ငယ်စဉ်ကလေးဘဝမှာ ကြီးမားတဲ့စိတ်ဒဏ်ရာတွေရရှိခဲ့တဲ့ အနုပညာရှင်များ

ဒီနေ့အချိန်မှာအောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိနေကြတဲ့ အနုပညာရှင်တိုင်းဟာ ရွှေဇွန်းကိုက်မွေးဖွားလာပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နဲ့ ငယ်ဘဝကိုဖြတ်သန်းခဲ့ကြရတာမဟုတ်ပါဘူး။ မတူညီတဲ့အခြေအနေတွေနဲ့ ငယ်စဉ်ဘဝကိုဖြတ်သန်းခဲ့ရတဲ့အနုပညာရှင်တွေအများကြီးရှိတဲ့ အထဲမှာအခုဖော်ပြပေးမယ့်သူတွေကတော့ အဆိုးရွားဆုံးအခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ကြီးမားတဲ့စိတ်ဓာတ်ရာ အမာရွတ်တွေကိုရရှိခဲ့တဲ့သူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ နစ်ကီမီနာ့ဂျ်

နစ်ကီမီနာ့ဂျ် ကတော့ အသက် (၃၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်အဆိုတော်နှင့်တေးရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူမဟာလက်ရှိအချိန်မှာအောင်မြင်ကျော်ကြားပြီး ကိုယ်ပိုင်စတိုင်ရှိတဲ့ အမျိုးသမီးရပ်ပါတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ငယ်စဉ်ဘဝကတော့ အတော်လေးကိုခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဖခင်က မူးယစ်ဆေးစွဲနေတဲ့သူတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက် အိမ်မှာရှိသမျှပစ္စည်းတွေအကုန်ရောင်းချပစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူမတို့အိမ်ကိုလည်း မီးရှို့ခဲ့သလို သူမရဲ့မိခင်ကိုပါသတ်ဖို့ခြိမ်းခြောက်ခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာ (၅) နှစ်သမီးအရွယ်ပဲရှိသေးတဲ့ နစ်ကီဟာ ဒီလိုမျိုးဘဝကနေလွတ်မြောက်ဖို့ ရည်ရွယ်ချက်ထားပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ရှားလိဇ်သီရွန်

တောင်အာဖရိကနွယ်ဖွား အမေရိကန်မင်းသမီး ရှားလိဇ်သိရွန် (Charlize Theron) ရဲ့မိခင်ဖြစ်သူ ဂါဒါ (Gerda) ဟာ သူမရဲ့ဖခင်ဖြစ်သူ ရှားလက်စ် (Charles) ကို ၁၉၉၁ ခုနှစ်မှာ Thet ပစ်ခဲ့ပါတယ်။ ဂါဒါရဲ့ထွက်ဆိုချက်မှာတော့ ရှားလက်စ်က မူးပြီးသူမနဲ့ သူမရဲ့သမီးဖြစ်သူကို Thet ပစ်မယ်လို့ချိန်းခြောက်တာကြောင့် သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ တရားသူကြီးက မိမိကိုယ်ကိုကာကွယ်တဲ့ဖြစ်ရပ်တစ်ခုအနေနဲ့ ဂါဒါကိုပြစ်ဒဏ်ပေးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

