ကမ်းခြေတွေမှာ မထင်မှတ်ဘဲ တွေ့ရှိခဲ့တဲ့ ထူးထူးဆန်းဆန်းအရာများ

ရွှေခေတ်ပရိသတ်တွေကိုတော့ ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ်းခြေမှာထူးထူးခြားခြား လာပြီးသောင်တင်နေတဲ့ အံ့အားသင့်ဖွယ်အရာတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအရာတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ပါဦးနော် ….. shwekhitonlinetv.com

၁။ ကမ်းခြေက မွေ့ရာကုတင်

သင်တို့အနေနဲ့ နွေရာသီအားလပ်ရက်လိုအချိန်မျိုးမှာ ချစ်သူနဲ့အတူ အပန်းဖြေဖို့အတွက် ကမ်းခြေကိုခရီးထွက်မယ်ဆိုရင် အိပ်ဖို့အတွက် ဘယ်လိုအရာမျိုးကိုယူဆောင်တက်ကြပါသလဲ ? အတော်များများကတော့ သိမ်းဆည်းလွယ်ပြီး ပေါ့ပေါ့ပါးပါးရှိမယ့် အခင်းမျိုးလောက်သာ ယူဆောင်သွားကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီကုတင်ကြီးကတော့ ဘယ်လိုလုပ်ပြီးကမ်းခြေမှာလာသောင်တင်နေသလဲဆိုတာကို စဉ်းစားလို့ မရအောင်ပါပဲ ….. ဘယ်လိုလူမျိုးကများဒီလို ကုတင်နဲ့ ကမ်းခြေမှာအပန်းဖြေခဲ့ပါလိမ့်…. shwekhitonlinetv.com

၂။ ငရဲငါး

ဒီငါးရဲ့ ရုပ်ဆင်းသွင်ပြင်နဲ့ သူ့ကိုပေးထားတဲ့နာမည်ကတော့ အတော်လေးကိုလိုက်ဖက်တယ်လို့ဆိုရမှာပါ။ ပုံမှန်အားဖြင့်တော့ ဒီငရဲငါး (Hell Fish) တွေဟာသမုဒ္ဒရာရဲ့ မှောင်မဲနက်ရှိုင်းလွန်းတဲ့နေရာတွေမှာသာရှင်သန် ကျက်စားကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။ အခုလိုမျိုးဘာကြောင့် ကမ်းခြေမှာလာသောင်တင်နေသလဲဆိုတာကတော့ စဉ်းစားလို့မရအောင်ပါပဲ။ shwekhitonlinetv.com

၃။ ထူးဆန်းတဲ့ အံစာတုန်းကြီး

ဒီပုံကိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ကမ်းခြေဒေသမှာနေထိုင်တဲ့သူတစ်ဦးက ရိုက်ကူးပြီး Reddit မှာတင်ထားခဲ့တာဖြစ်ပါတယ်။ ဒီကြီးမားတဲ့အံစာတုန်းကြီးက ဘယ်ကနေဘယ်လိုမျောပါလာတာလဲ ? ဘာအတွက်အသုံးပြုတဲ့ အရာလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ shwekhitonlinetv.com

၄။ ခေါင်းနှစ်လုံးနဲ့ လင်းပိုင်

ဒီအရာကတော့ တူရကီနိုင်ငံ အိဇ်မာ ကမ်းခြေမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပုံစံကြည့်ရတာတော့ ထူးထူးခြားခြား ခေါင်းနှစ်လုံးပါတဲ့ လင်းပိုင်ဆိုတာသိသာလှပါတယ်။ ဒါပေမယ့် တစ်သက်မှာတစ်ခါမှ ဒီလိုထူးဆန်းတဲ့လင်းပိုင်မျိုးကို မတွေ့ဖူးခဲ့ပါဘူး။ shwekhitonlinetv.com

၅။ ငါးမန်းခေါင်းပြတ်

ကံဆိုးတဲ့ဒီငါးမန်းကတော့ သမုဒ္ဒရာရဲ့တစ်နေရာရာမှာ ကွယ်လွန်သွားခဲ့ပုံရပြီး သူ့ရဲ့ဦးခေါင်းပြတ်ကြီးကတော့ နယူးဇီလန်နိုင်ငံ Farewell Spit ကမ်းစပ်မှာလာသောင်တင်နေပါတယ်။ ဘယ်လိုအရာမျိုးကများ ဒီငါးမန်းကိုခေါင်းပြတ်အောင် ပြုလုပ်လိုက်ပါလိမ့် …. shwekhitonlinetv.com

