ငြို့အားပြင်း အလှနတ်မိမယ်တွေအများဆုံးရှိနေတဲ့ အားကစားနည်း (၁၀) မျိုး

ဒီကနေ့ ကမ္ဘာပေါ်မှာယှဉ်ပြိုင်လျှက်ရှိကြတဲ့ အားကစားနည်းကတော့ အတော်လေးကိုများပြားလှပါတယ်။ သင့်အနေနဲ့ ဘယ်အားကစားနည်းမှာ ရုပ်ဆင်းသွင်ပြင်ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးအားကစားသမားတွေအများဆုံး ရှိနေမလဲဆိုတာကို တွေးတောကြည့်ဖူးပါသလား ? shwekhitonlinetv.com

မတွေးတောကြည့်ဖူးရင်လည်းကိစ္စတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ အခုဖော်ပြမယ့်အကြောင်းအရာလေးမှာ ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအားကစားသမားတွေ အများဆုံးရှိတဲ့ အားကစားနည်းတွေကို ဖော်ပြပေးသွားမှာမို့လို့ပဲဖြစ်ပါတယ်။ ဘယ်အားကစားနည်းက မိန်းမချောလေးတွေအများဆုံးရှိပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေမလဲဆိုတာ ကြည့်လိုက်ကြရအောင် ….. shwekhitonlinetv.com

၁၀။ ဘတ်စကတ်ဘော (Basketball)

ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာစတင်ဖော်ပြခြင်းခံရတဲ့ အားကစားနည်းကတော့ ဘတ်စကတ်ဘောအားကစားနည်းပဲဖြစ်ပါတယ်။ အမေရိကန်က WBL လို ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောလိဂ်မှာ ကစားနေတဲ့ အမျိုးသမီးဘတ်စကတ်ဘောသမားတွေထဲမှာ ဆွဲဆောင်မှုရှိပြီး လှပချောမောတဲ့ ကစားသမားတွေအများအပြားရှိနေပါတယ်။ shwekhitonlinetv.com

၉။ ဂေါ့ဖ် (Golf)

ဂေါ့ဖ်အားကစားနည်းကတော့ ဒီစာရင်းရဲ့ နံပါတ် (၉) နေရာမှာရှိနေပါတယ်။ အမျိုးသမီးဂေါ့ဖ် ကစားသမားတွေထဲမှာ ဆွဲဆောင်မှုရှိပြီး ချောမောလှပတဲ့ မစ်ရှယ်ဝီလ် (Michelle Wie)လိုကစားသမားတော့ မြန်မာအားကစားပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ shwekhitonlinetv.com

၈။ ကျွမ်းဘား (Gymnastics)

ကျွမ်းဘားအားကစားနည်းက မိန်းကလေးတွေကတော့ အထူးသဖြင့်ခန္ဓာကိုယ်ကောက်ကြောင်းလှပပြီး ဆွဲဆောင်မှုရှိလွန်းတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ဒီစာရင်းရဲ့ အဆင့် (၈) နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ပြေးခုန်ပစ် (Track & Field)

ပြေးခုန်ပစ်အားကစားနည်းကတော့ ဒီစာရင်းရဲ့ အဆင့် (၇) နေရာမှာရှိပါတယ်။ ပြေးခုန်ပစ်မှာ Events တွေအများကြီးရှိပေမယ့် အထူးသဖြင့်တော့ တုတ်ထောက်ခုန်အားကစားနည်းမှာ နတ်မိမယ်တွေအများအပြား ရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ နှင်းလျှောစီး (Skiing)

နှင်းလျောစီးအားကစားနည်းကတော့ ဒီစာရင်းရဲ့ နံပါတ် (၆) နေရာမှာရပ်တည်နေပါတယ်။ လင်ဆေးဗွန်း (Linsey Vonn) လို ဆွဲဆောင်မှုရှိပြီး အောင်မြင်မှုတွေတသီတတန်းကြီး ရယူထားနိုင်တဲ့ကစားသမားမျိုးကတော့ ဒီကစားနည်းကို Promote လုပ်ဖို့အတွက် အကောင်းဆုံး မော်ဒယ်လ်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရေလွှာလျောစီး (Surfing)

