ပြင်ပလောကမှာ တကယ်ရှိနေတယ်လို့ မထင်ရစေတဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ တိရစ္ဆာန်လေးများ

သဘာဝတရားကြီးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ မျက်စိနဲ့ တပ်အပ်မြင်နေရရင်တောင် မယုံနိုင်စရာ ဖြစ်ရတဲ့ အဖြစ်အပျက်တွေ ရှိဖူးကြမှာပါ။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် မြင်တွေ့ဖူးနေကြ တိရစ္ဆာန်လေးတွေနဲ့ မတူပဲ ဆန်းကြယ်တဲ့သွင်ပြင်နဲ့ တည်ရှိနေတဲ့ တိရစ္ဆာန်လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ Mangalitsa Pig

အမွှေးထူဝက်ကလေးတွေကိုတော့ ၁၉ရာစု အလယ်လောက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဝက်လို့ဆိုလိုက်တာနဲ့ အမွှေးမပါတဲ့ အရေပြားနဲ့ အကောင်လေးတွေကိုပဲ အားလုံးတွေ့ဖူး မြင်ဖူးကြမှာပါ။ ဒါပေမဲ့လည်း ဒီလို အမွှေးတွေရှိတဲ့ ဝက်ကလေးတွေလည်း ရှိသေးတဲ့အကြောင်းကို အံ့သြဖွယ် တင်ဆက်ပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၂။ Rhinopithecus

နှာခေါင်းပေါက်ကျယ်မျောက်ကလေးတွေကတော့ ကမ္ဘာဟောင်းမျောက်အမျိုးအစားတခုဖြစ်ပြီး Rhinopithecus မျိုးနွယ်ဝင်တွေပဲ ဖြစ်ကြပါတယ်။ ဒီမျောက်ကလေးတွေဟာ ရှားပါးပြီး သူတို့ကို သုတေသနပြုလုပ်ထားတဲ့ အကြောင်းအရာများများစားစားလည်း မရှိကြပါဘူး။ shwekhitonlinetv.com

၃။ Emperor tamarin

ဂျာမန်ဧကရာဇ် Wilhelm II ကို ကိုယ်စားပြုပြီး ဒီအကောင်လေးတွေကို Emperor tamarin လို့ မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ အမေဇုန် ၊ ပီရူးနဲ့ ဘိုလီးဗီးယားနိုင်ငံတွေမှာ တွေ့ရှိနိုင်ပါတယ်။ shwekhitonlinetv.com

၄။ Patagonian Mara

ယုန်နဲ့ သားပိုက်ကောင် ပေါင်းစပ်ထားသလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ ရိုင်းစိုင်းတတ်တဲ့ သတ္တဝါလေးတွေ မဟုတ်ကြတာကြောင့် အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးနိုင်ပါတယ်။ shwekhitonlinetv.com

၅။ အမွှေးထူနွား

မြင်လိုက်တာနဲ့တင် အမွှေးပွအရုပ်ကြီးတွေလို ချစ်စရာကောင်းတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ ဒီအကောင်လေးတွေကိုတော့ ၆ရာစု မှာ Scottish Highlands နဲ့ Outer Hebrides ကျွန်းတွေမှာ စတင်တွေ့ရှိခဲ့ပါတယ်။ အရောင်အသွေးမျိုးစုံရှိပြီး ချစ်စရာကောင်းပေမဲ့ သူတို့ရဲ့ အော်သံကတော့ အရမ်းကို ကျယ်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၆။ Markhor Goat

ကြီးမားတဲ့ ကိုယ်ထည်ရှိတဲ့ ဆိတ်အမျိုးနွယ်ဝင် တိရစ္ဆာန်ပဲ ဖြစ်ပါတယ်။ ရှည်လျားလှတဲ့ အမွှေးတွေနဲ့ လိမ်ကောက်နေတဲ့ ဦးချိုတွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ရဲ့ တမူထူးခြားတဲ့ ဦးချိုကြောင့် အမဲလိုက်မုဆိုးတွေရဲ့ ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

၇။ Raccoon dog

Racoon နဲ့ ခွေးနဲ့ ပေါင်းစပ်ထားသလို ပုံစံရှိတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့လေးတွေကိုတော့ အရှေ့တောင်အာရှနဲ့ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၈။ Blue Footed Booby

မြင်လိုက်တာနဲ့တင် အာရုံစိုက်ခံရတဲ့ အပြာရောင်ခြေထောက်ရှိ ကုန်းနေရေနေ ငှက်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီငှက်လေးတွေကို ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းမှာ တွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com

၉။ Malayan Colugo

မျက်လုံးပြူးပြူးနဲ့ အူယားစရာအကောင်လေးတွေကိုတော့ Malayan Colugo လို့ခေါ်ပါတယ်။ သူတို့ကို အရှေ့တောင်အာရှနိုင်ငံများမှာ တွေ့နိုင်ပါတယ်။ ဒီအကောင်လေးတွေကို မြန်မာနိုင်ငံ တောင်ပိုင်း၊ ထိုင်း ၊ ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၊ မလေးရှား ၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားနိုင်ငံများမှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းကို အလည်ရောက်ခဲ့ရင် ဒီအကောင်လေးတွေကို ရှာကြည့်ခဲ့ကြနော်။ shwekhitonlinetv.com

၁၀။ Venezuelan Poodle Moth

ထူးခြားပြီး လှပတဲ့ ဒီအဝါရောင်တိရစ္ဆာန်လေးကိုတော့ ဗင်နီဇွဲလားနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့လေးတွေကို ၂၀၀၉ ခုနှစ်ကမှ စတင်တွေ့ရှိခဲ့တာကြောင့်သုတေသနပြုလုပ်ထားတဲ့ အကြောင်းအရာအပြည့်အစုံလည်း မရှိသေးပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။