မီးတောင်ကြီးအနီးက ချော်ရည်တွေ ဖုံးလွမ်းရာ မြေပေါ်မှာ စိုက်ပျိုးအောင်မြင်တဲ့ စပျစ်သီးများ

စပိန်နိုင်ငံ အလာဗက်စ်မြို့က ကနေရီကျွန်းလေးတွေဟာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးစပျစ်ဝိုင်တွေထွက်ရှိရာ နေရာတစ်ခုအဖြစ်နာမည်ကျော်ကြားလှပါတယ်။ shwekhitonlinetv.com

နာမည်ကျော်ကြားဆို ဒီဒေသမှာစပျစ်စိုက်တဲ့ နည်းကလည်းအခြား ဥရောပနိုင်ငံတွေနဲ့ မတူဘဲအတော်လေးကို ကွဲပြားခြားနားလှပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေအနေနဲ့ မီးတောင်အနီးတစ်ဝိုက်က ပြာချော်ရည်မြေတွေမှာ ကျင်းလေးတွေပြုလုပ်ပြီးစိုက်ပျိုးကြလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

စပျစ်သီးဟာ နွယ်ပင်အမျိုးအစားဖြစ်တဲ့အလျောက် ပုံမှန်အားဖြင့်တော့ သူ့ကို စင်လေးတွေပြုလုပ်ပြီးစိုက်ပျိုးကြတာများပါတယ်။ မြေဆီလွှာဆိုရင်လည်း သဲ၊ ကျောက်စရစ်၊ သဲနုန်းမြေ စတဲ့မြေတွေမှာစိုက်ပျိုးလေ့ရှိကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် Lanzarote Volcanic Vineyards လို့နာမည်ကျော်တဲ့ စပျစ်ခင်းတွေကတော့ ပုံမှန်မြင်တွေ့နေကြပုံစံမျိုးနဲ့ကွဲထွက်နေပါတယ်။ ဒီနေရာမှာကမြေဆီလွှာတွေဟာ မီးတောင်ပေါက်ကွဲမှုကြောင့် အနက်ရောင်ဖြစ်နေပြီး စိုက်ပျိုးရေးလုပ်ဖို့အတွက်အထူးကောင်းမွန်လှတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒါကြောင့် ဒီနေရာတစ်ဝိုက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက စပျစ်သီးတွေကို ချုံပုတ်ပုံစံ စိုက်ပျိုးနည်းနဲ့ တွင်းလေးတွေပြုလုပ်ပြီး ထူးထူးခြားခြားစိုက်ပျိုးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုပြုလုပ်ခြင်းအားဖြင့် မိုး၊ ဆီးနှင်းတွေရွာကျတဲ့အခါမျိုးမှာ အစိုဓာတ်ကို သိုလှောင်ထားပြီးသားဖြစ်စေနိုင်သလို အပင်တွေများစွာစုစည်းနေတာကြောင့် အမြစ်တွေကိုလည်း ခိုင်မြဲစေတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီ အမျိုးသားရဲ့နည်းစနစ်ဟာ အောင်မြင်ခဲ့လို့ စပျစ်သီးတွေဟာ ထွားကြိုင်းသန်မာစွာ ဖြစ်ထွန်းတဲ့အပြင် အခုဆိုရင် သူရဲ့စပျစ်ခင်းက ကမ္ဘာလှည့်ခရီးသွားတွေကိုတောင် ဆွဲဆောင်နေနိုင်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။