နာမည်ကြီး သရုပ်ဆောင် ဂျနီဖာလိုပက်ဇ် တွဲခဲ့တဲ့ ရည်းစားဟောင်း ၂၂ ဦး အကြောင်း

အမေရိကန်နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ် နဲ့ လက်ရှိအချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်ပါ လုပ်ကိုင်နေတဲ့ ဂျနီဖာလိုပက်ဇ် ကိုတော့ ရွှေခေတ်ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်စရာလိုမယ် မထင်ပါဘူး။

ဒီတစ်ခေါက်မှာတော့ ဂျနီဖာလိုပက်ဇ်နဲ့ပတ်သတ်ပြီး ပရိသတ်တွေစိတ်ဝင်စားမယ်လို့ထင်တဲ့ အကြောင်းအချက်ကလေးတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ အဲ့ဒါကတော့ သူမအနေနဲ့ ဘဝတစ်လျှောက်လူသိရှင်ကြားတွဲခုတ်ခဲ့တဲ့ Ex တွေအကြောင်းပဲဖြစ်ပါတယ်။ သူမ အနေနဲ့ Ex တွေဘယ်လောက်တောင် များပြားခဲ့သလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် …..

၁။ David Cruz (1984-1994)

David Cruz ကတော့ သူမနဲ့တစ်ရပ်ကွက်တည်းကြီးပြင်းလာတဲ့သူဖြစ်ပြီး ဆယ်ကျော်သက်အရွယ်ကတည်းက သူမအသက် (၂၅) နှစ်အရွယ်ရောက်တဲ့အထိ (၁၀) စုနှစ်တစ်ခုနီးပါးတွဲခဲ့တဲ့သူဖြစ်ပါတယ်။

၂။ Chris Paciello (1994)

Cruz နဲ့ လမ်းခွဲခဲ့ပြီးနောက်မှာတော့ ဂျေလို ဟာ Chris Paciello နဲ့တွဲခဲ့ပြန်ပါတယ်။ သူနဲ့စတင်တွေ့ဆုံခဲ့တာကတော့ (၁၉၉၃) ခုနှစ်အတွင်းမှာဖြစ်ပေမယ့် (၁၉၉၄) ခုနှစ်မှာမှ လူသိရှင်ကြားတွဲခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် Chris Paciello ဟာ လူသတ်မှုတစ်ခုကြောင့် ထောင် (၇) နှစ်ကျခဲ့လို့ သူတို့ရဲ့ဇာတ်လမ်းဟာလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်။

၃။ Wesley Snipes (1995)

Money Train ဇာတ်ကားရိုက်ကူးနေစဉ်မှာတော့ ဂျေလိုအနေနဲ့ Blade မင်းသားကြီး Wesley Snipes နဲ့ ဆုံခဲ့ပါတယ်။ Snipes အနေနဲ့သူမကို ပရေပရည်လုပ်ပြီးအမျိုးမျိုးချဉ်းကပ်ဖူးတယ်လို့ ဂျေလိုကဖွင့်ဟဖူးပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း သူမရဲ့ပထမဆုံး Sex-Sence ကိုရိုက်ကူးခဲ့ရပါတယ်။ ဒီလိုနဲ့သူမတို့နှစ်ဦးခဏတာ တွဲခဲ့ကြပါတယ်။

၄။ Ojani Noa (1997-1998)

ဂျေလိုအနေနဲ့ သူမဘဝရဲ့သတို့သားလောင်းကို စားသောက်ဆိုင်တစ်ခုမှာဆုံခဲ့ပါတယ်။ သူ့နာမည်က Ojani Noa ဖြစ်ပြီး သူတို့နှစ်ဦးအနေနဲ့ လက်ထပ်ခဲ့တဲ့အထိခရီးပေါက်ခဲ့ကြပါတယ်။ ဒါပေမယ့်ကံဆိုးစွာနဲ့ပဲလက်ထပ်ပြီး (၁၁) လအကြာမှာပြန်လည်ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

၅။ Tommo Mottola (1998)

