ကြည့်ရှုသူတွေကို ရသမျိုးစုံပေးနိုင်တဲ့ အင်တာနက်ပေါ်က ဓာတ်ပုံများ

ဒီနေ့မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် တစ်ခဏတာစိတ်အပန်းပြေမှုကို ရရှိနိုင်ဖို့အတွက် အင်တာနက်ပေါ်က ထူးထူးခြားခြား ဓာတ်ပုံလေးတွေကို ဖော်ပြပေးသွားဖို့ ရွေးချယ်ထားပါတယ်။ ဘယ်လိုဓာတ်ပုံလေးတွေလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော် …..။ shwekhitonlinetv.com

၁။ ဒါကတော့ နော်ဝေးနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲတစ်ခုရဲ့ စတိတ်စင်ဖြစ်ပါတယ်။ တမင်ဖန်တီးပြုလုပ်ထားတာလား ? သဘာဝအတိုင်းဖြစ်တည်နေတဲ့ နေရာမှာ ဖျော်ဖြေပွဲပြုလုပ်ခဲ့တာလား ဝေခွဲလို့ မရအောင်ပါပဲ။ shwekhitonlinetv.com

၂။ ထူးထူးဆန်းဆန်း ဦးခေါင်းမှာ သရဲတစ္ဆေတစ်ကောင်ပုံစံ ပေါ်နေတဲ့မြွေကြီးတစ်ကောင်ပါ။ shwekhitonlinetv.com

၃။ မုန်တိုင်းမလာခင်ဖြစ်ပေါ်နေတဲ့ လှပတဲ့မြင်ကွင်းတစ်ခုကို အမိအရရိုက်ကူးထားတဲ့ပုံပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ သူ့နာမည်ကိုတော့ ဂျိတ် လို့ခေါ်ပါတယ်။ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံးမြင်းကြီးပေါ့။ shwekhitonlinetv.com

၅။ ဒီကိတ်မုန့်လေးကတော့ ဂျူပီတာဂြိုဟ်ကို အတုယူပြီးဖန်တီးထားတာဖြစ်ပါတယ်။ အတော်လေးလက်ရာမြောက်တဲ့ ဖန်တီးမှုလို့ဆိုရမှာပါနော် …..။ shwekhitonlinetv.com

၆။ ဒီမြင်ကွင်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ ခရိုအေရှားဘောလုံးအသင်းကို ကြိုဆိုဖို့စောင့်ဆိုင်းနေတဲ့ ခရိုအေရှားပြည်သူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဒါကတော့ မိုးကြိုးပစ်ချလိုက်တဲ့အချိန်နဲ့ ရေပြင်မှာပုံရိပ်ထင်ဟပ်သွားတဲ့ အချိန်တို့ကို အံ့မခန်း ချိန်သားကိုက် ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Rapunel ကာတွန်းကားထဲကမင်းသမီးလေး အပြင်မှာတစ်ကယ်ရှိတယ်ဆိုရင်ယုံပါ့မလား ? ပုံကိုတစ်ချက်ကြည့်လိုက်ပါဦးနော် …..။ shwekhitonlinetv.com


၉။ ဝါးရုံတောအတွင်းမှာတွေ့ရတဲ့ ပိုးစုန်းကြူးအုပ်ပဲဖြစ်ပါတယ်။ သဘာဝတရားရဲ့ လှပမှုတွေကတော့ လိုက်လံတုပဖို့ခက်ခဲလွန်းတယ်ဆိုတာကို ဒီပုံလေးက သက်သေပြနေသလိုပါပဲ။ shwekhitonlinetv.com

၁၀။ သူ့ရဲ့ကားမှာတော့ နတ်ဆိုးလို့အဓိပ္ပါယ်ရတဲ့စာကိုရေးထားပါတယ်။ ဒါပေမယ့် အိမ်ခြေရာမဲ့တစ်ယောက်ကို ကူညီနေတာတွေ့ရတော့ စိတ်ရင်းကောင်းတဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။ shwekhitonlinetv.com

