ယောင်လို့တောင်မှ ရန်သွားမစသင့်တဲ့ ဘောလုံးအသင်းပရိသတ်များ

ဘောလုံးဆိုတာက ကွင်းတွင်းမှာတစ်ဖက်ကစားသမား (၁၁) ဦးစီရေကုန်ရေခမ်းယှဉ်ပြိုင်ကြတဲ့ ကစားနည်းတစ်မျိုးဖြစ်သလို ပွဲကိုလာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေအနေနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ရေကုန်ရေခမ်းအားပေးကြရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ဒီလိုအားပေးကြရာကနေ တစ်ဖက်နဲ့တစ်ဖက်မခံချင်အောင် လှောင်ပြောင်အားပေးရာကနေ လူအသေအပျောက်တွေပါရှိခဲ့တဲ့ ဘောလုံးပွဲစဉ်တွေကလည်း သမိုင်းတစ်လျောက်ပြန်ကြည့်မယ်ဆိုရင် မနည်းမနောပါပဲ။ shwekhitonlinetv.com

အခုတစ်ခေါက်မှာတော့ ရွှေခေတ်အားကစားပရိသတ်တွေအတွက် ပြိုင်ဘက်အသင်းပရိသတ်တွေကို အကြမ်းအဖက်ဆုံး ဘောလုံးအသင်းပရိသတ်တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com

ရိုးမား (အီတလီ)

အီတလီနိုင်ငံ ရောမမြို့ခံကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ရိုးမားအသင်းနဲ့လာဇီယိုအသင်းကတော့ ဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ နှစ်သင်းစလုံးဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ပြိုင်ဘက်အသင်းတွေလေးစားရတဲ့ ခြေစွမ်းခြေစမျိုးရှိတဲ့အသင်းကြီးတွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လာဇီယိုအသင်းထက် ရိုးမားအသင်းကပိုသာတဲ့ အချက်ကတော့ အတော်လေးကိုဆိုးသွမ်းလှတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရိုးမားအသင်းပရိသတ်တွေဟာ အိမ်ကွင်းအဝေးကွင်း၊ ပြည်တွင်းပြည်ပ မခွဲခြားပဲ သောင်းကျန်းတတ်တဲ့ ဖိုက်တာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

မီလ်ဝေါလ် (အင်္ဂလန်)

လက်ရှိ အင်္ဂလန်လိဂ်ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်နေတဲ့ လန်ဒန်မြို့ခံကလပ် မီလ်ဝေါလ်ကလည်း တစ်ချိန်ကတော်တော်ပြဿနာရှာတဲ့ ဘောလုံးအသင်းတစ်သင်းဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကရန်သူကတော့ လန်ဒန်မြို့ သိမ်းမြစ်ရဲ့တစ်ဖက်ကမ်းက ဝက်စ်ဟမ်းပရိသတ်တွေဖြစ်ပါတယ်။ သူတို့နှစ်သင်းဆုံတွေ့တဲ့ပွဲတွေမှာဆို နှစ်ဖက်ပရိသတ်တွေဟာ သမိုင်းတွင်အောင် ပွဲကြီးပွဲကောင်းတွေ နွှဲခဲ့ကြတာဖြစ်ပါတယ်။ ဘောလုံးပွဲပြီးသွားရင်မပြန်ဘဲ မြေအောက်ဘူတာရုံတွေမှာ စောင့်ကြိုပြီးပြိုင်ဘက်ပရိတ်သတ်တွေကို အိမ်ပြန်အမှတ်တရ လက်ဆောင်ပေးတက်လို့ တော်ရုံပရိသတ်တွေဟာ မီဝေါလ်ကွင်းကို လိုက်လံအားပေးခြင်းမရှိဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

စပါတာပရဂ် (ချက်)

စပါတာပရဂ်ကတော့ ချက်နိုင်ငံက ကလပ်အသင်းတစ်သင်းဖြစ်ပြီး တစ်ချိန်ကပြည်တွင်းမှာ ပြိုင်ဘက်ကင်းတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲတွေမှာလည်း ချက်နိုင်ငံကိုကိုယ်စားပြုပြီး အတော်လေးကို ခြေစွာခဲ့ဖူးတဲ့အသင်းပါ။ ဒါပေမယ့်သူတို့အသင်းဟာ ခြေစွာရုံသာမကဘဲ ပရိသတ်တွေကပါ ရန်စွာတတ်တဲ့အသင်းအဖြစ်လူသိများလှပါတယ်။ (၂၀၀၆) က စကော့တလန်ကလပ် ဟတ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာဆိုရင် ကွင်းထဲကို ဘယ်ကဘယ်လို သယ်ဆောင်လာမှန်းမသိတဲ့ ပန်းကန်လုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ အတော်လေးကို နာမည်ကြီးခဲ့ဖူးပါတယ်။ ပြည်တွင်းက မြို့ခံပြိုင်ဘက် ဆလားဗီးယားပရဂ် အသင်းနဲ့တွေ့ဆုံပြီဆိုရင်လည်း လုံခြုံရေးအပြည့်ချထားတာတောင် တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုပြဿနာတက်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတဲ့အထိ ဆိုးသွမ်းကြတဲ့ ပရိသတ်တွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ပါတီဇန် ဘဲလ်ဂရိတ် (ဆားဘီးယား)