Mariah Carey , Jennifer Lopez , Tommo Mottola တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကအတော်လေးကို လူပြောများခဲ့ပါတယ်။ ဒါပေမယ့် လည်း ဂျေလိုနဲ့တစ်ခဏာသာတွဲပြီး မာရီယာကာရေးနဲ့ လက်ထပ်သွားတယ်လို့သိရပါတယ်။

၆။ Sean Combs (1991-2001)

ဂျေလိုဟာနာမည်ကျော် ရက်ပါတစ်ဦးဖြစ်တဲ့ Sean Combs (P Diddy) နဲ့လည်း (၁၀) နှစ်ကြာလောက်တွဲခဲ့ပါသေးတယ်။

၇။ Cris Judd (2001-2002)

Sean Combs နဲ့လမ်းခွဲခဲ့ပြီးမှာတော့ Cris Judd နဲ့လက်တွဲပြီး အိမ်ထောင်တစ်ခုထူထောင်ခဲ့ပါတယ်။ ဒီတစ်ခါတော့ ဂျေလိုတစ်ယောက်တည်ငြိမ်တဲ့ဘဝကိုရပြီလို့သူ့ပရိသတ်တွေကထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အိမ်ထောင်ရေးဟာ တစ်နှစ်အကြာမှာပဲ ပြိုကွဲခဲ့ဲပြန်ပါတယ်။

၈။ Ben Affleck (2002-2004)

ပရိသတ်တွေက Bennifer လို့နာမည်ပြောင်ပေးခြင်းခံရတာကတော့ အမေရိကန်မင်းသား Ben Affleck နဲ့တွဲတဲ့အချိန်တွေမှာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးက နှစ်နှစ်တာအကြာမှာပဲ ရပ်တန့်သွားခဲ့ပါတယ်။

၉။ Marc Anthony (2004-2011)

ဂျေလိုရဲ့ အိမ်ထောင်ရေးမှာ အကြာရှည်ဆုံးနဲ့အတည်ငြိမ်ဆုံးကာလတွေလို့ ဆိုရမှာက လက်တင်အဆိုတော် Marc Anthony နဲ့ တွဲခဲ့တဲ့အချိန်တွေလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်းနောက်ဆုံးမှာ ဂျေလိုတစ်ယောက် Marc Anthony နဲ့ ခွာပြဲခဲ့ရပြန်ပါတယ်။

၁၀။ Jason Statham (2011)

မာ့ခ်အန်တိုနီယိုနဲ့ ကွာရှင်းပြတ်စဲပြီးနောက်မှာတော့ ဂျေလိုဟာ နာမည်ကြီးအက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ Jason Statham နဲ့ ခဏတာတွဲခဲ့ကြပါသေးတယ်။ သူတို့နှစ်ဦးဆုံတွေ့ခဲ့တာကတော့ Parker ဆိုတဲ့ဇာတ်ကား ရိုက်ကူးရေးမှာဖြစ်ပါတယ်။

၁၁။ Bradley Cooper (2011)

၂၀၁၁ ခုနှစ်ကတော့ ဂျေလိုရဲ့နှစ်တွေလို့ ဆိုရမလားတောင်မှတ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်အတွင်းမှာ တစ်ကယ့်ဒိတ်ဒိတ်ကြဲမင်းသားတွေနဲ့ပဲတွဲခုတ်ခဲ့လို့ဖြစ်ပါတယ်။ ဒီထဲမှာ မင်းသားချော Bradley Cooper လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။

၁၂။ Rodrigo Santoro (2011)

ကမ္ဘာပေါ်မှာ Sexy အကျဆုံးသူတစ်ယောက်အဖြစ်သတ်မှတ်ခံထားရတဲ့ ဘရာဇီးလ်မင်းသားချော Rodrigo Santoro ကလည်း ဂျေလိုရဲ့အချစ်သမိုင်းမှာ ခဏတာပါဝင်အသုံးတော်ခံခဲ့တဲ့သူဖြစ်ပါတယ်။

၁၃။ Casper Smart (2011-2016)

ဒီတစ်ခါမှာတော့ ဂျေလိုတွဲခုတ်ခဲ့တဲ့သူက သူမထက်အသက် (၁၈) နှစ်လောက်ငယ်ရွယ်တဲ့ Dancer တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အမည်က Casper Smart ဖြစ်ပြီး ဂျေလိုနဲ့ (၅) နှစ်နီးပါးတွဲခဲ့တဲ့သူဖြစ်ပါတယ်။