၁၁။ ဒါကတော့ သက်တမ်း (၁,၆၂၅) နှစ်ရှိပြီဖြစ်တဲ့ ဘွန်ဇိုင်း သက်ကြီးပုပင်လေးပါ။ shwekhitonlinetv.com

၁၂။ အလှပစ်ဖောက်တဲ့ မီးရှုး မီးပန်းတစ်ခုကို ပြုလုပ်ထားတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ O.M.G တောထဲမှာဘယ်သူကများ ဒီလိုအရုပ်ကိုလာပြီးထုဆစ်သွားပါလိမ့်။ လက်ရာမြောက်ချက်ကတော့ မသိရင် တစ်ကယ့်ကိုထိတ်လန့် သွားစေမှာအမှန်ပါပဲ။ shwekhitonlinetv.com

၁၄။ အပြင်သွားရင် အခြားလူတွေရဲ့ အာရုံစိုက်မှုကိုခံချင်ပါသလား။ ဒီပုံကိုကြည့်ပြီး သင့်ရဲ့ဖန်တီးမှု ညဏ်ကိုကွန့်မြူးလိုက်ပါ။ shwekhitonlinetv.com

၁၅။ ဒီဘဲငန်းကတော့ ခေါင်းနှစ်လုံးနဲ့ထူးဆန်းလှပါတယ်။ ကင်မရာလှည့်စားမှုလား ? တစ်ကယ်ထူးဆန်းစွာ ဦးခေါင်းနှစ်ခုရှိနေတာလားဝေခွဲရခက်စေပါတယ်။ shwekhitonlinetv.com

၁၆။ ဒီပုံရဲ့ထူးခြားမှုကဘာဖြစ်မယ်လို့ထင်ပါသလဲ ? နဂါးတစ်ကောင်ပုံစံ မီးတောက်ဖြစ်မယ်ထင်ပါရဲ့နော် …..။ shwekhitonlinetv.com

၁၇။ စိန်းလန်းတဲ့ပတ်ဝန်းကျင်ကို သူတစ်ပါးနိုင်ငံတွေမှာတန်ဖိုးထားတဲ့ပုံကတော့ ချီးကျူးစရာကောင်းလှပါရဲ့နော် …..။ shwekhitonlinetv.com

၁၈။ ဒီအရာက ဓါးခုတ်ကောင်တစ်ကောင်လား ? သစ်ခွပန်းတစ်ပွင့်လား ? ပြောပြပေးသွားကြပါဦး ပရိသတ်ကြီးရေ …..။ shwekhitonlinetv.com

၁၉။ နေအဝင်ခင်အချိန်လေးမှာ ကရိန်းကားမောင်းသမားရဲ့ စကေးပြထားတဲ့ ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၂၀။ ဒီပုံကိုကြည့်ပြီး အတော်လေးဝေခွဲရခက်ဖြစ်မိပါတယ်။ ပုံထဲကဒိုင်နိုဆောပုံစံ သတ္တဝါက အမှန်တကယ်ပဲလား ? အရုပ်လားဆိုတာကိုပေါ့ ? ကြည့်ပြီးထင်မြင်ချက်လေးပြောပြပေးသွားကြပါဦးနော် ….။ shwekhitonlinetv.com

အခုတင်ဆက်ပေးသွားခဲ့တာကတော့ အင်တာနက်ပေါ်ကထူးထူးဆန်းဆန်းဓာတ်ပုံအချို့ပဲဖြစ်ပါတယ်။ ဒီပုံလေးတွေကြည့်ရှုပြီး တစ်ခဏတာစိတ်အပန်းဖြေမှုကို ရရှိနိုင်ကြပါစေနော် …..။ shwekhitonlinetv.com

(ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။)

Be the first to comment

Leave a Reply