၆။ လေနှင့်ရွက်လွှင့်လာကြသူများ

လူအများစုကတော့ ဒီလှပတဲ့အရာလေးတွေကို လေနှင့်ရွက်လွှင့်လာသူတွေ (By-the-Wind Sailors) လို့ခေါ်ဆိုကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သိပ္ပံနည်းကျနာမည်က Velella ဖြစ်ပါတယ်။ ဖန် လိုမျိုးကြည်လင်တောက်ပပြီး ဆန်းပြားတဲ့အသွင်သဏ္ဍာန်နဲ့ ဒီအရာလေးတွေဟာ ခရမ်းရောင်ခရုမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ လေနဲ့အတူ သမုဒ္ဒရာရေပြင်ကိုဖြတ်ပြီး အမေရိကန်နိုင်ငံရဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ကမ်းခြေတွေမှာသောင်တင်နေတတ်တဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အမေရိကန်ဒိုင်နိုဆော

ဒါကတော့ အမေရိကတိုက်မှာ ဒိုင်နိုဆောတွေနေထိုင်ကျက်စားခဲ့တယ်ဆိုတာကို သက်သေပြနေတဲ့အရာလို့ ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီကြီးမားလှတဲ့ ဒိုင်နိုဆောပေါင်ရိုးကြီးကို ဝါရှင်တန်ဒီစီက ကမ်းရိုးတန်းမှာ ရှာဖွေတွေ့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ သမိုင်းမတင်မီ နှစ်သန်း (၁၈၀) ကရုပ်ကြွင်း

ဒီကျောက်ဖြစ်ရုပ်ကြွင်းကြီးကတော့ သမိုင်းမတင်မီနှစ်သန်းပေါင်း (၁၈၀) လောက်ကရှင်သန်ခဲ့တဲ့ Ichthyosaur တစ်ကောင်ရဲ့ရုပ်ကြွင်းပဲဖြစ်ပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကိုတော့ Tony Gill ဆိုတဲ့အမျိုးသားတစ်ဦးက အင်္ဂလန်နိုင်ငံရဲ့ ကမ်းရိုးတန်းတစ်နေရာမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဧရာမ ဝေလငါးကြီး

ဒီပုံကတော့ အနည်းဆုံးပေ (၄၀) လောက်အလျားရှိတဲ့ ဝေလငါးကြီးတစ်ကောင်ကို ဘူဒိုဇာနဲ့
ရေထဲကိုပြန်တွန်းချဖို့အတွက်ကြိုးပမ်းနေတဲ့ပုံဖြစ်ပါတယ်။ နေသာလေသာတဲ့နေ့ဖြစ်တာကြောင့် ကမ်းခြေမှာ အပန်းဖြေသူတွေများနေတဲ့ အချိန်မှာမှ ဒီဝေလငါးကြီးက သမုဒ္ဒရာထဲကနေ လာပြီးသောင်တင်နေတာဟာ ကြုံတောင့်ကြုံခဲဖြစ်စဉ်မို့လို့ လူတွေကလည်း ကြည့်ရှုမှတ်တမ်းတင်နေတာကို ပုံမှာတွေ့မြင်နိုင်မှာပါ။ နေရာကတော့ ကယ်လီဖိုးနီးယားပြည်နယ်က ကမ်းခြေတစ်ခုမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ အမည်မသိသတ္တဝါ

ကယ်လီဖိုးနီးယားပြည်နယ်က ကမ်းခြေမှာမျောနေတဲ့ ဒီအရာကိုရှာဖွေတွေ့ရှိခဲ့တဲ့သူတွေအကုန်လုံးက ဒီအရာကို ဘာမှန်းမသိကြဘူးလို့ ရိုးသားစွာဝန်ခံခဲ့ကြပါတယ်။ အဏ္ဍဝါဇီဝဗေဒ ပညာရှင်တွေကတော့ ပင်လယ်ပက်ကျိ (Sea Slug) ဒါမှမဟုတ် သန္တာကျောက်တန်းတွေမှာတွယ်ကပ်နေတက်တဲ့ ခမောက်ခရု (Limpet) ဖြစ်နိုင်ကြောင်းခန့်မှန်းထားကြပါတယ်။ သင်ရောဒီအရာက ဘာလဲဆိုတာသိပါသလား ? shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။