လူအများစု မသိကြသေးတဲ့ ထူးဆန်းတဲ့ အချက်လေးများ

ဒီတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီး အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေး တစ်ခုကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ လူတော်တော်များများ သတိထားမိကြမှာမဟုတ်တဲ့ ထူးဆန်းသော အချက်ကလေးတွေပါ ။ ဒီအထဲမှာမှ ပရိသတ်ကြီး မသိသေးတဲ့ အကြောင်းအရာတွေ ပါမလားဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ သိပ္ပံပညာရှင်တွေဟာ ခွေးလေးတွေရဲ့ နှာခေါင်းကို သေချာလေ့လာကြည်တဲ့အခါ ထူးဆန်းတာတစ်ခုကို တွေ့ခဲ့ပါတယ် ။ ဒါကတော့ ခွေးလေးတွေရဲ့ နှာခေါင်း မှာရှိတဲ့ ဗွေရာလေးတွေဟာ တစ်ကောင်နဲ့ တစ်ကောင် မတူကြပါဘူးတဲ့ ။ shwekhitonlinetv.com

၂။ အမြဲတမ်း အိပ်ရေးမဝတဲ့ ပုံစံနဲ့ လေးတိလေးကန် ဖြစ်နေတဲ့ Kolas ဆိုတဲ့ အကောင်လေးတွေကို တော်တော်များများ သိကြမှာပါ ။ သူတို့ရဲ့ ထူးခြားချက်ကတော့ သာမန်အားဖြင့်ဆိုရင် Kolas တွေဟာ ရေလုံး၀ မသောက်ပါဘူးတဲ့ ။ shwekhitonlinetv.com

၃။ ကမ္ဘာကျော်ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့ လီယိုနာဒို ဒါဗင်ချီဟာ နှိုးစက်နာရီကို တီထွင်ခဲ့ပါသေးတယ် ။ ဒါပေမယ့် သူ့ရဲ့ နှိုးစက်နာရီက အသံမြည်ရမယ့်အစား အိပ်ပျော်နေတဲ့ လူရဲ့ ခြေဖဝါးကို ပွတ်သပ်ပြီး နှိုးပေးမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ တစ်ကယ်လို့ လူတစ်ယောက်ဟာ လိမ်ညာပြီး ပြောနေတယ်ဆိုရင် သူ့နှာခေါင်းရဲ့ အပူချိန်ဟာ မြင့်တက်လာပါတယ်တဲ့ ။ ဒါ့ကြောင့် ကိုယ့်ကို တစ်ယောက်ယောက်က လိမ်ပြောနေတယ်ဆိုရင် သူ့နှာခေါင်းရဲ့ အပူချိန်ကို တိုင်းကြည့်လိုက်ပါနော် ။ shwekhitonlinetv.com

၅။ မိကျောင်းတွေမှာ ထူးခြားတဲ့ အပြုအမူတစ်ခု ရှိပါတယ် ။ ဘယ်လိုမျိုးလဲဆိုတော့ ရေနက်နက်ထဲ ဒိုင်ဗင် ထိုးရမယ့် အချိန်နဲ့ အစာချေဖျက်တဲ့ စနစ်ကို ပိုကောင်းစေချင်တဲ့အခါ မိကျောင်းတွေဟာ ကျောက်တုံးတွေကို မျိုချလေ့ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၆။ သြစတေးလျနိုင်ငံက နွားကလေးသား ဟင်းလျာဟာ နာမည်ကြီးတဲ့ ဟင်းလျာ တစ်ခုပဲ ဖြစ်ပါတယ် ။ အခုလိုမျိုး အရည်သွေးကောင်းတဲ့ နွားကလေးသားကို ရစေဖို့အတွက် လက်သမားတွေဟာ သူတို့မွေးမြူထားတဲ့ နွားမတွေကို ဝိုင်အနီ တိုက်လေ့ရှိပါတယ် ။ shwekhitonlinetv.com

၇။ ကမ္ဘာပေါ်က မီးတောင်အများစုရဲ့ ချော်ရည် အရောင်ဟာ အနီရောင်ဖြစ်နေတာကို သိကြမှာပါ ။ Kawah Ljen ဆိုတဲ့ မီးတောင်ကတော့ အပြာရောင် ချော်ရည်တွေကို မှုတ်ထုတ်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော မီးတောင်ဖြစ်ပါတယ် ။ shwekhitonlinetv.com

၈။ သင်သိပါသလား ! ပထမကမ္ဘာစစ်ကြီးဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာမှ အမှန်တစ်ကယ် ပြီးဆုံးခဲ့တာပါတဲ့ ။ အကြောင်းကတော့ ဂျာမနီနိုင်ငံဟာ ထိုကာလရောက်မှသာ စစ်လျော်ကြေးငွေအားလုံးကို အပြီးသတ် ပေးဆောင်နိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ လူတော်တော်များများ သတိထားမမိကြတဲ့ စိတ်ဝင်စားဖွယ်ရာ အချက်လေးတွေကို ရှာဖွေ တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလိုမျိုး ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာလေးတွေကို ရှာဖွေ ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။