အောင်မြင်တဲ့ဘဝကို ရောက်ရှိဖို့အသင့်ဖြစ်နေတဲ့ နာမည်ကျော်တွေရဲ့သားသမီးများ

နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ သားသမီးဖြစ်သူတွေဟာ ပြီးပြည့်စုံတဲ့ဘဝနဲ့ နေထိုင်ကြရတယ်လို့ထင်ရပေမယ့် သူတို့တွေမှာလည်း အခြားကလေးတွေလိုပဲ ဘဝရဲ့စိန်ခေါ်မှုတွေရှိပါတယ်။ အဲ့ဒီလိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ပြီး အောင်မြင်တဲ့သူတွေအဖြစ် မိဘတွေရဲ့ခြေရာကိုနင်းတော့မယ်သူတွေကတော့ …… shwekhitonlinetv.com

၁။ ဂျု့ဒ်လော နှင့် အိုင်းရစ်လော

ဗြိတိန်မင်းသားကြီး ဂျု့ဒ်လော ရဲ့ ပထမအိမ်ထောင်နဲ့ရခဲတဲ့ သမီးဖြစ်သူ အိုင်းရစ်လောကတော့ အသက် (၂၂) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့အဖေလိုပဲ အနုပညာသွေးပါရှိပြီး မော်ဒယ်လ်တစ်ယောက်အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com

၂။ ဗစ်တိုးရီးယားဘက်ခမ်း နှင့် ရိုမီယိုဘက်ခမ်း

ရိုမီယိုဘက်ခမ်းကတော့ နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ စပိုက်ဂဲလ်အဖွဲ့ရဲ့စတားတစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ ဒုတိယမြောက်သားဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် (၂၀) အရွယ်ရှိပြီဖြစ်ပြီး အင်္ဂလန်ကလပ် ဘရန့်ဒ်ဖို့အသင်းမှာ ဘောလုံးကစားနေပါတယ်။ shwekhitonlinetv.com

၃။ ကမ်းဒေ့ကင်မရွန်းဗျူရာ နှင့် နာတာရှာဗျူရာ

နာတာရှာကတော့ အသက် (၂၄) နှစ်ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူ ကမ်းဒေ့ကင်မရွန်းရဲ့ ခြေရာကိုအတိအကျလိုက်နင်းတဲ့ TV စတားတစ်ယောက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဂျူလီယံမိုး နှင့် လစ်ဗ်ဖရမ်းဒ်လစ်ချ်

လစ်ဗ်ဖရမ်းဒ်လစ်ချ်က နာမည်ကျော်အမေရိကန်သရုပ်ဆောင် ဂျူလီယံမိုးရဲ့ ဒုတိယအိမ်ထောင်နဲ့ရရှိတဲ့ သမီးလေးဖြစ်ပါတယ်။ သူမကအခုအချိန်မှာ အသက် (၂၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမအမေလိုပဲ သရုပ်ဆောင်တစ်ယောက်အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com

၅။ ဂျနီဖာကော်နယ်လီ နှင့် စတီလန်ကော်နယ်လီဘတ်တ်နီ

စတီလန်ကော်နယ်လီဘတ်တ်နီကတော့ သရုပ်ဆောင် ပေါလ်ဘတ်တနီနဲ့ ဂျနီဖာကော်နယ်လီ တို့ရဲ့သားဖြစ်ပါတယ်။ သူ့အသက်က (၂၀) ရှိပြီဖြစ်ပေမယ့် သားသမီးတွေကို လူမြင်ကွင်းသိပ်ထုတ်ပြလေ့မရှိဘဲ အနုပညာအသိုင်းအဝိုင်းထက် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့အတွက်သာ အာရုံစိုက်ခိုင်းထားကြပါတယ်။ shwekhitonlinetv.com

၆။ ဂျက်ဆီကာအယ်လ်ဘာ နှင့် ဟော်နာမေရီဝါရန်

ဟော်နာမေရီဝါရန်ကတော့ ညှို့အားပြင်းမင်းသမီးတစ်ဦးဖြစ်တဲ့ ဂျက်ဆီကာအယ်လ်ဘာရဲ့ သမီးဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်မှာတော့အသက် (၁၅) နှစ်ရှိပြီဖြစ်ပြီး မကြာခင်မှာမိခင်ဖြစ်သူရဲ့ ခြေရာနင်းပြီးသရုပ်ဆောင်လောကထဲဝင်လာဖို့ရှိနေပါတယ်။ shwekhitonlinetv.com

၇။ ရှောင်ပန်း နှင့် ဒိုင်လန်ပန်း

ဒိုင်လန်ပန်းကတော့ အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်ပြီး မင်းသားကြီးရှောင်ပန်းနဲ့ ဇနီးဟောင်းဖြစ်သူ ရော်ဘင်ရိုက် တို့ကနေမွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူမဟာ လော့စ်အိန်ဂျလိစ် နဲ့ မီလန်မြို့တွေမှာ မော်ဒယ်လ်အေဂျင်စီ (၃) ခုကိုထူထောင်ထားပါတယ်။ shwekhitonlinetv.com

၈။ ဆာလ်မာဟေးယက် နှင့် ဗလန်တီနာပါလိုမာပီနော့ဒ်

ဗလန်တီနာကတော့ မက္ကဆီကိုမင်းသမီးချော ဆာလ်မာဟေးယက်နဲ့ ဖရန်စစ်ဟင်နရီပီနော့ဒ် တို့ရဲ့တစ်ဦးတည်းသောသမီးဖြစ်ပါတယ်။ သူမကတော့ မကြာခင်မှာအသက် (၁၈) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ပန်မလာအန်ဒါဆင် နှင့် ဘရန်ဒန်သောမက်စ်လီ၊ ဒိုင်လန်ယက်ဂါလီ

အိမ်ထောင် (၅) ဆက်ရှိသလို နာမည်ကျော်အတော်များများနဲ့ ဇာတ်လမ်းတွေရှုပ်ဖူးတဲ့ ကနေဒါမင်းသမီး ပန်မလာအန်ဒါဆင်အနေနဲ့ လက်ရှိအချိန်အထိ ပထမဆုံးခင်ပွန်းဖြစ်တဲ့ တော်မီလီနဲ့ရခဲ့တဲ့ သား (၂) ဦးသာရှိပါတယ်။ သူတို့တွေကတော့ ဘရန်ဒန်သောမက်စ်လီ (၂၇) နှစ်နဲ့ ဒိုင်လန်ယက်ဂါလီ (၂၃) နှစ်ဖြစ်ပြီး နှစ်ဦးစလုံးက အနုပညာနယ်ပယ်ထဲမှာ အစွမ်းအစရှိသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။