ကမ္ဘာကြီးပေါ်မှာ လူသားဆန်မှုတွေနဲ့ အကြင်နာတရားတွေ ရှိနေသေးကြောင်းပြသနေတဲ့ … အကောင်းဆုံးဓာတ်ပုံ (၁၅) ပုံ

ဒီနေ ကမ္ဘာကြီးပေါ်မှာမှီတင်းနေထိုင်ကြတဲ့ လူသားတွေရဲ့နေ့စဉ်ဘဝတွေဟာ လောဘ၊ မောဟ၊ ဒေါသတွေနဲ့လောင်မြိုက်နေပြီး မေတ္တာဂရုဏာတွေ တဖြည်းဖြည်းစိတ်သုဉ်းလာလျက်ရှိပါတယ်။ ဒါပေမယ့် အခုဓာတ်ပုံလေးတွေထဲက လူတွေကတော့ ဒီလိုမျိုးနွေးထွးလှတဲ့ ချစ်ချင်းမေတ္တာတွေနဲ့ လူသားဆန်မှုတွေ ကမ္ဘာကြီးမှာရှိနေသေးကြောင်း သက်သေပြနေပါတယ်။  shwekhitonlinetv.com

၁။ လမ်းပေါ်မှာရေကြီးနေတဲ့အချိန် ကားထဲမှာပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နေသူ။

၂။ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ရဲ့ လူပေါင်း (၁.၉) သန်းလောက် အိမ်ယာမဲ့ဖြစ်ခဲ့ပေမယ့် မိမိတို့ယုံကြည်ကိုးကွယ်တဲ့ အရာများကိုတော့အဆုံးအရှုံးမခံကြတဲ့သူများ။

၃။ ပါကစ္စတန်အနော်မြောက်ပိုင်း ပက်ရှာဝါမြို့လယ်မှာ ကားဗုံးပေါက်မှုတွေဆက်တိုက်ဖြစ်ပွားတဲ့အချိန် တစ်ကိုယ်တည်းကိုယ်လွတ်ရုန်းမပြေးဘဲ အနီးနားမှာရှိနေတဲ့ကလေးငယ်တစ်ဦးကို အပါခေါ်ပြီးမှထွက်ပြေးတဲ့ အမျိုးသား။

၄။ လမ်းပေါ်မှာဒဏ်ရာနဲ့လဲကျနေတဲ့သူရှိတာကြောင့် စစ်တပ်ရဲ့ဘူဒိုဇာကိုရှေ့ဆက်မတိုးဖို့ ရဲဝံ့စွာဟန့်တားနေတဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာဂအမျိုးသမီးတစ်ဦး။

၅။ မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးစပြုနေတဲ့ အချိန်မှာသူ့ရဲ့ခွေးကလေးကို ကျောပိုးပြီးဘေးလွတ်ရာသွားနေတဲ့ ကလေးငယ်တစ်ဦး။

၇။ ပြင်းထန်ဆိုးရွားတဲ့ရောဂါတစ်မျိုးကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး လူတောမတိုးရဲတဲ့အမျိုးသားတစ်ဦးကို ဘုရားသခင်ကောင်းချီးပေးဖို့အတွက် ဆုတောင်းပေးနေတဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်။

၈။ ချုံခိုတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ရတဲ့သူ့ရဲ့လူသား လုပ်ဖော်ကိုင်ဖက်အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ပြီး အခေါင်းဘေးမှာကြေကွဲစွာနှုတ်ဆက်နေတဲ့ ရဲခွေးကလေး ဖီဂို။

၉။ လက်ရှိပြိုင်ပွဲမှာ နံပါတ် (၁) နေရာကနေပန်းဝင်ဖို့ကျိန်းသေသလောက်ရှိပေမယ့် မသန်စွမ်းအားကစားသမားတစ်ယောက်ကို ရေဘူးကမ်းရင်းအရှိန်လျော့ကာ ကီလိုမီတာ (၂၀) လောက်တူတူပြေးပြီး ဆုတံဆိပ်ကိုစွန့်လွှတ်ခဲ့တဲ့ ကင်ညာအပြေးမယ် ဂျက်ကွယ်လင်း ကစ်ပ်လီမို။

၁၀။ အပတ်စဉ်တနေင်္ဂနွေနေ့တိုင်းမှာ လမ်းပေါ်က အိမ်ခြေရာမဲ့တွေကို အခမဲ့လိုက်လံဆံပင်ညှပ်ပေးလေ့ရှိတဲ့ နယူးယော့ခ်မြို့က နာမည်ကျော်ဆံသဆရာတစ်ဦး။

၁၁။ ကိုးရီးယားစစ်ပွဲအတွင်းမှာ ဘယ်ကမှန်းမသိတဲ့ကြောင်ကလေးတစ်ကောင်ကို အသက်ရှင်အောင်တယုတယကယ်တင်ပေးထားတဲ့ စစ်သားတစ်ဦး။

၁၂။ မိုးရွာထဲမှာတုန်ယင်စွာသွားလာနေတဲ့ အဖိုးအိုတစ်ဦးကို ကာကွယ်ပေးဖို့အတွက် အနီးဆုံးစားပွဲမှာတပ်ဆင်ထားတဲ့ ထီးအကြီးကြီးကိုဖြုတ်ယူသွားတဲ့ ဝန်ထမ်းလေးတစ်ဦး။

၁၃။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ပြိုကျခဲ့တဲ့အဆောက်အဦးတစ်ခုရဲ့ အပျက်အစီးတွေအောက်မှာအသက်ရှင်ကျန်ပြီးပိတ်မိနေတဲ့ ကလေးငယ်တစ်ဦးကို မရရအောင်ကြိုးစားကယ်ထုတ်ခဲ့ကြတဲ့ ကယ်ဆယ်ရေးဝန်ထမ်းများ။

၁၄။ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရဲ့ ပူပြင်းတဲ့နေရောင်အောက်က လမ်းပေါ်မှာဖိနပ်မပါဘဲသွားလာနေတဲ့ အိမ်ခြေရာမဲ့မိန်းကလေးငယ်တစ်ဦးအတွက် မိမိရဲ့ဖိနပ်ကိုချွတ်ပေးခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည်တစ်ဦး။

၁၅။ မိမိရဲ့အသက်ကိုတောက်ပဓာနမထားဘဲ နွံအိုင်ထဲမှာနစ်နေတဲ့ Wallaby (ယုန်တစ်ကောင်ထက် အနည်းငယ်ပဲပိုကြီးတဲ့ သားပိုက်ကောင်အသေးစားတစ်မျိုး) လေးကိုကယ်တင်ပေးခဲ့သူ။

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။