၃။ ကယ်လ်ဆေးဂရမ်မာ

အသက် (၆၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကယ်လ်ဆေးဂရမ်မာကတော့ ဟာသသရုပ်ဆောင်အဖြစ်အဓိက လူသိများခဲ့တဲ့သူဖြစ်ပြီး စာရေးဆရာ၊ တေးရေးဆရာ၊ ထုတ်လုပ်သူ၊ အသံသရုပ်ဆောင်အလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့သူတစ်ဦးပါ။ သူ့အသက် (၂) နှစ်သားအရွယ်မှာပဲ သူ့မိဘတွေဟာကွာရှင်းခဲ့ကြပါတယ်။ သူ့အသက် (၁၂) နှစ်အရွယ်မှာ သူ့အဖေဟာ သူတို့အိမ်ကိုကျူးကျော်ဝင်ရောက်သူတစ်ချို့ရဲ့ လက်ချက်နဲ့ သူတို့မောင်နှစ်မနှစ်ဦးရှေ့တင် သေဆုံးခဲ့ရတာ်ဖြစ်ပါတယ်။ အဲ့ဒီနောက်သူ့ရဲ့အစ်မဖြစ်သူဟာလည်း ပြန်ပေးဆွဲခြင်းခံရပြီးနောက် မုဒိမ်းကျင့်ပြီးသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒါနဲ့တင်မပြီးသေးပါဘူး ကယ်လ်ဆေးရဲ့ ဝမ်းကွဲညီအစ်ကိုဟာလည်း ရေငုပ်ရင်းမတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့ပြန်ပါတယ်။ သူ့ရဲ့ငယ်ဘဝကတော့ ရစရာမရှိလောက်အောင်ကို ကြေကွဲစရာကောင်းခဲ့တာပါ။ shwekhitonlinetv.com

၄။ ရှနိုက်ရာတွင်း

ကနေဒါအဆိုတော်တစ်ဦးဖြစ်တဲ့ ရှနိုက်ရာတွင်းဟာ ကန်းထရီးနဲ့ ပေါ့တေးဂီတတွေမှာသူမတူအောင်ထူးချွန်လှတဲ့သူဖြစ်ပါတယ်။ ဂီတလောကရဲ့အမြင့်ဆုံးဆုဖြစ်တဲ့ ဂရမ်မီဆုကိုလည်းရရှိပိုင်ဆိုင်ထားပြီး လက်ရှိအချိန်မှာအသက်က (၅၆) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူမဟာဆင်းရဲတဲ့မိသားစုကနေဆင်းသက်လာတဲ့သူဖြစ်ပြီး မွေးချင်း (၅) ယောက်ရှိပါတယ်။ သူတို့မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ဗိုက်ဆာဆာနဲ့ကျောင်းကိုသွားခဲ့ရတဲ့ရက်တွေမနည်းကြောင်း သူများတွေမုန့်စားနေချိန်မှာဆို မနာလိုစိတ်တောင်ဝင်ခဲ့မိကြောင်း အင်တာဗျုးတစ်ခုမှာဖွင့်ဟဖူးပါတယ်။ နောက်ပြီးသူူမရဲ့ပထွေးဖြစ်သူက မိခင်ဖြစ်သူကို အတော်လေးနိုင့်ထက်စီးနင်းပြုကျင့်တဲ့သူဖြစ်ပါတယ်။ သူမအသက် (၂၁) နှစ်အရွယ်မှာ မိဘနှစ်ပါးစလုံး ကားအက်စီးဒင့်တစ်ခုကြောင့် သေဆုံးသွားခဲ့လို ကျန်တဲ့မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက် သူမရဲ့အဆိုပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ တားရင့်စ်ဟောင်းဝပ်

အသက် (၅၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင် တားရင့်စ်ဟောင်းဝပ်ကတော့ အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်ဖူးတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူ့အသက် (၂) နှစ်အရွယ်တုန်းက သူ့အဖေဟာ သူ့ရဲ့အရှေ့တင်လူတစ်ဦးကို ဓားနဲ့ထိုးသတ်တာကိုကြုံခဲ့ရသူဖြစ်ပါတယ်။ သူ့ရဲ့မိဘနှစ်ပါးစလုံးဟာ သူ့ကိုအမြဲတမ်း ရိုက်နှက်ကာ နှိပ်စက်ညှဉ်းပမ်းခဲ့ကြတာကြောင့် အသက် (၁၆) နှစ်အရွယ်မှာ လူမှုဖူလုံးရေးရဲ့အထောက်အပံ့ကို ရယူကာဘဝကိုတစ်ယောက်တည်းရပ်တည်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သရုပ်ဆောင်လောကထဲကိုဝင်ရောက်မယ့် လမ်းကြောင်းတစ်ခုကို ချိတ်ဆက်နိုင်ခဲ့ပြီး ဒီနေ့လိုအောင်မြင်တဲ့ အခြေအနေကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။