လူတော်တော်များများ မသိကြသေးတဲ့ လျှပ်စစ်ငါးတွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတအချို့

လျှပ်စစ်ငါးတွေရဲ့ ဇီဝဗေဒအမည်ကတော့ Electrophorus လို့ခေါ်ပြီး တစ်ချို့ကလည်း ငါးရှဉ့်နဲ့ပုံသဏ္ဍာန် ဆင်တူတာကြောင့် လျှပ်စစ်ငါးရှဉ့်လို့လဲ ခေါ်ကြပါတယ်။ တစ်ကယ်တမ်းမှာတော့ သူတို့ဟာ Knife Fish မျိုးနွယ်ဝင်ငါးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ဟာ ရေချိုမှာနေထိုင်ကြတဲ့ငါးတွေဖြစ်ပြီး ဦးခေါင်းကတော့ ငါးခူနဲ့အနည်းငယ်ဆင်တူပါတယ်။ သူတို့တွေနဲ့ပတ်သက်ပြီး အထူးခြားဆုံးနဲ့လူသိအများဆုံးအချက်က လျှပ်စစ်ဓာတ်တွေထုတ်လွှတ်ပြီး သားကောင်တက်တာနဲ့ ရန်သူကိုကာကွယ်တက်ကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင်သူတို့နဲ့ပတ်သက်တဲ့ နောက်ထပ်စိတ်ဝင်စားဖွယ်အချက်တွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ လျှပ်စစ်ငါးတွေဟာ အရွယ်အစားအားဖြင့် (၂) မီတာလောက်ထိကြီးထွားနိုင်ကြပါတယ်။ အထီးတွေကတော့ အမတွေထက် (၃၅) စင်တီမီတာလောက် ပိုကြီးထွားကြပါတယ်။ shwekhitonlinetv.com

၂။ သူတို့ရဲ့အလေးချိန်ကတော့ ပျမ်းမျှအားဖြင့် (၂၀) ကီလိုဂရမ်လောက်အထိရှိကြပါတယ်။ သူတို့ကိုဖမ်းဖို့အတွက်တော့ အလွန်ခက်ခဲပါတယ်။ shwekhitonlinetv.com

၃။ လျှပ်စစ်ငါးတွေဟာ တစ်ခြားငါးမျိုးစိတ်တွေလိုမျိုး ပါးဟပ်မပါတာကြောင့် လေကိုရှုဖို့အတွက် ရေပေါ်ကို (၁၀) မိနစ်တစ်ခါလောက်တက်ပြီး အသက်ရှုကြရပါတယ်။ shwekhitonlinetv.com

၄။ အများအားဖြင့် လျှပ်စစ်ငါးတွေဟာ ဗို့အား (၆၀၀) ဝန်းကျင်လောက်ထိထုတ်လွှတ်နိုင်ကြပါတယ်။ နောက်ဆုံးတွေ့ရှိတဲ့ လျှပ်စစ်ငါးမျိုးစိတ်တစ်မျိုးကတော့ ဗို့အား (၈၆၀) လောက်ထိတောင်ထုတ်လွှတ်နိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၅။ လျှပ်စစ်ငါးအများစုကို တွေ့ရနိုင်တာကတော့ တောင်အမေရိကတိုက် ဘရာဇီးလ်နိုင်ငံ အမေဇုန်နဲ့ အော်ရီနိုကိုမြစ်ဝှမ်းတွေမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ဟာ စီးဆင်းနေတဲ့ရေရှင်ကို သဘောမကျကြဘဲ ငြိမ်သက်လုနီးပါးရေပြင်ကိုသာ သဘောကျကြပါတယ်။ shwekhitonlinetv.com

၆။ လျှပ်စစ်ငါးအထီးတွေဟာ ငါးအမတွေ ဥချဖို့အတွက်အသိုက်ကို ပြုလုပ်ဖန်တီးပေးတက်ကြပြီး အမတွေအနေနဲ့ တစ်ခါဥချလျှင် အနည်းဆုံးဥပေါင်း (၃၀၀၀) ဥချတက်ကျပါတယ်။ ဒါပေမယ့် တစ်ခြားလျှပ်စစ် ငါးတွေကတော့ ဥတွေနဲ့သားလောင်းပေါက်လေးတွေကို လာရောက်စားသောက်တက်ကြပါတယ်။ shwekhitonlinetv.com

၇။ လျှပ်စစ်ငါးအမတွေဟာ သူတို့ရဲ့သားပေါက်တွေအတွက် ပုစွန်၊ ဂဏန်းစတဲ့အကောင်တွေကို ဖမ်းဆီးကျွေးမွေးတက်ကြပြီး အနည်းငယ်အရွယ်ရောက်လာတဲ့အကောင်တွေကိုတော့ ကြွက်လိုမျိုး နို့တိုက်သတ္တဝါအသေးစားတွေကို ဖမ်းဆီးပြီး အစာအဖြစ်ကျွေးမွေးတက်ကြပါတယ်။ shwekhitonlinetv.com

၈။ လျှပ်စစ်ငါး တွေဟာကျောပြင်မှာ အညို၊ အနက်စတဲ့အရောင်တွေရှိပြီး ဝမ်းဗိုက်ကတော့ အဝါ၊ လိမ္မော်စတဲ့အရောက်တွေရှိတက်ကြပါတယ်။ လျှပ်စစ်ငါးတွေနဲ့ မျိုးရင်းနီးစပ်တာကတော့ ငါးခူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ လျှပ်စစ်ငါးတွေဟာ အများဆုံးအဖြစ် သက်တမ်း (၂၂) နှစ်အထိရှင်သန်နိုင်တဲ့ငါးတွေဖြစ်ပါတယ်။ နောက်ပြီးသူတို့ကိုဖမ်းဆီးရခက်ခဲတာကြောင့် မျိုးသုဉ်းဖို့အန္တရာယ်မရှိတဲ့ သတ္တဝါမျိုးစိတ်တစ်မျိုးဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။