ကမ္ဘာပေါ်က မြစ် လုံးဝမရှိတဲ့ နိုင်ငံများ

မြစ် တွေဆိုတာက စိုက်ပျိုးမွေးမြူရေးအတွက်များစွာအရေးပါသလို သောက်သုံးရေရရှိရေး၊ သယ်ယူပို့ဆောင်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စသဖြင့် နိုင်ငံတစ်နိုင်ငံအတွက် ကဏ္ဍပေါင်စုံမှာ အရေးပါတဲ့ အရာတွေဆိုလည်းမမှာပါဘူး။ အမေဇုန်၊ မစ္စစ္စပီ စတဲ့မြစ်ကြီးတွေကတော့ ကမ္ဘာပေါ်က အထင်ကရမြစ်ကြီးတွေဖြစ်ပြီး အခြားအရေးပါတဲ့မြစ်တွေဟာလည်း နိုင်ငံတိုင်းလိုလိုမှာ တည်ရှိလို့နေပါတယ်။ ဒါပေမယ့် ကုလသမ္မဂ အဖွဲ့ဝင်နိုင်ငံ (၁၉၃) နိုင်ငံအနက် မြစ် လုံးဝမရှိတဲ့ နိုင်ငံ (၁၇) နိုင်ငံရှိနေပါတယ်။ ဘယ်နိုင်ငံတွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

သဲကန္တာရနိုင်ငံများ

မြစ်မရှိတဲ့နိုင်ငံတွေလိို့ ဆိုလိုက်တာနဲ့ အရင်ဦးဆုံးပြေးမြင်မိမှာက သဲကန္တာရတွေနဲ့ ဖုံးလွှမ်းနေတဲ့ နိုင်ငံတွေဖြစ်မယ်ထင်ပါတယ်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှုအနည်းငယ်လောက်သာရှိတက်တဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံအတော်များများဟာ မြစ်လုံးဝမရှိပါဘူး။ ဒီအထဲမှာမှ ဆော်ဒီအာရေဗျ နိုင်ငံကတော့ မြစ်မရှိတဲ့ အကြီးဆုံးနိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ အခြားနိုင်ငံတွေကတော့ ဘာရိန်း၊ ကူဝိတ်၊ ယူအေအီး၊ ယီမင်၊ ကာတာ နဲ့ အိုမန်တို့ဖြစ်ကြပါတယ်။ ဒီနိုင်ငံတွေမှာ တစ်ခါတစ်ရံ မိုးသည်းထန်စွာရွာပြီး ချောင်းတွေကကျယ်ပြန့်ပြီး မြစ်အသွင်ဖြစ်ပေါ်တက်ပေမယ့်လို့ အမြဲတမ်းစီးဆင်းနေတဲ့ မြစ်ဆိုတာကတော့ လုံးဝမရှိပါဘူး။ shwekhitonlinetv.com

ကျွန်းနိုင်ငံများ

မြစ် မရှိတဲ့နောက်ထပ်နိုင်ငံမျိုးအစားတွေကတော့ ကျွန်းနိုင်ငံတွေပဲဖြစ်ပါတယ်။ ကျွန်းနိုင်ငံတွေဖြစ်ကြတဲ့ ဘဟာမားစ်၊ မော်လ်ဒိုက်၊ မော်လ်တာ၊ နာအူရူ နဲ့ ကိုမိုရော့စ် တို့ဟာ မြစ်မရှိတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။ ဒီနိုင်ငံတွေဟာ နိုင်ငံရဲ့ ဧရိယာနယ်နိမိတ်သေးသေးငယ် ကျဥ်းမြောင်းတာကတစ်ကြောင်း၊ မြစ်တစ်ခုစီးဆင်းဖို့ လုံလောက်တဲ့ မြေမျက်နှာသွင်ပြင် အမြင့်မရှိတာကတစ်ကြောင်း စတဲ့အချက်တွေကြောင့် နိုင်ငံအတွင်းစီးဆင်းတဲ့ မြစ်မရှိတာလည်းဖြစ်ပါတယ်။ ကိုမိုရော့စ် နိုင်ငံဆိုရင် စုစုပေါင်း ဧရိယာစတုရန်းမိုင် (၇၈၅) မိုင်သာရှိပြီး ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ မိုးများစွာ ရွာသွန်းတက်တဲ့ မိုးရာသီကာလမျိုးမှာ မြစ်ငယ်လေးတွေအဖြစ် ဖွဲ့စည်းဖြစ်ပေါ်တက်ပေမယ့် အမြဲတမ်းတည်ရှိနေတဲ့ မြစ်ဆိုတာတော့ ဒီနိုင်ငံတွေမှာ မရှိပါဘူး။ shwekhitonlinetv.com

ကျွန်းစုနိုင်ငံများ

ဒါကတော့ ပင်မကျွန်းကြီးတစ်ခုတည်းနဲ့ ဖွဲ့စည်းတည်ထောင်ထားခြင်းမျိုးမဟုတ်ဘဲ သေးငယ်တဲ့ကျွန်းစုလေးတွေ အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ ခီရီဘာတီ၊ မာရှယ်လ် နဲ့ တူဗာလူ နိုင်ငံတို့ပါဝင်ပါတယ်။ ဧရိယာသေးငယ်လှတဲ့ ကျွန်းအသေးစားလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံတွေဖြစ်တာကြောင့် ၎င်းတို့ကို ဖြတ်သန်းစီးဆင်းဖို့ မြစ်ဆိုတာလည်း ရှိမနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

အခြားနိုင်ငံများ

နောက်ထပ်ဖော်ပြပေးချင်တဲ့ နိုင်ငံတွေကတော့ ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံလေးတွေဖြစ်တဲ့ မိုနာကိုနဲ့ ဗာတီကန် တို့ပဲဖြစ်ပါတယ်။ ဗာတီကန်ဟာ ရောမမြို့တွင်းမှာတည်ရှိတဲ့ ပုပ်ရဟန်းမင်းကြီးနေထိုင်ရာ နိုင်ငံငယ်လေးဖြစ်ပါတယ်။ မြစ်ပေါင်းများစွာရှိနဲ့ အီတလီနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ တည်ရှိပေမယ့် သူ့အပေါ်ဖြတ်သန်းစီးဆင်းသွားတဲ့ မြစ်တော့မရှိပါဘူး။ shwekhitonlinetv.com

အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံတွေဟာ မြစ်တွေမရှိတာကြောင့် ပုံမှန်အားဖြင့် သောက်သုံးရေအတွက် မိုးရေနဲ့ အခြားနိုင်ငံတွေအပေါ်ကိုသာ မှီတည်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေဖြစ်တဲ့ ကူဝိတ်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ လိုနိုင်ငံတွေကတော့ ပင်လယ်ရေကို သောက်သုံးရေအဖြစ်ပြောင်းလဲနိုင်ဖို့ကြိုးစားလျက်ရှိတယ်လို့လဲသိရပါတယ်။ ဒီနိုင်ငံတွေထဲမှာ စီးပွားရေးအဖွံ့ဖြိုးဆုံးလို့ဆိုရမယ့် မိုနာကို နိုင်ငံဟာလည်း သောက်သုံးရေအတွက်အခြားနိုင်ငံတွေပေါ်မှီတည်နေရကြောင်း ဖော်ပြရင်း အကြောင်းအရာလေးကို အဆုံးသတ်ပါရစေနော် …. shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။