ပရဟိတအတွက် ငွေကြေးနဲ့ လုပ်အားများစွာ အသုံးပြုထားတဲ့ ကမ္ဘာကျော် ဆယ်လီများ

Advertisements

ကမ္ဘာကျော် Cele တွေဆိုတာကတော့ အင်တာနက်စာမျက်နှာတွေမှာ မသိသူမရှိလောက်အောင် အောင်မြင်​ကျော်ကြားလှသလို များပြားတဲ့ ဝင်ငွေတွေကိုလည်း အချိန်နဲ့အမျှရရှိနေကြသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့တစ်သက်သုံးမကုန်လောက်တဲ့ ပိုက်ဆံတွေကို အကောင်းစားကားတွေ၊ အိမ်တွေ၊ ဇိမ်ခံပစ္စည်းတွေဝယ်ယူဖို့ အတွက်အသုံးပြုနေကြသလို တစ်ဖက်မှာလည်း မိမိတို့ပိုင်ဆိုင်တဲ့ ငွေကြေးဥစ္စာတွေကို အများအကျိုးအတွက် သုံးစွဲနေကြတဲ့ Cele တွေလည်းရှိနေပါတယ်။ shwekhitonlinetv.com

ဒီနေ့မှာတော့ ဒီလိုအများအကျိုးပြုလုပ်ငန်းတွေကို ငွေကြေး၊ လုပ်အား၊ အချိန်မျာစွာပေးပြီး လုပ်ဆောင်နေကြနဲ့ ကမ္ဘာကျော် Cele တစ်ချို့အကြောင်းကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Matt Damon

နာမည်ကျော်သရုပ်ဆောင်မင်းသားကြီး မက်ဒေမွန် (Matt Damon) ကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ သူဟာလည်းဝင်ငွေကောင်းလှတဲ့ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်သလို အခြားတစ်ဖက်မှာလည်း ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအဖြစ်ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ လေးစားဖို့ကောင်းတာက မက်ဒေမွန် ဟာသူ့ရဲ့ဝင်ငွေအမြောက်အမြားကို ပရဟိတလုပ်ငန်းလိုမျိုး အကျိုးရှိတဲ့နေရာတွေမှာ သုံးစွဲနေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သူဟာ water.org ဆိုတဲ့ ဖောင်ဒေးရှင်းကြီးရဲ့တွဲဖက်ထူထောင်သူဖြစ်ပြီး သောက်သုံးရေအခက်အခဲရှိနေတဲ့ ကမ္ဘာအနှံ့က ဒေသတွေကို လိုက်လံကူညီနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ ဒါတင်မကသေးပါဘူး မက်ဒေမွန်ဟာ တစ်ခြားပရဟိတလုပ်ငန်းတွေအတွက်လည်း အချိန်၊ ငွေကြေး၊ လုပ်အား များစွာပေးဆပ်ထားတဲ့သူဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ Scarlett Johansson

Avengers ဇာတ်ကားတွေနဲ့ ပရိသတ်အချစ်တော်ဖြစ်နေတဲ့ ဝါရင့်မင်းသမီးချော စကားလက်ဂျိုဟန်ဆင် (Scarlett Johansson) ဟာလည်း ပရဟိတလုပ်ငန်းတေကို စိတ်ရောကိုယ်ပါရင်းပြီး ထဲထဲဝင်ဝင်ဆောင်ရွက်လျက်ရှိသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ Oxfam ရဲ့ သံတမန်တစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဟာရီကိန်းမုန်တိုင်း ကတ်ထရီနာ (Hurricane Katrina) ကြောင့် ဆင်းရဲဒုက္ခအတိရောက်ခဲ့သူတွေကို ငွေကြေး၊ အစားအစာ ထောက်ပံ့မှုတွေပြုလုပ်ခဲ့သလို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကလည်း အာဖရိကတိုက်က ရဝမ်ဒါနိုင်ငံကိုသွားရောက်ကာ AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Angelina Jolie

ပရဟိတလုပ်ငန်းတွေအတွက် ကိုယ်ပိုင်ငွေကြေးတွေကိုရက်ရောစွာအသုံးပြုလျှက်ရှိတဲ့ နောက်ထပ်အနုပညာရှင်တစ်ဦးကတော့ အိန်ဂျလီနာဂျိုလီ (Angelina Jolie) ပဲဖြစ်ပါတယ်။ သူမရဲ့နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Tomb Rider ဇာတ်ကားတွေရိုက်ကူးနေစဥ်အတွင်း ကမ္ဘာ့ဒေသတစ်ချို့ဖြစ်ပျက်နေတဲ့ အရာတွေဟာ ဘယ်လောက်ဆိုးရွားသလဲဆိုတာကိုမြင်တွေ့ခဲ့ရပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့်သူမအနေနဲ့ လူသားချင်းစာနာထောက်ထားပြီး ပရဟိတလုပ်ငန်းတွေမှာ ငွေကြေး၊ လုပ်အားတွေ ပါဝင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၄။ Justin Bieber

