ကြံကြံဖန်ဖန် အချက်အလက်များနဲ့ အိမ်ထောင်ကွာရှင်းမှုများ

လောကမှာတော့အမျိုးသားနဲ့အမျိုးသမီးတွေဟာ ချစ်မြတ်နိုးမှုကိုအရင်းတည်ပြီး အိမ်ထောင်ပြုကာ လူမှုဘ၀များကို ထူထောင်ကြတာက သဘာဝေပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိတ်သဘောထားချင်း မတူညီ၊ မတိုက်ဆိုင်လာတဲ့ အခါမှာတော့ တစ်ဦးနှင့်တစ်ဦး ဆက်လက် လက်တွဲရန် မဖြစ်နိုင်တဲ့ အခြေအနေတွေဖြစ်လာကာ ကွာရှင်းပြတ်စဲတက်ကြပါတယ်။ shwekhitonlinetv.com

ဥပဒေ ထုံးတမ်းများအရ အိမ်ထောင်တစ်ခုကို တည်ဆောက်ပြီးမှ ကွာရှင်းကြရချိန်တွင် အိမ်ထောင်ရှင်နှစ်ဦးသည် မိမိတို့ ပိုင်ဆိုင်မှုများကို ခွဲဝေယူလေ့ရှိကြပြီး ဒီထဲက ထူးထူးခြားခြားကွာရှင်းခဲ့မှုတွေကိုဖော်ပြရမယ်ဆိုရင်တော့ … shwekhitonlinetv.com

၁။ ကွာရှင်းပြီး တိုက်ခန်းထဲမှာ တစ်ခြမ်းစီနေထိုင်ကြသူများ

စပိန်နိုင်ငံက တရားသူကြီးတစ်ဦးဟာ ကွာရှင်းပြတ်စဲမည့် လင်မယားနှစ်ဦးကို ၎င်းတို့ပိုင်ဆိုင်သည့် တိုက်ခန်းအား တစ်၀က်စီယူကြရန် ၂၀၀၃ ခုနှစ်က အမိန့်ချခဲ့ဖူးပါတယ်။ သူတို့ရဲ့ငွေကြေးအခြေအနေအရ ဒီလို ဆုံးဖြတ်ချက် ချခံရခြင်းက တရားမျှတမှုရှိတယ်လို့လက်ခံခဲ့ကာ ဒီလင်မယားနှစ်ဦးဟာ တိုက်ခန်းတစ်ခုတည်းအတွင်းမှာပဲ တစ်ခြမ်းစီ ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

၂။ ကွာရှင်းမှုကြောင့် မိဘများ၏ ရုပ်ကြွင်းများကို တူးထုတ်ရသူ

သြစတြေလျနိုင်ငံမှ အမျိုးသားတစ်ဦးရဲ့ အဖြစ်ကလေးအတော်လေးကို အံ့အားသင့်စရာကောင်းလှပါတယ်။ အဲ့ဒီ အမျိုးသားဟာ အိမ်ထောင်ကျခဲ့စဉ်က သူ့မိဘများရဲ့ အရိုးပြာများကို ခြံ အတွင်းမှာမြှုပ်နှံထားခဲ့ပါတယ်။ ဇနီးဖြစ်သူနှင့် ကွာရှင်းပြတ်စဲချိန်မှာတော့ ဇနီးဖြစ်သူက မိသားစုပိုင်ခြံကိုရရှိခဲ့ရာ ခင်ပွန်းဟောင်းအား
သူပိုင်ဆိုင်သည့် ခြံအတွင်းမြှုပ်နှံထားသည့် ယောက္ခမများ၏ အရိုးပြာများကို (၁၄) ရက်အတွင်းဖယ်ရှားရန် တောင်းဆိုခဲ့ပါသတဲ့။
ဇနီးဟောင်းရဲ့ တရား၀င်တောင်းဆိုမှုအရ ခင်ပွန်းဟောင်းဟာ သူ၏မိဘ နှစ်ပါး၏ အရိုးပြာများနှင့် သင်္ချိုင်းကျောက်တိုင်တို့ကို တူးဖော် ဖယ်ရှားပေးခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ကွာရှင်းခ သုတ်သွေး