ဆားဘီယားနိုင်ငံက ပါတီဇန်ဘဲဂရိတ် အသင်းရဲ့ပရိသတ်တွေကလည်းတကယ့်ကို ငဆိုးတွေဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ ရက်ဒ်စတားဘဲဂရိတ် နဲ့ ပွဲဆို ကွင်းထဲကဘောလုံးသမားတွေ့ရဲ့ယှဉ်ပြိုင်မှုထက် နှစ်ဖက်ပရိသတ် ဘာဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားနေရတယ်လို့ ဆိုစမှတ်ရှိပါတယ်။ (၂၀၀၉) ခုနှစ်တုန်းကလည်း ပြင်သစ်ကလပ် တူးလော့စ်အသင်းနဲ့ ဆုံတွေ့ရာမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး တူးလော့အသင်းရဲ့ပရိသတ်တစ်ယောက်ဟာ သူတို့လက်ချက်နဲ့ အသက်ပျောက်ခဲ့ရဖူးပါတယ်။ shwekhitonlinetv.com

ဂါလာတာစာရေး (တူရကီ)

တူရကီကလပ်အသင်းဖြစ်တဲ့ ဂါလာတာစာရေး အသင်းကတော့ အစ္စတန်ဘူလ်မြို့မှာအခြေစိုက်တဲ့ အသင်းဖြစ်ပါတယ်။ သူတို့အသင်းရဲ့ပရိသတ်တွေကတော့ ဆိုးသွမ်းမှုကြောင့်နာမည်ကြီးသလို ထူးထူးခြားခြား ဂင်းနစ်ကမ္ဘာ့စံချိန်တောင်တင်ထားတဲ့သူတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိသမျှဘောလုံး အသင်းတွေရဲ့ ပရိသတ်တွေထဲမှာ အားပေးတဲ့အသံအကျယ်လောင်ဆုံးအဖြစ် ဒီဘောလုံးလူရမ်းကားပရိသတ်တွေက ဂင်းနစ် ကမ္ဘာ့စံချိန်ကိုတင်ထားတာဖြစ်ပါတယ်။ နောက်ပြီး ကွင်းအတွင်းယူ ဆောင်ခွင့်မပြုတဲ့ မီးကျည်မီးပန်းတွေက သူတို့ရဲ့ အမှတ်သင်္ကေတတွေဖြစ်တယ်လို့ဆိုကြပါတယ်။ လုံခြုံရေးတွေဒီလောက် စစ်နေတဲ့ကြားမှာ ဘယ်ကနေဘယ်လို ယူလာကြသလဲတော့ မသိပါဘူး။ သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်အများစုကတော့ အဲ့ဒီလို မီးကျည်မီးပန်းတွေနဲ့ ရုတ်တရက်ဆို မီးလောင်နေသလားတောင်အောက်မေ့ရပါတယ်။ shwekhitonlinetv.com

အယ်မာဆရီ (အီဂျစ်)

ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးအသင်းတွေ့ရဲ့ ပရိသတ်တွေထဲမှာ သူတို့လောက်ဆိုးသွမ်းတဲ့ ပရိသတ်မရှိတာက ဂုဏ်ယူစရာတစ်ခုလို့ မှတ်ယူထားလားတော့ မပြောတက်ပါဘူး။ ဘာလို့လဲဆိုတော့ သောင်းကျန်းမှုတွေက လျော့နည်းပပျောက်မသွားဘဲ တစ်ဖြည်းဖြည်း ပိုမိုဆိုးရွားလာလို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၂) ခုနှစ်အတွင်းကဖြစ်ရပ်ကတော့ သူတို့ဘဝမှာ အကြီးကျယ်ဆုံးတိုက်ပွဲတစ်ခုအဖြစ် ပြန်ပြောင်းပြောဆိုလေ့ရှိ ကြပါတယ်။ အဲ့ဒါကတော့ ချန်ပီယံဆုအတွက်အဆုံးအဖြတ်ဖြစ်မယ့် အယ်လ်အာလီ အသင်းနဲ့ ဒါဘီပွဲစဉ်မှာ နှစ်ဖက်အသင်းပရိသတ်တွေဟာ ထိန်းမရခဲ့ဘဲ ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ အကြီးအကျယ် ခိုက်ရန်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ပရိသတ် (၇၉) ဦးသေဆုံးကာ (၁၀၀၀) ကျော်ဒဏ်ရာရရှိခဲ့တဲ့အထိ နှစ်ဖက်စလုံးအပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။