၁၄။ Nayvadius DeMun Wilburn (2013)

Future လို့လူသိများတဲ့ နာမည်ကျော် ရက်ပါ Nayvadius DeMun Wilburn နဲ့လည်း ၂၀၁၃ ခုနှစ်အတွင်းမှာ ဂျေလိုဇာတ်လမ်းရှုပ်ခဲ့ပါသေးတယ်။

၁၅။ Clifford Joseph Harris Jr (2013)

၂၀၁၃ ခုနှစ်ထဲမှာ ဂျေလိုရှုပ်ခဲ့တာက Future တင်မဟုတ်ပါဘူး။ အခြားနာမည်ကျော် ရက်ပါတစ်ဦးဖြစ်တဲ့ Clifford Joseph Harris Jr လည်းပါဝင်ပါတယ်။ သူ့ကိုတော့ အများစုက T.I. လို့သိထားတာဖြစ်ပါတယ်။

၁၆။ Maksim Chmerkovskiy (2014)

Casper နဲ့တွဲနေချိန်မှာပဲ နောက်ထပ်ဇာတ်လမ်းရှုပ်ခဲ့တာက Maksim Chmerkovskiy ဆိုတဲ့သူနဲ့ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံခဲ့တာကတော့ Dancing With The Stars အစီအစဉ်မှာဖြစ်ပါတယ်။

၁၇။ Armando Christian Pérez (2015)

ဂျေလိုအနေနဲ့ သူမနဲ့သီချင်းတွေအတူတွဲလုပ်ခဲ့ဖူးတဲ့ Armando Christian Pérez တစ်ဖြစ်လဲ Pitbull နဲ့လည်း Date ဖူးတယ်လို့သိရပါတယ်။ အဲ့ဒါကတော့ (၂၀၁၅) ခုနှစ်အတွင်းမှာဖြစ်ပါတယ်။

၁၈။ Cristiano Ronaldo (2016)

သတင်းတွေအရတော့ ဘောလုံးစတား စီရော်နယ်ဒိုနဲ့ ဂျေလိုတို့ဟာ (၂၀၁၆) အတွင်းက တွဲခဲ့ကြသေးတယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ Las Vegas ကပါတီတစ်ခုမှာဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။

၁၉။ Drake (2016-2017)

နာမည်ကျော် ရက်ပါဖြစ်တဲ့ Drake နဲပုံတွေဆိုရှယ်မီဒီယာမှာ ပေါက်ကြားခဲ့ပြီးနောက် သူတို့နှစ်ဦးတွဲနေတဲ့ဆိုတဲ့နောက်ဆက်တွဲ သတင်းတွေကလည်း ထွက်ပေါ်လာပါတယ်။ နီးစပ်သူတွေရဲ့ အဆိုအရသူမဟာ Drake နဲ့ ၂၀၁၇ ခုနှစ်အထိတွဲခဲ့တယ်လို့ဆိုပါတယ်။

၂၀။ Chris Brown (2017)

ဂျေလိုဟာ နယ်ပယ်စုံကနာမည်ကျော်တွေကို လိုက်လံရွေးချယ်တွဲသလားလို့ထင်မှတ်ရလောက်အောင်ကို သူတွဲခဲ့တဲ့သူတွေမှန်သမျှက တကယ့်ကိုဒိတ်ဒိတ်ကြဲအောင်မြင်ကြသူတွေဖြစ်ပါတယ်။ ဒီအထဲမှာ Chris Brown လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။

၂၁။ Alex Rodriguez (2017)

ဂျေလိုနဲ့ အဲလက်စ်တို့ကတော့ (၂၀၁၇) ခုနှစ်အတွင်း Beverly Hills မှာတွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး ခဏတာတွဲခဲ့ကြပါတယ်။

၂၂။ Bennifer is Back (Recent)

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဂျေလိုတစ်ယောက် Bennifer လို့ပရိသတ်တွေခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ အချစ်ဟောင်း Ben Affleck နဲ့ပြန်လည်တွဲခုတ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။