အမေရိကန် ရုပ်ရှင်သရုပ်ဆောင် ချာလီရှန်ဟာ ဇနီးဖြစ်သူ ဒင်းနစ်စ်ရစ်ချတ်နှင့် ကွာရှင်းခဲ့ချိန်တမှာတော့ သူ့ရဲ့ ဇနီးဖြစ်သူက အလွန် ထူးခြားတဲ့ကွာရှင်းကြေးကို ထည့်သွင်းတောင်းခံခဲ့​တယ်လို့ ဆိုပါတယ်။ ဒင်းနစ်စ်ရစ်ချတ်ဟာ ချာလီရှန်နှင့် ကွာရှင်းပြီးတဲ့နောက်ပိုင်းမှာ ချာလီရဲ့ မျိုးဆက်များ ရရှိနိုင်ရေးအတွက် ချာလီရဲ့သုတ်သွေးကိုလှူဒါန်းမှုတစ်ရပ်ပေးအပ်ရန် တောင်းခံခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Bob Dylan ရဲ့ဆံပင်တစ်ထွေး

အမေရိကန်ရော့ခ် တေးဂီတအဖွဲ့ The Black Key’s မှ Dam Auerbach နဲ့ ပထမဇနီးဖြစ်သူ Stephanie Gonis တို့ရဲ့ ကွာရှင်းပြတ်စဲမှုကတော့ ကမ္ဘာကျော်အဆိုတော် Bob Dylan ရဲ့ ဆံပင်တစ်ထွေးကြောင့် အတော်လေး နာမည်ကျော်ခဲ့ပါတယ်။ သူတို့နှစ်ဦး၏ ကွာရှင်းပြတ် စဲမှုဟာ ၂၀၁၃ တွင်ပြီးပြတ်သွားခဲ့ပြီး Stephanie Gonis က ကွာရှင်းကြေးအဖြစ် ဒေါ်လာ ငါးသန်း၊အိမ်တစ်လုံး၊တိုယိုတာ ဟိုက်လန်းဒါ ကား တစ်စီး နှင့်အတူ Bob Dylan ရဲ့ ဆံပင်တစ်ထွေးကို ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၅။ အိုင်စတိုင်းရဲ့ ကွာရှင်းကြေး

ကမ္ဘာကျော်သိပ္ပံ ပညာရှင်ကြီး အိုင်စတိုင်းဟာ ဇနီးဖြစ်သူ မီလီဗာမာရစ်ခ်နဲ့ ၁၉၁၉ ခုနှစ်အတွင်းကွာရှင်းခဲ့စဉ်က သူနိုဘယ်လ်ဆုရရှိလျှင် ဆုကြေးငွေအားလုံးကို ဇနီးဟောင်းက ပိုင်ဆိုင်ရမည်ဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ဖူးပါတယ်။ တစ်ကယ်လည်း (၁၉၂၁) မှာ နိုဘယ်လ်ဆုရတော့ ဆုကြေးတွေကို ဇနီးဟောင်းဖြစ်သူကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၆။ ကွာရှင်း​စရိတ်နှင့် ရေခဲမုန့်ဖိုး

အိန္ဒိယနိုင်ငံမှ စတော့ ရှယ်ယာ ပွဲစားတစ်ဦး၏ လင်မယားကွာရှင်းခန်းကတော့ အတော်လေးကို ငိုအားထက် ရယ်အားသန် တယ်လို့ ဆိုရမလိုပဲဖြစ်ပါတယ်။ ဒီအမျိုးသားကတော့ မိမိပိုင်ငွေကြေးများကို ဇနီးဖြစ်သူက ရေခဲမုန့်စားကာ ဖြုန်းတီးခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ဇနီးဖြစ်သူအားကွာရှင်းခွင့် တောင်းဆိုခဲ့ပါတယ်။ ဒီ အမျိုးသားကို တရားရုံးက ဇနီးဖြစ်သူနှင့် ကွာရှင်းခွင့်ပေးခဲ့ပြီး ကွာရှင်းစရိတ်အဖြစ် ဇနီးဟောင်းအား လစဉ်မယားစရိတ် ဒေါ်လာ (၁၃၀၀) နဲ့ အတူ ရေခဲမုန့် ၀ယ်စားရန် နှစ်ဒေါ်လာခွဲပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။