လူမှုရေးကိစ္စအရှုပ်မထွေးတွေကြောင့် မီဒီယာတွေ၊ မနာလိုသူတွေရဲ့ ဝေဖန်တိုက်ခိုက်ထိုးနှက်ခြင်းကို ခံနေရပေမယ့်လည်း ကမ္ဘာကျော်အဆိုတော် ဂျပ်စတင်ဘီဘာ (Justin Bieber) ကတော့ သူလုပ်ရမယ့်အလုပ်တာဝန်တွေကို ပျက်ကွက်ခဲ့ခြင်းတော့မရှိပါဘူး။ အလုပ်ကိစ္စတွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ ပျက်ကွက်ခဲ့ခြင်းမရှိဘူးလို့ ဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မယ်။ ဂျပ်စတင်ဘီဘာဟာ AIDS တိုက်ဖျက်ရေးသုတေသန လုပ်ငန်းတွေအတွက် အလှူငွေ အမေရိကန်ဒေါ်လာ (၅) သိန်းကျော်ထည့်ဝင်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

နောက်ပြီး Make-A-Wish ဆိုတဲ့ ဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပြီး ဆင်းရဲနွမ်းပါး ချို့တဲ့သူတွေရဲ့ ဆန္ဒ(တောင်းဆိုမှု) အခု ၂၀၀ လောက်ကိုလည်းသူ့ရဲ့ဖောင်ဒေးရှင်းကနေတစ်ဆင့် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး မင်းသားကြီး မက်ဒေမွန် (Matt Damon) နဲ့အတူလည်း water.org မှာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်လျှက်ရှိသူဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Taylor Swift

တေလာဆွစ်ဖ် (Taylor Swift) ဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး Celebrity တစ်ဦးဖြစ်တာနဲ့အညီ အလွန်တရာမှ အလုပ်များတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမအားလပ်တဲ့ကြားထဲကနေ ပရဟိတလုပ်ငန်းတွေအတွက် အချိန်ပေးဖို့ကိုတော့ သူမအနေနဲ့ပျက်ကွက်ခြင်းမရှိခဲ့ပါဘူး။ shwekhitonlinetv.com

UNICEF ၊ အမေရိကန်ကြက်ခြေနီအဖွဲ့အစည်း စတာတွေအတွက် အလှူငွေတွေမပျက်ထည့်ဝင်လျကရှိသလို ရန်ပုံငွေ​ဖျော်ဖြေပွဲတွေကိုလည်း မကြာခဏပြုလုပ်တက်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Orlando Bloom

ကမ္ဘာ့ကြက်ခြေနီအဖွဲ့၊ UNICEF၊ One Campaign တို့ကို နှစ်စဥ်ပုံမှန်အလှူငွေထည့်ဝင်နေတဲ့ နာမည်ကျော်သရုပ်ဆောင်တစ်ဦးကတော့ မင်းသားကြီး အော်လန်ဒိုဘလွန်း (Orlando Bloom) ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး သူဟာ ကမ္ဘာ့ကုလသမ္မဂ အဖွဲ့အစည်းကြီးရဲ့ ချစ်ကြည်ရေးသံတမန်တစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အော်လန်ဒိုဘလွန်းဟာ လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာကူးစက်ရောဂါ ပြန့်ပွားနေစဥ်အတွင်း ပရဟိတလုပ်ငန်းတွေသွားရောက်လုပ်ကိုင်ခဲ့တဲ့ ပထမဆုံး အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ 50 Cent

မီဒီယာတွေနဲ့ အင်တာနက်စာမျက်နှာတွေထက်မှာတော့ နာမည်ကျော် အမေရိကန် ရက်ပါ 50 Cent ဟာ ခက်ထန်ကြမ်းတမ်းတဲ့ စရိုက်လက္ခဏာရှိသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒါတွေဟာအတိတ်က ပုံပြင်တွေလိုကျန်ရစ်ခဲ့ပါပြီ။ shwekhitonlinetv.com

50 Cent ဟာ G-Unity ဆိုတဲ့ ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး အကျိုးအမြတ်မယူတဲ့ ပရဟိတအဖွဲ့အစည်းတွေ နဲ့ ငွေကြေးချို့တဲ့ တဲ့ အများအကျိုးပြုအဖွဲ့အစည်းတွေကို အကူအညီပေးလျှက်ရှိပါတယ်။ ဒါ့အပြင် 50 Cent ဟာ (၂၀၁၆) ခုနှစ်တုန်းကလည်း ကလေးသူငယ် သန်းတစ်ထောင်ကို အစာရေစာ ပံ့ပိုးပေးသွားမယ်လို့ ကတိပြုထားခဲ့ဖူးသူဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment