မတော်တဆဖြစ်ပြီး လျှပ်စစ်လူသားဖြစ်လာတဲ့ အမျိုးသား

လူတစ်ယောက်က လျှပ်စစ်စီးနေတဲ့ လျှပ်စစ်ဝါယာကြိုးတွေကို ဘာအကာအကွယ်မှမပါဘဲ လက်ဗလာနဲ့ကိုင်တာ မီးပလပ်ပေါက်တွေကို လက်ချောင်းတွေထိုးသွင်းတာ စတာတွေပြုလုပ်ပေမယ့် တစ်စုံတစ်ရာထိခိုက်မှု မရှိဘူးဆိုရင်သင်ယုံနိုင်ပါ့မလား ? shwekhitonlinetv.com

အတော်များများကတော့ ဒါဟာမဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ ထင်မှတ်ကြမှာဖြစ်ပေမယ့် ပါကစ္စတန်နိုင်ငံမှာတော့ အဲ့ဒီလိုမျိုးလူတစ်ယောက်ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ချို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့နာမည်ကိုတော့ Iqbal လို့ခေါ်ပြီး ပါကစ္စတန်နိုင်ငံ Sargodha မြို့မှာနေထိုင်ပါတယ်။ သူဟာ မိဘတွေရဲ့ လုပ်ငန်းဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်တဲ့ အသက် (၂၈) နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်ပြီး မွေးရာပါ ထူးခြားတဲ့စွမ်းရည်အချို့ကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး မတော်တဆမှုတစ်ခုကနေ သူ့မှာထူးခြားတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားတာကို သိရှိသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Iqbal က “ကျွန်တော့်အသက် (၁၀) နှစ် (၁၁) နှစ် သားအရွယ်လောက်မှာ လျှပ်စစ်စီးနေတဲ့ အိမ်ကမီးပလပ်ပေါက်တစ်ခုထဲကို ဆော့ကစားရင်း မတော်တဆ လက်ချောင်းသွားပြီးထိုးထည့်မိတယ်ဗျ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဘာတစ်စုံတစ်ရာမှ ခံစားခဲ့ရတာမျိုးမဖြစ်ခဲ့ဘူး။” လို့ ဆိုပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ဖခင်ဖြစ်တဲ့ Iqbal Gaziani ကလည်း “အဲ့ဒီအချိန်ကတည်းက သူ့ကိုထူးခြားမှုတစ်ခုခုရှိတယ်လို့ ကျွန်တော်ထင်ခဲ့တယ်ဗျ။ အဲ့ဒီနောက်ပိုင်းတော့် သူ ဝါယာကြိုးတွေကို ကိုင်တွယ်ဆော့ကစားတော့တာပါပဲ။ ကျွန်တော့်အထင်တော့ သူ့ခန္ဓာကိုယ်ထဲမှာလျှပ်စစ်ဓာတ်တစ်မျိုးမျိုးစီးနေတယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးသီးတွေဘာတွေ Join ထားတဲ့ဓာတ်ကြိုးတွေကို သူ့လက်နဲ့ကိုင်လိုင်ရင် မီးလင်းတယ်လေ” လို့ပြောပြခဲ့ပါတယ်။ shwekhitonlinetv.com

သူ့မှာ ဒီလိုထူးခြားမှုမျိုးရှိပေမယ့် ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကတော့ ပုံမှန်အတိုင်းဘဲ ဘာမှထူးခြားမှု မရှိလို့ ဆရာဝန်နဲ့ ပြသကြည့်တာမျိုးတော့တစ်ခါမှ မရှိခဲ့ဘူးလို့သိရပါတယ်။ အခုဆိုရင်တော့ သူဟာ အန္တရာယ်များတဲ့ လျှပ်စစ်ဓာတ်အားလိုင်း တိုင်တွေပေါ်ဓာတ်ကြိုးတက်ချိတ်တာတို့လိုမျိုး ကိစ္စတွေကို ရပ်ရွာအတွက် ကူညီလုပ်ကိုင်ပေးနေပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာ Iqbal ဟာ သူ့မိဘ၊ သူ့ညီမ သုံးယောက်နဲ့ အတူလယ်ယာလုပ်ကိုင်လျှက်ရှိပြီး အခွင့်အရေးပေးလာခဲ့ရင် လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်ချင်ကြောင်းကိုလည်း “လက်ရှိ လယ်ယာလုပ်ငန်းက တစ်ရက်ကို ဝင်ငွေ (၂) ဒေါ်လာလောက်ပဲရပါတယ်။ အချိန်ပြည့်လျှပ်စစ်ဝန်ထမ်းဖြစ်ရင်တော့ မိသားစုအတွက် ဝင်ငွေပိုရှာနိုင်မှာပါ။ ဒီအတွက်လိုအပ်တဲ့သင်တန်းတွေတက်ရောက်ဖို့ကိုတော့ ငွေကြေးမတက်နိုင်သေးပါဘူး။ တစ်ချိန်ကျရင်တော့ ကျွန်တော့်မှာရှိတဲ့ထူးခြားတဲ့ စွမ်းရည်ကိုသတိပြုမိကြပြီး အခွင့်အလမ်းတစ်ခု ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ Iqbal ကပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။