ချလို့ရပါတယ်။ ဒါဟာဖြစ်နိုင်ပါ့မလား ? shwekhitonlinetv.com

ပြတိုက်မန်နေဂျာဖြစ်တဲ့ Rob Yarrell ကတော့ “ရေဘဝဲတွေဟာ ဉာဏ်ကောင်းတဲ့သတ္တဝါတွေဖြစ်ပြီး လွတ်မြောက်ခြင်းအနုပညာရှင်တွေပါ။ ဒီအချက်ကို အင်ကီကသက်သေပြသွားပါပြီ။ သူကအရမ်းစူးစမ်းတက်တဲ့ကောင်လေးပါ။ အပြင်မှာဘာတွေဖြစ်နေသလဲဆိုတာကို သူ့ရဲ့စရိုက်အရ သိချင်လို့အခုလိုလွတ်မြောက်အောင် ကြိုးပမ်းသွားတာဖြစ်နိုင်ပါတယ်” လို့ဆိုပါတယ်။ shwekhitonlinetv.com

ရွှေခေတ်ပရိသတ်တွေအနေနဲ့ရော အခုဖြစ်ရပ်အပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆမိပါသလဲ။ ပြီးတော့ရေဘဝဲတွေအကြောင်းရော ဘယ်လောက်သိထားပါသလဲ။ မိမိတို့ရဲ့အသိအမြင်တွေကို ဝေမျှပေးသွားခဲ့ပါဦးနော် …… shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။