ရေလွှာလျောစီးအားကစားနည်းကတော့ ဒီစာရင်းရဲ့အဆင့် (၅) နေရာမှာရှိနေပြီး နာမည်ကျော်အမျိုးသမီးရေလွှာလျောစီးမယ်တွေဖြစ်တဲ့ အယ်လန်နာ ဘလန့်ချက် (Alana Blanchard ), မာယာ ဂါဘီရာ (Maya Gabeira) , ကိုကိုး ဟို (Coco Ho) , ကွင်ချီ ဒေးဗစ် (Quincy Davis) , ဆေ့ အဲရစ်ဆင် (Sage Erickson) တို့ဟာ အားကစားမဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးရှင်အဖြစ်မကြာခဏ ဖော်ပြခံရသူတွေဖြစ်သလို အားကစားဝတ်စုံ Brand တွေရဲ့ ကြော်ငြာမော်ဒယ်တွေလည်းဖြစ်ကြပါတယ်။ shwekhitonlinetv.com

၄။ ရေခဲပြင်အလှပြစကိတ် (Figure Skating)

ရေခဲပြင်အလှပြစကိတ်ဆိုတဲ့အတိုင်း ကြည့်ရှုသူတွေကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ စည်းချက်ညီ စကိတ်ကကွက်တွေနဲ့ ဖျော်ဖြေရတာကြောင့် ဒီအားကစားနည်းကိုကစားတဲ့ အမျိုးသမီးအားကစားမယ်တွေ အားလုံးဟာ ရုပ်ရည်ပြေပြစ်ပြီး ခန္ဓာကိုယ်အချိုးအစားသွယ်လျသူတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီအားကစားနည်းက ဒီစာရင်းရဲ့ အဆင့် (၄) နေရာမှာရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ရေကူး (Swimming)

ရေကူးအားကစားနည်းက အမျိုးသမီးတွေကတော့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး အထူးလှပတာကြောင့်မို့လို့ ဒီစာရင်းရဲ့ အဆင့် (၃) နေရာမှာရှိနေတာဖြစ်ပါတယ်။ သူတို့ရဲ့အလှအပတွေကြောင့် အဖော်အချွတ်မဂ္ဂဇင်းတွေက ကမ်းလှမ်းတာခံရတဲ့သူတွေတောင်ရှိပါတယ်။ shwekhitonlinetv.com

၂။ တင်းနစ် (Tennis)

တစ်ချိန်က နာမည်ကျော်တင်းနစ်မယ်တစ်ဦးဖြစ်တဲ့ မာရီယာရှာရာပိုဗာ (Maria Sharapova) ကိုအားလုံးပဲမှတ်မိကြဦးမယ်ထင်ပါတယ်။ သူမအပြင် ကာရိုလိုင်း ဝေါ့ဇ်နီယာကီ (Caroline Wozniacki) , အန်နာ ကော်နီကိုဗာ (Anna Kouinikova ) စတဲ့ နာမည်ကျော်အလှနတ်သမီးတွေအများကြီး တင်းနစ်အားကစားနည်းမှာရှိနေပါတယ်။ ဒါကြောင့် ဒီအားကစားနည်းကိုတော့ အဆင့် (၂) အဖြစ်သတ်မှတ်ရခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ သဲသောင်ပြင်ဘော်လီဘော (Beach Volleyball)

စစ်တမ်းကောက်ယူမှုတွေအရတော့ ပုရိသပရိသတ်တွေအကြိုက်ဆုံးအားကစားနည်းက အမျိုးသမီးသဲသောင်ပြင်ဘော်လီဘောလို့သိရပါတယ်။ ဒီအားကစားနည်းက အမျိုးသမီးတွေကတော့ ပုရိသတွေအကြိုက်အချိုးအဆစ်တွေနဲ့ အားကစားဝတ်စုံကလည်း ဆွဲဆောင်မှုရှိလွန်းတာကြောင့် ဒီစာရင်းရဲ့ နံပါတ် (၁) နေရာမှာဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply